Connect with us

Hi, what are you looking for?

LuduNwayOo

News

ဖမ်းဆီးပြီး တစ်ရက်အကြာတွင် ဟံသာဝတီယူနိုက်တက် ကစားသမား ရန်နိုင်အောင်ပြန်လွတ်

ရန်နိုင်အောင်က နိုင်ငံရေးကိစ္စကြောင့် ဖမ်းခံရတာ မဟုတ်ပါဘူး။ ရပ်ကွက်ထဲမှာ လူငယ်ချင်းရန်ဖြစ်ပြီး တစ်ဖက်က တိုင်လိုက်တဲ့အတွက် မနေ့က ဖမ်းခံရတာပါ။

ယမန်နေ့က အကြမ်းဖက်စစ်ကောင်စီ၏ ဖမ်းဆီးခံရခဲ့ရသည့် ဟံသာဝတီ ယူနိုက်တက်ကစားသမား ရန်နိုင်အောင် ယနေ့ (စက်တင်ဘာ ၅ ရက်)တွင် ပြန်လွတ် မြောက်ခဲ့ကြောင်း ၎င်းနှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။

“ရန်နိုင်အောင်က နိုင်ငံရေးကိစ္စကြောင့် ဖမ်းခံရတာ မဟုတ်ပါဘူး။ ရပ်ကွက်ထဲမှာ လူငယ်ချင်းရန်ဖြစ်ပြီး တစ်ဖက်က တိုင်လိုက်တဲ့အတွက် မနေ့က ဖမ်းခံရတာပါ။ ဒီနေ့တော့ အားလုံးညှိနှိုင်းပြီး ပြန်လွတ်လာပါပြီ။ ဒီကလေးက နိုင်ငံရေးနဲ့ပတ်သက်တဲ့ ဘာကိစ္စမှ မရှိပါဘူး ” ဟု ရန်နိုင်အောင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ရန်နိုင်အောင်သည် မြန်မာနေရှင်နယ်လိဂ်ကလပ်ဟံသာဝတီယူနိုက်တက်အသင်း၏ ကစားသမားတစ်ဦး ဖြစ်ပြီး စက်တင်ဘာ ၄ရက် နေ့လည်ပိုင်းက ၎င်း၏နေအိမ်၌ စစ်ကောင်စီ၏ ဖမ်းဆီးခံရခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

အဆိုပါစစ်ကြောင်းမှာ ဆိပ်ဖြူမြို့နယ်၊ အမှတ်(၉)လေကြောင်းရန်ကာကွယ်ရေးစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (လစခ ၉)နှင့် ကပစ(၂၁)၊ (၂၂)တပ်များမှ ထွက်လာသည့် စစ်ကြောင်းဖြစ်ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများထံမှ သိရသည်။

သတင်း

တရုတ်ဖက်ကထုတ်ပြန်သည့်သတင်း၌ ဖမ်းဆီးသွားသူများကို ​ခေါင်းအားအဝတ်အုပ်၍ခေါ်ဆောင်သွားပြီး တရုတ်လေဆိပ်အ​ရောက် သတင်းမီဒီယာများရှေ့၌ ဖွင့်ပြခဲ့သည်။

သတင်း

မိတ္ထီလာမြို့တွင် လောက်ကိုင်မြို့မှ ပြန်လာသည့် စစ်ဘေးရှောင်ပြည်သူများ ရောက်ရှိနေပြီး အချို့မှာ ဆိုင်ကယ်ဖြင့်ပြန်လာချိန် စစ်ကောင်စီ၏ ယာဥ်စစ်ဆေးရေးအဖွဲ့​၏ ငွေတောင်းခံရမှုကြုံတွေ့နေရကြောင်း ဒေသခံအချို့က ပြောသည်။

သတင်း

လက်ရှိအခြေအနေတွင် လက်ပံတန်းမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ပျူစောထီးများက ပြည်သူများကို မတရားရိုက်နှက်ဖမ်းဆီးမှုများ ဆက်တိုက်ကျူးလွန်နေရာ ဒေသခံများစိုရိမ်ထိတ်လန့်လျှက်ရှိသည်။