Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းမြို့နယ်ရှိ တောင်ရင်းရွာ စစ်အုပ်စုမီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်၈၈၀ ကျော်ပြာကျ

စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးဖျက်ဆီးနေမှုများကြောင့် စစ်ကိုင်းမြို့နယ်၊ မင်းဝံတောင်ရိုး အရှေ့ခြမ်းနှင့်အနောက်ခြမ်း ကျေးရွာအများအပြား ထွက်ပြေးတိမ်းရှောင်နေရသည်။

တောင်ရင်းရွာအား စစ်အုပ်စုက မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ-တောင်ရိုးသား
တောင်ရင်းရွာအား စစ်အုပ်စုက မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ-တောင်ရိုးသား

▪️ဖျားနာ၍ စစ်ရှောင်ကလေးငယ်နှင့် သက်ကြီးရွယ် အိုတစ်ဦးကွယ်လွန်၊ စစ်အုပ်စုက ဆေးပစ္စည်းများအား ခိုးယူသွားဟုဆို

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ရှိ တောင်ရင်းကျေးရွာ အုပ်စုအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့၍ နေအိမ်ပေါင်း ၁၄၀ကျော် မီးလောင်ပြာကျခဲ့ပြီး အကူ အညီများစွာလိုအပ်နေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့(နိုဝင်ဘာ ၁၈ ရက်)က စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် တောင်ရင်းမြောက်ရွာ အိမ်ခြေ ၁၁၀လုံး၊ တောင်ရင်းတောင်ရွာ၉လုံး၊ ရွာသစ် ၂၂လုံး စုစုပေါင်းနေအိမ် ၁၄၁လုံး မီးလောင်ကျွမ်းပျက်စီးခဲ့ကြောင်း စစ်ကိုင်းအခြေစိုက် လူမှုကူညီရေးလုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

စစ်ကိုင်းမြို့နယ် တောင်ရင်းအုပ်စုတွင် မီးဘေးသင့်နှင့် စစ်ရှောင် လူဦးရေ ၄,၂၀၀ကျော်ရှိနေကြောင်း ၎င်းက ပြောသည်။

“မီးဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးစခန်းတစ်ခုဖွင့်ထားတယ်။ အစကတော့ မီးဘေးသင့်ပြည်သူများအတွက်ဆိုပြီးဖွင့်တာ။ ခုတော့ စစ်ဘေးရှောင်ရော ကူညီနေရတယ်။”ဟု ဝက်လက်အခြေစိုက် လူမှုကူညီရေးလုပ်ကိုင်နေသူတစ် ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

မီးဘေးသင့်နှင့်စစ်ဘေးရှောင်များမှာ ယာခင်းများတွင် ဖြစ်သလိုတဲထိုးကာနေထိုင်နေကြရပြီးရာသီဥတုမှာအေးနေပြီဖြစ်၍ ကျန်းမာရေးများထိခိုက်နေကြောင်း၊ စစ်ကိုင်းမြို့နယ်၊ ပဒူတိုက်နယ်၌ ကလေးတစ်ဦးနှင့်သက်ကြီးရွယ်အိုတစ်ဦးလည်း နေမကောင်းရာက သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

“အမိုးအကာမရှိ လှည်းတွေနဲ့ စစ်ဘေးရှောင်နေကြရလို့ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အို‌တွေ ထိခိုက်သေဆုံးတာတွေဖြစ်နေပါပြီ။ ၁၇ရက်နေ့ကကျောင်းဖြူရွာစစ်‌ဘေးရှောင် ၃လသားကလေးငယ်တစ်ဦး၊ ဒီနေ့ ၉၂နှစ်အရွယ်လူကြီးတစ်ဦး ဆုံးပါတယ်။”ဟု စစ်ကိုင်းနယ် လူမှုကူညီရေးလုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

ထို့အပြင် တလိုင်းရွာရှိ ကျေးလက်ဆေးခန်းအတွင်းက ဆေးပစွည်းများကို စစ်အုပ်စုက ခိုးယူသွား ၍ ကျန်းမာရေးကူညီစောင့်ရှောက်မှုများမလုပ်နိုင်တော့ကြောင်း ၎င်းက ပြောသည်။

ယနေ့တွင် စစ်ကောင်စီတပ်ဖွဲ့သည် ပဒူတိုက်နယ် အတွင်း ဆက်လက်စစ်ကြောင်းထိုးနေ၍ ကျေးရွာ၂၀ ကျော်မှ ပြည်သူများ ထွက်ပြေးတိမ်းရှောင် နေကြရသည်။

စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးဖျက်ဆီးနေမှုများကြောင့် စစ်ကိုင်းမြို့နယ်၊ မင်းဝံတောင်ရိုး အရှေ့ခြမ်းနှင့်အနောက်ခြမ်း ကျေးရွာအများအပြား ထွက်ပြေးတိမ်းရှောင်နေရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

​မကွေးတိုင်း၊ ရေစကြိုမြို့မှာ စစ်အုပ်စုက ကျေးရွာတွေကနေ စျေးဝယ်တက်လာတဲ့ စျေးကားတွေပေါ်က ပြည်သူတွေကို ငွေကြေး အဓမ္မတောင်းခံနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ပေါ်ကို အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီး ပြည်သူအချို့ ဖမ်းဆီးသတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။