Connect with us

Hi, what are you looking for?

သတင်း

ပေါင်းတည်မြို့နယ်မှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ရှင်းလင်းခံရ

အထက်ပါ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး သောင်းစိန် သည် PPDF မှ သေနတ်ဖြင့် သုံးချက်ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာတင်ပွဲချင်းပြီး သေဆုံးသွားသည်ဟု ဆိုသည်။

ပေါင်းတည်မြို့နယ်မှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ရှင်းလင်းခံရ
ပေါင်းတည်မြို့နယ်မှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း ပေါင်းတည်မြို့နယ် ဇီးပင်လှကျေးရွာမှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး သောင်းစိန် (ခ)စိန်ခေါ်သံဆိုသူအား ပစ်ခတ်ရှင်းလင်းလိုက် ကြောင်း သာယာဝတီခရိုင် တပ်ရင်း (၃၈၀၁)၊ တပ်ခွဲ (၃)၊ တပ်စု (၇) ပေါင်းတည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PPDF)က ထုတ်ပြန် သည်။

ယမန်နေ့ (စက်တင်ဘာ ၁ ရက်) ညနေ ၅ နာရီ ၅၀ ခန့်က ပေါင်းတည်နယ်၊ နွားခြံကုန်းအုပ်စု၊ ဇီးပင်လှကျေးရွာ အုပ်ချုပ်ရေးမှူး သောင်းစိန် ဆိုသူအား ပေါင်းတည် PPDF မှ သုတ်သင်ရှင်းလင်းခဲ့ကြောင်း ဖော်ပြသည်။

အထက်ပါ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး သောင်းစိန် သည် PPDF မှ သေနတ်ဖြင့် သုံးချက်ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာတင်ပွဲချင်းပြီး သေဆုံးသွားသည်ဟု ဆိုသည်။

​​သောင်းစိန်သည် လောင်းကစားဝိုင်းများပြုလုပ် ခြင်း၊ ပြည်သူများကို PDF များနှင့် မပတ်သက်ရန် ခြိမ်းခြောက်ခြင်း၊ ဖိအားပေးခြင်းတို့အပြင် စစ်ကောင်စီ၏အမာခံဒေါက်တိုင်ဖြစ်သဖြင့် Paungde People Defense Force-PPDF တပ်ရင်း (၃၆၀၁) တပ်ခွဲ(၃) တပ်စု(၇) မှ ပစ်ခတ် သုတ်သင်ရှင်းလိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

မန္တလေးတိုင်း၊ မိတ္တီလာမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဖို့ လူငယ်တွေအမြန်ပို့ဖို့ တောင်းခံပြီးနောက် စစ်မှုထမ်း လူစုပေးနေတဲ့ အုပ်ချုပ်ရေးမှူးနဲ့ညီဖြစ်သူတို့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။