Connect with us

Hi, what are you looking for?

LuduNwayOo

News

ဝင်ရေးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်ချီတက်ရာတစ်လျောက် ဒေသခံတွေကို ဖမ်းဆီးခေါ်ဆောင်

ကေအဲန်ယူ ဒူးပလာယာခရိုင် တပ်မဟာ ၆ ဝင်ရေးမြို့နယ် တံခွန်တိုင်ကျေးရွာရဲစခန်းနားမှာ KNLA နဲ့ စစ်ကောင်စီတပ်တို့အကြား ထိတွေ့ပစ်ခတ်မှုဖြစ်ပွားနေတာ နှစ်ရက်အတွင်းရှိပြီဖြစ်ပြီး မနေ့ညပိုင်းက စစ်ကောင်စီတပ်တွေက ကေအဲန်ယူထိန်းချုပ်နယ်မြေဖြစ်တဲ့ တောင်ကလေး လှာကဇိုင်းစတဲ့ကျေးရွာတွေဘက်မှာ တပ်အင်အားတွေပို့ဆောင်လာတာဖြစ်ပါတယ်။

ကေအဲန်ယူအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအားလုံးကို ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးဖို့ စစ်ကောင်စီက ဖိတ်ခေါ်နေစဉ်အတောအတွင်း KNLA တပ်မဟာ ၆ နယ်မြေအတွင်း စစ်ရေးလှုပ်ရှားမှုရှိလာပြီး တပ်ချီတက်လာရာလမ်းတစ်လျှောက်မှာ ဒေသခံအရပ်သားတွေကို ဖမ်းခေါ်သွားတာတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကေအဲန်ယူ ဒူးပလာယာခရိုင် တပ်မဟာ ၆ ဝင်ရေးမြို့နယ် တံခွန်တိုင်ကျေးရွာရဲစခန်းနားမှာ KNLA နဲ့ စစ်ကောင်စီတပ်တို့အကြား ထိတွေ့ပစ်ခတ်မှုဖြစ်ပွားနေတာ နှစ်ရက်အတွင်းရှိပြီဖြစ်ပြီး မနေ့ညပိုင်းက စစ်ကောင်စီတပ်တွေက ကေအဲန်ယူထိန်းချုပ်နယ်မြေဖြစ်တဲ့ တောင်ကလေး လှာကဇိုင်းစတဲ့ကျေးရွာတွေဘက်မှာ တပ်အင်အားတွေပို့ဆောင်လာတာဖြစ်ပါတယ်။

တပ်အင်အားတွေပို့ဆောင်လာတဲ့ စစ်ကောင်စီတပ်တွေဟာ ကျိုက်မရောမြို့နယ်အတွင်းမှာရှိတဲ့ ကဒါ တောင်ကလေး လှာကဇိုင်းကျေးရွာတွေကနေတစ်ဆင့် ခလယ်တံခွန်တိုင်ကျေးရွာဘက်ကို တောလမ်းကနေအတိုင်း ချီတက်လာနေပြီး ချီတက်လာရာလမ်းတစ်လျှောက်မှာ ရာဘာခြံအတွင်းက အလုပ်သမားတွေကို ဖမ်းဆီးခေါ်ဆောင်သွားတာတွေရှိနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

“တောင်ပေါ်ခြံတွေဘက်ရှောင်တဲ့သူတွေကို ဖမ်းခေါ်ပြီး လမ်းပြလုပ်ခိုင်းတာတွေ ဆယ်ဂဏန်းလောက်ရှိပြီ သိရသလောက်။ တက်လာတဲ့လမ်းတစ်လျှောက် အကုန်ဆွဲတာ”လို့ ဒေသခံတွေက ပြောကြပါတယ်။

Public Service Announcement

Public Service Announcement

တံခွန်တိုင်ကျေးရွာ ရဲစခန်းမှာအခြေချနေတဲ့ စစ်ကောင်စီတပ်ဟာ တံခွန်တိုင်နဲ့ နန်းသိုင်းထွန်းကျေးရွာတွေအပေါ် လက်နက်ကြီးပစ်ခတ်တာတွေလုပ်ဆောင်ခဲ့ပြီး အရပ်သားတချို့ ထိမှန်သေဆုံး ဒဏ်ရာရရှိသွားခဲ့ကာ နေအိမ်တချို့ ထိမှန်ပျက်စီးခဲ့သလို တံခွန်တိုင်ကျေးရွာတစ်ရွာလုံးနီးပါး တိမ်းရှောင်နေခဲ့ရတယ်လို့ သိရပါတယ်။

“အများစုကတော့ ရှောင်နေကြတယ်။ တော်တော်လေးရှောင်နေကြတယ်။ တချို့ပြည်သူတွေက နီးစပ်ရာအမျိုးတွေဆီရှောင်ကြတယ်။ တချို့လူတွေဆို နီးစပ်ရာနေရာ ဘေးလွတ်ရာကိုရှောင်ကြတယ်ပေါ့။ တံခွန်မှာတော့ လူတွေသိပ်မရှိကြတော့ဘူးပေါ့” လို့ ​ဒေသခံတစ်ဦးက ပြောပါတယ်။

တောင်ကလေး-ခလယ်တံခွန်တိုင်-တောင်ဒီး-ကျုံခဝန်-ဖားပြ ဝင်းရော်လမ်းမကြီး၊ သံဖြူဇရပ်-အနန်းကွင်း-ဘုရားသုံးဆူ အာရှလမ်းမကြီးနဲ့ သံဖြူဇရပ်-အဘစ်-ပုလိန်-တံခွန်တိုင်ကားလမ်းတစ်လျှောက်မှာ နေထိုင်တဲ့ ပြည်သူတွေအနေနဲ့ ဘေးကင်းရာကြိုရှောင်ကြဖို့ အထူးသတိထားကြဖို့ ကျေးရွာတစ်ရွာနဲ့တစ်ရွာက ဒေသခံတွေအချင်းချင်းကြား အသိပေးပြောဆိုကြတာတွေလည်း ရှိနေပါတယ်။

ကေအဲန်ယူ-ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေဖြစ်တဲ့ ဝင်းရေးမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားတာ နှစ်ရက်ရှိပြီဖြစ်သလို နို့တကောမြို့နယ်မှာလည်း ထိတွေ့ပစ်ခတ်မှုတွေဖြစ်ပွားနေပြီး ကျုံဒိုးမြို့နယ်နဲ့ ကော့ကရိတ်မြို့နယ်ဘက်ခြမ်းမှာလည်း စစ်ရေးပဋိပက္ခတွေ ဆက်ရှိနေတာဖြစ်ကာ စစ်ဘေးရှောင်နေရသူ သုံးသောင်းဝန်းကျင်ခန့် ရှိနေတာဖြစ်ပါတယ်။

စစ်ကောင်စီက အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးအတွက်ဆိုပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေကို စစ်ခေါင်းဆောင်က ကိုယ်တိုင်တွေ့ဆုံဖို့ ဖိတ်ထားထားပြီး တဖက်မှာ စစ်ရေးလှုပ်ရှားမှုလုပ်ဆောင်နေတဲ့အတွက် စစ်ကောင်စီခေါ်ဆိုနေတဲ့ ငြိမ်းချမ်းရေးဟာ ယုံကြည်လို့မရဘူးလို့ ကေအဲန်ယူခေါင်းဆောင်တွေက ပြောဆိုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။