Connect with us

Hi, what are you looking for?

သတင်း

ပေါင်းတည်မြို့နယ် ရုပ်ဆိုင်ရွာအနီး စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ပြည်ခရိုင် PDF တိုက်ခိုက်

အလားတူ ယင်းနေ့ညနေ ၄ နာရီခန့်တွင် မိုင်းကွင်းအတွင်းဝင်လာသော အထက်ပါစစ်ကြောင်းအား ဒုတိယအကြိမ်အဖြစ် ပဒေသာမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်မှ ငါးဦးခန့်ထိခိုက်ဒဏ်ရာရသွားကြောင်း ဖော်ပြသည်။

ဓာတ်ပုံ - ရိုးမအတွင်း တိုက်ပွဲဝင်နေသော ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦး
ဓာတ်ပုံ - ရိုးမအတွင်း တိုက်ပွဲဝင်နေသော ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦး

▪️စစ်ကောင်စီတပ်သား ရှစ်ဦးထက်မနည်းထိခိုက်

ပဲခူးတိုင်း ပေါင်းတည်မြို့နယ် ရုပ်ဆိုင်ကျေးရွာအနီး စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ပြည်ခရိုင် PDF တပ်ရင်း (၃၆၀၁)၊ တပ်ခွဲ (၃)က မိုင်းဖြင့်နှစ်ကြိမ် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲက ယနေ့(နိုဝင်ဘာ ၁၄)က ထုတ်ပြန်သည်။

ပြည်ခရိုင် ၊ ပေါင်းတည်မြို့၊ ရုပ်ဆိုင်ရွာ ရိုးမအစပ်ထိ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်‌ကောင်စီတပ်ဖွဲ့ဝင် အင်အား ၅၀ဦးခန့်အား နိုဝင်ဘာ ၁၂ ရက်ညနေ ၃ နာရီ ၂၀ခန့်က စစ်တပ် ရှေ့ကင်းပွိုင့်အား ပထမအကြိမ် ပဒေသာမိုင်းဖြင့် စောင့်ကြိုတိုက်ခိုက်ခဲ့ရာ အနည်းဆုံး စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

အလားတူ ယင်းနေ့ညနေ ၄ နာရီခန့်တွင် မိုင်းကွင်းအတွင်းဝင်လာသော အထက်ပါစစ်ကြောင်းအား ဒုတိယအကြိမ်အဖြစ် ပဒေသာမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်မှ ငါးဦးခန့်ထိခိုက်ဒဏ်ရာရသွားကြောင်း ဖော်ပြသည်။

“အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ သေဆုံးမှုရှိနိုင်ပြီး အတည်ပြုစုံစမ်းလျက်ရှိသည်”ဟု ထုတ်ပြန်ချက်က ဆိုသည်။

Public Service Announcement

Public Service Announcement

ပဲခူးတိုင်းစစ်ဒေသခွဲအောက်ရှိသည့် သာယာဝတီခရိုင် PDF နှင့် တောင်ငူခရိုင် PDF တို့ကလည်း နိုင်ဝင်ဘာ ၄ ရက်မှ ၁၁ ရက်အထိ စစ်ကောင်စီတပ်အား ဆက်လက် တိုက်ခိုက်ခဲ့ပြီး အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ခုနစ်ဦးထက်မနည်းသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