Connect with us

Hi, what are you looking for?

သတင်း

အရာတော် – မုံရွာလမ်းပိုင်း ဖြတ်သန်းခွင့်ယာယီပိတ်

ယနေ့ (အောက်တိုဘာ၁၅ရက်) နံနက်ပိုင်းမှစပြီး အရာတော် – မုံရွာလမ်းပိုင်းအား ထပ်မံကြေညာချက်မထုတ်မပြန်မချင်း သွားလာအသုံးပြုခြင်း ရပ်နားထားပေးပါရန် အရာတော်(ပကဖ)က အသိပေးသည်။

မုံရွာ - အရာတော်လမ်းပိုင်းရှိ အရာတော်မြို့အဝင်နေရာ၊ ဓာတ်ပုံ-Cj
မုံရွာ - အရာတော်လမ်းပိုင်းရှိ အရာတော်မြို့အဝင်နေရာ၊ ဓာတ်ပုံ-Cj

စစ်ကိုင်းတိုင်း၊ အရာတော် – မုံရွာလမ်းပိုင်းအား ယနေ့နံနက်ပိုင်းမှ စတင်ကာ ဖြတ်သန်းခွင့်ယာယီပိတ်ထားလိုက်ကြောင်း အရာတော်မြို့နယ် ပြည်သူ့ကာကွယ် ရေးအဖွဲ့က ထုတ်ပြန်ကြေညာသည်။

ယနေ့ (အောက်တိုဘာ၁၅ရက်) နံနက်ပိုင်းမှစပြီး အရာတော် – မုံရွာလမ်းပိုင်းအား ထပ်မံကြေညာချက်မထုတ်မပြန်မချင်း သွားလာအသုံးပြုခြင်း ရပ်နားထားပေးပါရန် အရာတော်(ပကဖ)က အသိပေးသည်။

အရာတော် – မုံရွာလမ်းပေါ်တွင် စစ်ကောင်စီ တပ်သားများသည် ကမ်းပြူချောင်းတဝိုက်နှင့်ကျွန်းဖိုပင်ရွာတွင် ရောက်ရှိနေသည်။

ထို့အပြင် မုံရွာမြို့ဘက်အခြမ်းတွင်လည်း တားဆီးစစ်ဆေးမှုများရှိနေကြောင်း အရာတော် (ပကဖ)က သတိပေးသည်။

Public Service Announcement

Public Service Announcement

သို့သော် မဖြစ်မနေ သွားလာကြရမည့် ပြည်သူ များအနေဖြင့် စစ်ကောင်စီကားများ၊ ယာဉ်တန်းများဖြင့်ကပ်လိုက်ခြင်းမပြုရန်၊ မိုးကာအုပ်၍ မောင်းနှင်ခြင်းမပြုရန်နှင့် စစ်ကောင်စီတပ်သားများ၏ လှုပ်ရှားမှုများ( ကင်းပုန်းများ၊ ဦးတည်ရွေ့လျားမှုများ၊ ချောဆွဲခံ‌နေရသော ကားနံပါတ် ၊ အမျိုးအစားအရောင် စသည်ဖြင့်) တွေ့ရှိခဲ့ပါက တော်လှန်ရေး ရဲဘော်များထံ သတင်းပေးပို့ခြင်းဖြင့် ကူညီပေးပါရန် အရာတော်ပကဖအဖွဲ့က မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းက ယင်းမာပင်နဲ့ အရာတော်မြို့နယ်မှာ ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေက စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၂၀) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ချင်းတွင်းမြစ်အတွင်းမှာ စက်လှေတိမ်းမှောက်ပြီး အလုပ်ပြန် သင်္ဘောကျင်းလုပ်သား ၅ ဦး ပျောက်ဆုံးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မုံရွာမြို့မှာ အာဏာသိမ်း စစ်တပ်နဲ့ ရဲတွေက ၆ ရက်အတွင်း လူငယ်နဲ့ လူလတ်ပိုင်း ၁၈၀ ကျော်ကို ပေါ်တာဆွဲဖမ်းဆီးပြီး အနောက်မြောက် တိုင်းစစ်ဌာနချုပ် (နမခ) အတွင်း ပို့ဆောင်လိုက်ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အရာတော်မြို့နယ်၊ကံရင်းရွာ စစ်တပ်က ဂျိုင်ရို ကော်ပတာ ၃ စီးနဲ့ ဗုံးကြဲခဲ့တာ​ကြောင့် ကိုယ်ဝန်​ဆောင်အမျိုးသမီးနဲ့ဗိုက်ထဲ သမီးငယ် အပါအဝင် ၄ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။