Connect with us

Hi, what are you looking for?

သတင်း

မြိုင်နယ် ဗဟင်းရွာတွင် စစ်ကောင်စီတပ်ထောင် ထားသောမိုင်းကြောင့် မိုင်းရှင်းလူငယ်တစ်ဦး ထိခိုက်ဒဏ်ရာရ

ယမန်နေ့ (နိုဝင်ဘာ၂၁ ရက်)က စစ်ကောင်စီတပ်သားများသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗဟင်းကျေးရွာရှိ ရဲစခန်းနှင့် ပြည်သူ့နေအိမ် (၅၂)လုံးအား မီးရှို့ဖျက်ဆီးသွားပြီး ယနေ့နံနက် ၈ နာရီခန့်တွင် စခန်းမှ ထွက်ခွာသွားသည်။

စစ်ကောင်စီတပ်ထောင်ထားခဲ့သောနင်းမိုင်းကြောင့် မိုင်းထိပြီးခြေထောက်ခိုက်သွားသည့်လူငယ်အား တွေ့ရစဥ်၊ဓာတ်ပုံ-နွေဦးတော်လှန်ရေး-မြိုင်
စစ်ကောင်စီတပ်ထောင်ထားခဲ့သောနင်းမိုင်းကြောင့် မိုင်းထိပြီးခြေထောက်ခိုက်သွားသည့်လူငယ်အား တွေ့ရစဥ်၊ဓာတ်ပုံ-နွေဦးတော်လှန်ရေး-မြိုင်

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဗဟင်းကျေးရွာတွင် စစ်ကောင်စီတပ် ထောင်ထားခဲ့သောမိုင်းကြောင့် မိုင်းရှင်းပေးသည့် လူငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့ (နိုဝင်ဘာ ၂၂ ရက်) ညနေ ၄ နာရီခန့်က ဗဟင်း ကျေးရွာရှိ စာသင်ကျောင်းနှင့်ရဲစခန်းကြားလမ်းတွင် မိုင်းရှင်းလင်းရေးဆောင်ရွက်နေသော (၂၂)နှစ်အရွယ် ဝှီးမောင်းသမားသည် စစ်ကောင်စီတပ် ထောင်ထားခဲ့‌သော ခြေနင်းမိုင်း ထိမှန်ခဲ့ကာ ညာဘက်ခြေသလုံးအောက်ပိုင်းတစ် ခုလုံး စုတ်ပြတ်သွားခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်ထောင်ထားခဲ့သောနင်းမိုင်းကြောင့် မိုင်းထိပြီးခြေထောက်ခိုက်သွားသည့်လူငယ်အား တွေ့ရစဥ်၊ဓာတ်ပုံ-နွေဦးတော်လှန်ရေး-မြိုင်
စစ်ကောင်စီတပ်ထောင်ထားခဲ့သောနင်းမိုင်းကြောင့် မိုင်းထိပြီးခြေထောက်ခိုက်သွားသည့်လူငယ်အား တွေ့ရစဥ်၊ဓာတ်ပုံ-နွေဦးတော်လှန်ရေး-မြိုင်

အဆိုပါလူငယ်သည် ဗဟင်းကျေးရွာတွင် ဝှီးဖြင့် မိုင်းရှင်းလင်းရေးပြုလုပ်ပြီးအပြန် ဆိုင်ကယ်လှည့်ရာတွင် စစ်ကောင်စီတပ် ထောင်ထားခဲ့သော ခြေနင်းမိုင်း ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း နွေဦးတော်လှန်ရေး-မြိုင် အဖွဲ့ဝင်တစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

ယမန်နေ့ (နိုဝင်ဘာ၂၁ ရက်)က စစ်ကောင်စီတပ်သားများသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗဟင်းကျေးရွာရှိ ရဲစခန်းနှင့် ပြည်သူ့နေအိမ် (၅၂)လုံးအား မီးရှို့ဖျက်ဆီးသွားပြီး ယနေ့နံနက် ၈ နာရီခန့်တွင် စခန်းမှ ထွက်ခွာသွားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရောက်ရှိ​နေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁)က စစ်ကြောင်းတွေ မြိုင်မြို့နယ်က တွင်းမပြည်သူ့စစ်ကျေးရွာကို ဦးတည်လာနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊မြိုင်မြို့နယ်ကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။