Connect with us

Hi, what are you looking for?

သတင်း

သထုံမြို့နယ် ဝင်းစိန်ရွာကို စစ်ကောင်စီတပ် သံချပ်ကာယာဉ်သုံးပြီး ဝင်ရောက်စီးနင်းပစ်ခတ်ဟု KNLAတပ်မှူးပြော

အဆိုပါဖြစ်စဉ်ကြောင့် စစ်ကောင်စီတပ်က ယနေ့မနက်တွင် ဝင်းစိန်ရွာကို စီးနင်းပစ်ခတ်မှု လုပ်ဆောင်လျက်ရှိရာ ဒေသခံ ပြည်သူလူထုများ ထိခိုက်မှု အခြေအနေကို မသိရသေးဟု KNLA တပ်မှူးက ပြောသည်။

ဝင်းစိန်ကျေးရွာကို စစ်ကောင်စီတပ်က ယနေ့နံနက်ပိုင်းတွင် သံချပ်ကာယာဉ်အသုံးပြုပြီး ဝင်ရောက်စီးနင်းနေစဉ်၊ ဓာတ်ပုံ - CJ
ဝင်းစိန်ကျေးရွာကို စစ်ကောင်စီတပ်က ယနေ့နံနက်ပိုင်းတွင် သံချပ်ကာယာဉ်အသုံးပြုပြီး ဝင်ရောက်စီးနင်းနေစဉ်၊ ဓာတ်ပုံ - CJ

▪️ဗိုလ်မှူးချစ်ဝင်းသူ ပစ်ခတ်ခံရပြီး သေဆုံးသည့်ကိစ္စအပေါ် မကျေနပ်၍ တုံ့ပြန်ခြင်းဖြစ်ဟုဆို

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၁)နယ်မြေ သထုံမြို့နယ် ဝင်းစိန်ကျေးရွာကို စစ်ကောင်စီတပ်က ယနေ့နံနက်ပိုင်းတွင် သံချပ်ကာယာဉ်အသုံးပြုပြီး ဝင်ရောက်စီးနင်းပစ်ခတ်နေသည်ဟု သတင်းရရှိကြောင်း တပ်မဟာ(၁)နယ်မြေရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မှူးတစ်ဦးက ပြောသည်။

“သံချပ်ကာ ကား ၂စီးနဲ့ စစ်တပ်ကားက ဘယ်နှစ်စီးလဲ အဲဒီမှာ တက်သွားပြီး ရွာကိုလိုက်ပြီး ပစ်နေတယ်ပြောတယ်။ အဲဒါက ဗိုလ်မှူးချစ်ဝင်းသူ သေသွားတဲ့နောက်ဆက်တွဲက သူတို့တွေ မကျေမနပ်မှုတွေရှိမှာပေါ့။ အဲဒါ သူတို့တွေကနာကျည်းချက်နဲ့ ပြည်သူလူထုတွေကို တခါတည်းပတ်ရမ်းပြီးတော့ သူတို့လုပ်နေကြ”ဟု ၎င်းက ဆိုသည်။

ဝင်းစိန်ကျေးရွာကို စစ်ကောင်စီတပ်က ယနေ့နံနက်ပိုင်းတွင် သံချပ်ကာယာဉ်အသုံးပြုပြီး ဝင်ရောက်စီးနင်းနေစဉ်၊ ဓာတ်ပုံ - CJ
ဝင်းစိန်ကျေးရွာကို စစ်ကောင်စီတပ်က ယနေ့နံနက်ပိုင်းတွင် သံချပ်ကာယာဉ်အသုံးပြုပြီး ဝင်ရောက်စီးနင်းနေစဉ်၊ ဓာတ်ပုံ – CJ

သထုံမြို့နယ် ရှိစစ်ကောင်စီတပ်မှ ဗိုလ်မှူးချစ်ဝင်းသူ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့သည် နိုဝင်ဘာ ၁၀ရက် နံနက်ပိုင်းက ဝင်းစိန်ကျေးရွာမှ ဒေသခံပြည်သူ တစ်ဦးကို သွားရောက်ဖမ်းဆီးပြီး အပြန်တွင် KNLA ပူးပေါင်းတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့၍ ဗိုလ်မှူးချစ်ဝင်းသူ အပါအဝင် သုံးဦး သေဆုံးခဲ့ပြီး တစ်ဦး ဒဏ်ရာရရှိခဲ့သည်။ယင်းဖြစ်စဉ်တွင် စစ်ကောင်စီတပ်ထံမှလက်နက် ၃လက်သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

အဆိုပါဖြစ်စဉ်ကြောင့် စစ်ကောင်စီတပ်က ယနေ့မနက်တွင် ဝင်းစိန်ရွာကို စီးနင်းပစ်ခတ်မှု လုပ်ဆောင်လျက်ရှိရာ ဒေသခံ ပြည်သူလူထုများ ထိခိုက်မှု အခြေအနေကို မသိရသေးဟု KNLA တပ်မှူးက ပြောသည်။

Public Service Announcement

Public Service Announcement

“ဒီလို ကိုယ့်ရန်သူကို ကိုယ်မနိုင်လို့ ရွာသားတွေကိုလျှောက်ပတ်ရမ်းတာကတော့ မသင့်တော်ဘူးလေ”ဟု ၎င်းက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

အရာရှိအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် အချို့ထိခိုက်

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook