Connect with us

Hi, what are you looking for?

News

ဝင်ရေးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်ချီတက်ရာတစ်လျောက် ဒေသခံတွေကို ဖမ်းဆီးခေါ်ဆောင်

ကေအဲန်ယူ ဒူးပလာယာခရိုင် တပ်မဟာ ၆ ဝင်ရေးမြို့နယ် တံခွန်တိုင်ကျေးရွာရဲစခန်းနားမှာ KNLA နဲ့ စစ်ကောင်စီတပ်တို့အကြား ထိတွေ့ပစ်ခတ်မှုဖြစ်ပွားနေတာ နှစ်ရက်အတွင်းရှိပြီဖြစ်ပြီး မနေ့ညပိုင်းက စစ်ကောင်စီတပ်တွေက ကေအဲန်ယူထိန်းချုပ်နယ်မြေဖြစ်တဲ့ တောင်ကလေး လှာကဇိုင်းစတဲ့ကျေးရွာတွေဘက်မှာ တပ်အင်အားတွေပို့ဆောင်လာတာဖြစ်ပါတယ်။

ကေအဲန်ယူအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအားလုံးကို ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးဖို့ စစ်ကောင်စီက ဖိတ်ခေါ်နေစဉ်အတောအတွင်း KNLA တပ်မဟာ ၆ နယ်မြေအတွင်း စစ်ရေးလှုပ်ရှားမှုရှိလာပြီး တပ်ချီတက်လာရာလမ်းတစ်လျှောက်မှာ ဒေသခံအရပ်သားတွေကို ဖမ်းခေါ်သွားတာတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကေအဲန်ယူ ဒူးပလာယာခရိုင် တပ်မဟာ ၆ ဝင်ရေးမြို့နယ် တံခွန်တိုင်ကျေးရွာရဲစခန်းနားမှာ KNLA နဲ့ စစ်ကောင်စီတပ်တို့အကြား ထိတွေ့ပစ်ခတ်မှုဖြစ်ပွားနေတာ နှစ်ရက်အတွင်းရှိပြီဖြစ်ပြီး မနေ့ညပိုင်းက စစ်ကောင်စီတပ်တွေက ကေအဲန်ယူထိန်းချုပ်နယ်မြေဖြစ်တဲ့ တောင်ကလေး လှာကဇိုင်းစတဲ့ကျေးရွာတွေဘက်မှာ တပ်အင်အားတွေပို့ဆောင်လာတာဖြစ်ပါတယ်။

တပ်အင်အားတွေပို့ဆောင်လာတဲ့ စစ်ကောင်စီတပ်တွေဟာ ကျိုက်မရောမြို့နယ်အတွင်းမှာရှိတဲ့ ကဒါ တောင်ကလေး လှာကဇိုင်းကျေးရွာတွေကနေတစ်ဆင့် ခလယ်တံခွန်တိုင်ကျေးရွာဘက်ကို တောလမ်းကနေအတိုင်း ချီတက်လာနေပြီး ချီတက်လာရာလမ်းတစ်လျှောက်မှာ ရာဘာခြံအတွင်းက အလုပ်သမားတွေကို ဖမ်းဆီးခေါ်ဆောင်သွားတာတွေရှိနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

“တောင်ပေါ်ခြံတွေဘက်ရှောင်တဲ့သူတွေကို ဖမ်းခေါ်ပြီး လမ်းပြလုပ်ခိုင်းတာတွေ ဆယ်ဂဏန်းလောက်ရှိပြီ သိရသလောက်။ တက်လာတဲ့လမ်းတစ်လျှောက် အကုန်ဆွဲတာ”လို့ ဒေသခံတွေက ပြောကြပါတယ်။

Public Service Announcement

Public Service Announcement

တံခွန်တိုင်ကျေးရွာ ရဲစခန်းမှာအခြေချနေတဲ့ စစ်ကောင်စီတပ်ဟာ တံခွန်တိုင်နဲ့ နန်းသိုင်းထွန်းကျေးရွာတွေအပေါ် လက်နက်ကြီးပစ်ခတ်တာတွေလုပ်ဆောင်ခဲ့ပြီး အရပ်သားတချို့ ထိမှန်သေဆုံး ဒဏ်ရာရရှိသွားခဲ့ကာ နေအိမ်တချို့ ထိမှန်ပျက်စီးခဲ့သလို တံခွန်တိုင်ကျေးရွာတစ်ရွာလုံးနီးပါး တိမ်းရှောင်နေခဲ့ရတယ်လို့ သိရပါတယ်။

