Connect with us

Hi, what are you looking for?

သတင်း

မင်းအောင်လှိုင်နဲ့ အလွမ်းသင့်နေတယ်လို့ ဝန်ကြီးချုပ်ပယာရွတ်သ်ကို ထိုင်းအတိုက်အခံခေါင်းဆောင် ဝေဖန်

သန်နာသွန်ဂျွမ်ဂရွန်ဂရူရန်ကစ်က မြန်မာနိုင်ငံက စစ်တပ် အာဏာသိမ်းမှုဟာ ၂၀၁၄ တုန်းက ထိုင်းမှာ ဖြစ်ပွားခဲ့တဲ့ စစ်တပ် အာဏာသိမ်းမှုရဲ့ လွှမ်းမိုးမှုတွေ ပါဝင်နေတယ်လို့ ပြောပါတယ်။ အဲဒီတုန်းက ထိုင်းစစ်တပ် အကြီးအကဲအဖြစ် တာဝန်ယူခဲ့သူ ပယာရွတ်သ်က အာဏာသိမ်းမှုကို ဦးဆောင်ခဲ့တာပါ။

ထိုင်းအတိုက်အခံ​ခေါင်းဆာင် သန်နာသွန်ဂျွမ်ဂရွန်ဂရူရန်ကစ် ဓါတ်ပုံ-Getty Images
ထိုင်းအတိုက်အခံ​ခေါင်းဆာင် သန်နာသွန်ဂျွမ်ဂရွန်ဂရူရန်ကစ် ဓါတ်ပုံ-Getty Images

ထိုင်းနိုင်ငံရဲ့ ထင်ရှားတဲ့ အတိုက်အခံခေါင်းဆောင်တစ်ဦးက မြန်မာ စစ်ကောင်စီကိုအားပေးထောက်ခံနေတဲ့ဝန်ကြီးချုပ်ပယာရွတ်သ် ချန်အိုချာကို အပြင်းအထန် ရှုတ်ချပြီး မြန်မာ ပြည်သူတွေနဲ့အတူ ရပ်တည်ကြောင်းပြောကြားခဲ့ပါတယ်။

သန်နာသွန်ဂျွမ်ဂရွန်ဂရူရန်ကစ်က မြန်မာနိုင်ငံက စစ်တပ် အာဏာသိမ်းမှုဟာ ၂၀၁၄ တုန်းက ထိုင်းမှာ ဖြစ်ပွားခဲ့တဲ့ စစ်တပ် အာဏာသိမ်းမှုရဲ့ လွှမ်းမိုးမှုတွေ ပါဝင်နေတယ်လို့ ပြောပါတယ်။ အဲဒီတုန်းက ထိုင်းစစ်တပ် အကြီးအကဲအဖြစ် တာဝန်ယူခဲ့သူ ပယာရွတ်သ်က အာဏာသိမ်းမှုကို ဦးဆောင်ခဲ့တာပါ။

အခုအခါမှာ ဖျက်သိမ်း ခံခဲ့ရပြီးဖြစ်တဲ့ ထိုင်းနိုင်ငံရေးပါတီ FFPရဲ့ အကြီးအကဲ ဖြစ်ခဲ့သူ သန်နာသွန်က တကယ်လို့ ၂၀၁၄ မှာ ထိုင်းအာဏာသိမ်းမှုသာ မရှိခဲ့ရင် မြန်မာနိုင်ငံမှာလည်း နောက် ၇ နှစ်အကြာမှာ အာဏာသိမ်းမှု ဖြစ်လာနိုင်ခြေ နည်းလွန်းတယ်လို့ သုံးသပ်ပါတယ်။

၂၀၁၄ ထိုင်းအာဏာသိမ်းတာမှာဦး​ဆောင်ခဲ့တဲ့ထိုင်းဝန်ကြီးချုပ်နဲ့ မြန်မာအာဏာသိမ်းစစ်​ခေါင်း​ဆောင် (ပုံအ​ဟောင်း)
ဓါတ်ပုံ-AFP
၂၀၁၄ ထိုင်းအာဏာသိမ်းတာမှာဦး​ဆောင်ခဲ့တဲ့ထိုင်းဝန်ကြီးချုပ်နဲ့ မြန်မာအာဏာသိမ်းစစ်​ခေါင်း​ဆောင် (ပုံအ​ဟောင်း) ဓါတ်ပုံ-AFP

သူက အာဏာသိမ်း စစ်ခေါင်းဆောင်ဘဝကနေဝန်ကြီးချုပ်အဖြစ် ပြောင်းလဲလာတဲ့ ပယာရွတ်သ်ကိုလည်းတရုတ် အစိုးရနဲ့မြန်မာစစ်ကောင်စီအပေါ် နွေးထွေးလွန်းတာနဲ့ပတ်သက်လို့ ဝေဖန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

