Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြိုင်နယ် ဗဟင်းရွာတွင် စစ်ကောင်စီတပ်ထောင် ထားသောမိုင်းကြောင့် မိုင်းရှင်းလူငယ်တစ်ဦး ထိခိုက်ဒဏ်ရာရ

ယမန်နေ့ (နိုဝင်ဘာ၂၁ ရက်)က စစ်ကောင်စီတပ်သားများသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗဟင်းကျေးရွာရှိ ရဲစခန်းနှင့် ပြည်သူ့နေအိမ် (၅၂)လုံးအား မီးရှို့ဖျက်ဆီးသွားပြီး ယနေ့နံနက် ၈ နာရီခန့်တွင် စခန်းမှ ထွက်ခွာသွားသည်။

စစ်ကောင်စီတပ်ထောင်ထားခဲ့သောနင်းမိုင်းကြောင့် မိုင်းထိပြီးခြေထောက်ခိုက်သွားသည့်လူငယ်အား တွေ့ရစဥ်၊ဓာတ်ပုံ-နွေဦးတော်လှန်ရေး-မြိုင်
စစ်ကောင်စီတပ်ထောင်ထားခဲ့သောနင်းမိုင်းကြောင့် မိုင်းထိပြီးခြေထောက်ခိုက်သွားသည့်လူငယ်အား တွေ့ရစဥ်၊ဓာတ်ပုံ-နွေဦးတော်လှန်ရေး-မြိုင်

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဗဟင်းကျေးရွာတွင် စစ်ကောင်စီတပ် ထောင်ထားခဲ့သောမိုင်းကြောင့် မိုင်းရှင်းပေးသည့် လူငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့ (နိုဝင်ဘာ ၂၂ ရက်) ညနေ ၄ နာရီခန့်က ဗဟင်း ကျေးရွာရှိ စာသင်ကျောင်းနှင့်ရဲစခန်းကြားလမ်းတွင် မိုင်းရှင်းလင်းရေးဆောင်ရွက်နေသော (၂၂)နှစ်အရွယ် ဝှီးမောင်းသမားသည် စစ်ကောင်စီတပ် ထောင်ထားခဲ့‌သော ခြေနင်းမိုင်း ထိမှန်ခဲ့ကာ ညာဘက်ခြေသလုံးအောက်ပိုင်းတစ် ခုလုံး စုတ်ပြတ်သွားခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်ထောင်ထားခဲ့သောနင်းမိုင်းကြောင့် မိုင်းထိပြီးခြေထောက်ခိုက်သွားသည့်လူငယ်အား တွေ့ရစဥ်၊ဓာတ်ပုံ-နွေဦးတော်လှန်ရေး-မြိုင်
စစ်ကောင်စီတပ်ထောင်ထားခဲ့သောနင်းမိုင်းကြောင့် မိုင်းထိပြီးခြေထောက်ခိုက်သွားသည့်လူငယ်အား တွေ့ရစဥ်၊ဓာတ်ပုံ-နွေဦးတော်လှန်ရေး-မြိုင်

အဆိုပါလူငယ်သည် ဗဟင်းကျေးရွာတွင် ဝှီးဖြင့် မိုင်းရှင်းလင်းရေးပြုလုပ်ပြီးအပြန် ဆိုင်ကယ်လှည့်ရာတွင် စစ်ကောင်စီတပ် ထောင်ထားခဲ့သော ခြေနင်းမိုင်း ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း နွေဦးတော်လှန်ရေး-မြိုင် အဖွဲ့ဝင်တစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

ယမန်နေ့ (နိုဝင်ဘာ၂၁ ရက်)က စစ်ကောင်စီတပ်သားများသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗဟင်းကျေးရွာရှိ ရဲစခန်းနှင့် ပြည်သူ့နေအိမ် (၅၂)လုံးအား မီးရှို့ဖျက်ဆီးသွားပြီး ယနေ့နံနက် ၈ နာရီခန့်တွင် စခန်းမှ ထွက်ခွာသွားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။

သတင်း

တပ်မ (၄၄) တပ်မမှူး ဗိုလ်မှူးခစိုးမင်းထက် မဲ​ဆောက်​ဆေးရုံ၌ ​ဆေးကူသမှု ခံယူ​နေရင်း သေဆုံးကြောင်းလည်း စစ်ကောင်စီလက်အောက်ခံ လူမှုကွန်ရက်စာမျက်နှာများ၌ ရေးသားနေကြသည်ကို တွေ့ရသည်။