“အများစုကတော့ ရှောင်နေကြတယ်။ တော်တော်လေးရှောင်နေကြတယ်။ တချို့ပြည်သူတွေက နီးစပ်ရာအမျိုးတွေဆီရှောင်ကြတယ်။ တချို့လူတွေဆို နီးစပ်ရာနေရာ ဘေးလွတ်ရာကိုရှောင်ကြတယ်ပေါ့။ တံခွန်မှာတော့ လူတွေသိပ်မရှိကြတော့ဘူးပေါ့” လို့ ​ဒေသခံတစ်ဦးက ပြောပါတယ်။

တောင်ကလေး-ခလယ်တံခွန်တိုင်-တောင်ဒီး-ကျုံခဝန်-ဖားပြ ဝင်းရော်လမ်းမကြီး၊ သံဖြူဇရပ်-အနန်းကွင်း-ဘုရားသုံးဆူ အာရှလမ်းမကြီးနဲ့ သံဖြူဇရပ်-အဘစ်-ပုလိန်-တံခွန်တိုင်ကားလမ်းတစ်လျှောက်မှာ နေထိုင်တဲ့ ပြည်သူတွေအနေနဲ့ ဘေးကင်းရာကြိုရှောင်ကြဖို့ အထူးသတိထားကြဖို့ ကျေးရွာတစ်ရွာနဲ့တစ်ရွာက ဒေသခံတွေအချင်းချင်းကြား အသိပေးပြောဆိုကြတာတွေလည်း ရှိနေပါတယ်။

ကေအဲန်ယူ-ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေဖြစ်တဲ့ ဝင်းရေးမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားတာ နှစ်ရက်ရှိပြီဖြစ်သလို နို့တကောမြို့နယ်မှာလည်း ထိတွေ့ပစ်ခတ်မှုတွေဖြစ်ပွားနေပြီး ကျုံဒိုးမြို့နယ်နဲ့ ကော့ကရိတ်မြို့နယ်ဘက်ခြမ်းမှာလည်း စစ်ရေးပဋိပက္ခတွေ ဆက်ရှိနေတာဖြစ်ကာ စစ်ဘေးရှောင်နေရသူ သုံးသောင်းဝန်းကျင်ခန့် ရှိနေတာဖြစ်ပါတယ်။

စစ်ကောင်စီက အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးအတွက်ဆိုပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေကို စစ်ခေါင်းဆောင်က ကိုယ်တိုင်တွေ့ဆုံဖို့ ဖိတ်ထားထားပြီး တဖက်မှာ စစ်ရေးလှုပ်ရှားမှုလုပ်ဆောင်နေတဲ့အတွက် စစ်ကောင်စီခေါ်ဆိုနေတဲ့ ငြိမ်းချမ်းရေးဟာ ယုံကြည်လို့မရဘူးလို့ ကေအဲန်ယူခေါင်းဆောင်တွေက ပြောဆိုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းက စစ်ယာဉ်တန်းတိုက်ခံရတဲ့နေရာကို စစ်တပ်က အထိုင်စခန်းချပြီး ပြည်သူတွေကို ဖမ်းဆီးငွေညစ်နေတယ်လို့ မုံရွာမြို့နယ်သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

အာဏာသိမ်း စစ်တပ်အုပ်စိုးမှု ကာလအတွင်း မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း စာအုပ် ရေးသားခဲ့သူ အမေရိကန် နိုင်ငံသား တဦးကို စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။

သတင်း

မြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတဲ့ မြ၀တီမြို့မှာ မြို့သာယာလှပဖို့ဟုဆိုကာ စစ်အုပ်စုက တောင်းရမ်းသူ‌တွေကို ဖမ်းဆီးပြီး မြို့ပြင်ထုတ် နယ်နှင်ဒဏ်ပေးလိုက်တယ်လို့ သတင်းရရှိပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်ကနေ စက်သုံးဆီနဲ့ စက်ပစ္စည်းတွေတင်လာတဲ့​လှေ တစ်စီးဟာရမ်းဗြဲမြို့နယ်၊မင်းကြောင်းချောင်းရွာအနီး ပင်လယ်ပြင်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရပြီး ​လှေပေါ် ပါလာသူ ခုနစ်ဦးပါ ထိန်းသိမ်းခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။