Nikkei Asia သတင်းဌာနနဲ့ အင်တာဗျူးမှာ သူကတရုတ်ကို ဆန့်ကျင်ပြီး သီးခြား ရပ်တည်လို့တဲ့ ထိုင်ဝမ်ရဲ့ အားထုတ်မှုတွေကို ထောက်ခံခဲ့သလို မြန်မာ့တော်လှန်ရေးလှုပ်ရှားမှုတွေကိုလည်း အတတ်နိုင်ဆုံး အားပေး ကူညီသွားမယ်လို့ ပြောခဲ့ပါတယ်။

သူက မြန်မာ့ အရေးနဲ့ ပတ်သက်လို့လည်း မြန်မာ ပြည်သူတွေအတွက်လိုအပ်တဲ့လူသားချင်းစာနာမှုဆိုင်ရာအထောက်အပံ့တွေကို နိုင်ငံတကာ ပေးပို့နိုင်ဖို့ စင်္ကြန်လမ်းကြောင်းတွေ စီစဉ်ဖွင့်လှစ်မပေးတဲ့ထိုင်းအစိုးရကိုဝေဖန်ခဲ့ပါတယ်။

ထိုင်းအစိုးရဟာမြန်မာစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုပဲ ကူညီထောက်ခံနေကြောင်း၊ ဝမ်းနည်းစရာ ကောင်းတာက ဒါဟာ ထိုင်းပြည်သူတွေရဲ့ သဘောထား ဆန္ဒ မဟုတ်ကြောင်းသူကဆိုပါတယ်။ တကယ်လို့မေလရွေးကောက်ပွဲမှာ ထိုင်းရဲ့ ဒီမိုကရေစီ အင်အားစုတွေသာ ပူးပေါင်းပြီး အနိုင်ရခဲ့မယ် ဆိုရင်တော့ မြန်မာ ပြည်သူတွေက စစ်အာဏာရှင်ကို ဖြုတ်ချပြီး ဒီမိုကရေစီ ပြန်ရဖို့ အားထုတ်မှုတွေမှာထိုင်းနိုင်ငံ အနေနဲ့ထဲထဲဝင်ဝင် အကူအညီပေးနိုင်မှာဖြစ်ကြောင်းလည်း သူကဆက်ပြောပါတယ်။

မြန်မာနဲ့ ထိုင်းကြားမှာ စီးပွားရေးအရ နီးကပ်တဲ့ ဆက်ဆံရေးတွေ ရှိနေကြောင်း၊ မြန်မာနိုင်ငံသား တစ်သန်းကျော်လောက်ဟာ ထိုင်းနိုင်ငံရဲ့ ကွဲပြားတဲ့ နယ်ပယ်တွေမှာ ရောက်ရှိ နေထိုင်နေကြသလို နယ်ခြား ကုန်သွယ်ရေး ပမာဏကလည်း ကြီးမားကြောင်း၊ ဒီအခြေအနေတွေအပေါ် မူတည်ပြီး မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ငြိမ်းချမ်းစွာ ကူးပြောင်းရေးအတွက် ကူညီပေးနိုင်မယ်လို့ ယုံကြည်ကြောင်း သန်နာသွန်က ဆိုပါတယ်။

တကယ်တော့ ဒီကိစ္စတွေဟာ ထိုင်းအစိုးရ ပါဝင်ဆောင်ရွက်နိုင်တဲ့ အရာတွေဖြစ်ပြီး လက်တွေ့အနေနဲ့ ပယာရွတ်သ်က စိတ်မဝင်စားလို့ မျက်ကွယ် ပြုထားတာသာ ဖြစ်တယ်လို့လည်း သူက စွပ်စွဲ ပြောကြားသွားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ မှာဘန်ကောက်မြို့က စစ်ကောင်စီသံရုံးကို နှင်းဆီပန်း ၈၁ ပွင့် သွားရောက်ပေးတဲ့ တက်ကြွလှုပ်ရှားသူ ကိုနေရှိုင်းကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

သတင်း

ဇွန်-၁၈၊၂၀၂၆။ )ဒီဒီး/People’s Spring ထိုင်းနိုင်ငံမှာ အခု ဇွန်လအတွင်း မြန်မာလုပ်သားတွေ စစ်ဆေးဖမ်းဆီးခံရမှု ခပ်စိတ်စိတ်ဖြစ်နေတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။ အရင်က နယ်စပ်ဝင်ပေါက်တွေကနေ တရားမဝင် ဝင်ရောက်လာသူတွေကို ရှာဖွေဖမ်းဆီးနေရာက လက်တလောမှာ ထိုင်းအာဏာပိုင်တွေက လုပ်ငန်းခွင်တွေအထိပါ စစ်ဆေးဖမ်းဆီးနေတာလို့ ဆိုပါတယ်။ ဇွန်လ ၁၆ရက်မှာ...

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

အပြောင်းအရွှေ့ အမိန့်နဲ့ ပတ်သက်ပြီး မကျေနပ်တဲ့ ထိုင်းစစ်သား တစ်ဦးက အထက်အရာရှိကို ပစ်သတ်ခဲ့ကြောင်း သိရပါတယ်။