Connect with us

Hi, what are you looking for?

News

ဖမ်းဆီးပြီး တစ်ရက်အကြာတွင် ဟံသာဝတီယူနိုက်တက် ကစားသမား ရန်နိုင်အောင်ပြန်လွတ်

ရန်နိုင်အောင်က နိုင်ငံရေးကိစ္စကြောင့် ဖမ်းခံရတာ မဟုတ်ပါဘူး။ ရပ်ကွက်ထဲမှာ လူငယ်ချင်းရန်ဖြစ်ပြီး တစ်ဖက်က တိုင်လိုက်တဲ့အတွက် မနေ့က ဖမ်းခံရတာပါ။

ယမန်နေ့က အကြမ်းဖက်စစ်ကောင်စီ၏ ဖမ်းဆီးခံရခဲ့ရသည့် ဟံသာဝတီ ယူနိုက်တက်ကစားသမား ရန်နိုင်အောင် ယနေ့ (စက်တင်ဘာ ၅ ရက်)တွင် ပြန်လွတ် မြောက်ခဲ့ကြောင်း ၎င်းနှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။

“ရန်နိုင်အောင်က နိုင်ငံရေးကိစ္စကြောင့် ဖမ်းခံရတာ မဟုတ်ပါဘူး။ ရပ်ကွက်ထဲမှာ လူငယ်ချင်းရန်ဖြစ်ပြီး တစ်ဖက်က တိုင်လိုက်တဲ့အတွက် မနေ့က ဖမ်းခံရတာပါ။ ဒီနေ့တော့ အားလုံးညှိနှိုင်းပြီး ပြန်လွတ်လာပါပြီ။ ဒီကလေးက နိုင်ငံရေးနဲ့ပတ်သက်တဲ့ ဘာကိစ္စမှ မရှိပါဘူး ” ဟု ရန်နိုင်အောင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ရန်နိုင်အောင်သည် မြန်မာနေရှင်နယ်လိဂ်ကလပ်ဟံသာဝတီယူနိုက်တက်အသင်း၏ ကစားသမားတစ်ဦး ဖြစ်ပြီး စက်တင်ဘာ ၄ရက် နေ့လည်ပိုင်းက ၎င်း၏နေအိမ်၌ စစ်ကောင်စီ၏ ဖမ်းဆီးခံရခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။

Facebook