Connect with us

Hi, what are you looking for?

သတင်း

ကျိုက်မရော တောင်ကလေးရွာတွင်တိုက်ပွဲဖြစ်နေပြီး လေကြောင်းကပါပစ်နေ

တိုက်ပွဲကြောင့် မုဒုံ-တောင်ကလေး-ချောင်းနှစ်ခွ-ကြာအင်းဆိပ်ကြီးလမ်းပိုင်းတွင် သွားလာနေကြတဲ့ပြည်သူများအနေဖြင့် သတိပြုသွားလာနေကြရန် ဒေသခံများက အသိပေးထားသည်။

ကျိုက်မရော တောင်ကလေးရွာတွင်တိုက်ပွဲဖြစ်နေပြီး လေကြောင်းကပါပစ်နေ
ကျိုက်မရော တောင်ကလေးရွာတွင်တိုက်ပွဲဖြစ်နေပြီး လေကြောင်းကပါပစ်နေ

ကြာအင်းဆိပ်ကြီး – မုဒုံ ကားလမ်းမပေါ်ရှိ တောင်ကလေးကျေးရွာတွင် ယနေ့ နံနက်အစောပိုင်းက KNLA ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် တောင်ကလေးကျေးရွာရှိ စစ်ကောင်စီ၏ရဲစခန်းအား ယနေ့ နိုဝင်ဘာလ (၂၁) ရက် နံနက်ငါးနာရီခန့်တွင် KNLA ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဘက်တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်ကောင်စီဘက်က လေယာဉ်နှင့် ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ဆိုသည်။

“တောင်ကလေးရွာ နောင်တဲလမ်းဆုံအနီးက ရဲစခန်းကို ဝင်ပစ်တာ၊ တိုက်ပွဲဖြစ်တယ်။ လေယာဉ်နဲ့လည်း လာပစ်တယ်၊ အခု အခြေအနေသိပ်မကောင်းဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

နှစ်ဖက်တိုက်ပွဲနှင့် စစ်ကောင်စီတပ်၏ လေကြောင်းပစ်ခတ်မှုများကြောင့် ထိခိုက်မှုအခြေအနေကိုတော့ လတ်တလောတွင် မသိရှိရသေးပဲ စုံစမ်းနေဆဲဖြစ်ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်နေသည်ဟု သိရသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲကြောင့် မုဒုံ-တောင်ကလေး-ချောင်းနှစ်ခွ-ကြာအင်းဆိပ်ကြီးလမ်းပိုင်းတွင် သွားလာနေကြတဲ့ပြည်သူများအနေဖြင့် သတိပြုသွားလာနေကြရန် ဒေသခံများက အသိပေးထားသည်။

“တောင်ကလေးဘက်ကို လာမယ့်ကားများ ခရီးသည်များ ရောက်တဲ့နေရာကနေ ပြန်လှည့်ပေးကြပါ။ တစ်နာရီကျော်ရှိနေပြီ ပစ်ခတ်မှုတွေ မပြီးသေးပါ” ဟု ဒေသခံတစ်ဦးက ၎င်း၏လူမှုကွန်ယက်တွင် ရေးသားထားစည်။

ထို့အတူ ကြာအင်းဆိပ်ကြီးမြို့နယ် တံခွန်တိုင်ကျေးရွာအတွင်းရှိ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းတွင်လည်း လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်နေသည်ဟု ဒေသခံများထံမှ ကြားသိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ(၁၂)ရက်တွင်လည်း ကြာအင်းဆိပ်ကြီး-မုဒုံ ကားလမ်းပေါ်တွင်ရှိသော စစ်ကောင်စီ၏ ချောင်းနှစ်ခွနယ်မြေရဲစခန်းအား KNLA ပူးပေါင်းတပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင်သုံးဦးသေဆုံး (၄)ဦးအဖမ်းခံခဲ့ရကာ တိုက်ပွဲဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook