Connect with us

Hi, what are you looking for?

သတင်း

ကျေးရွာနဲ့ ကွက်သစ်အချို့ကို စစ်ကြောင်းအန္တရာယ်အကြောင်းပြချက်ဖြင့် စစ်တပ်က ပြောင်းရွေ့ခိုင်း

ညောင်လေးပင်ခရိုင် ရွှေကျင်မြို့စွန်နားရှိ ခြေတော်ရာ၊ ကျွဲတဲ၊ ကျွဲတဲကွက်သစ်မှ ဒေသခံများအား ရွှေ့ပြောင်းပေးဖို့ စစ်ကောင်စီတပ်ဘက်က ပြောဆိုမှုများနေကြောင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက သတင်းထုတ်ပြန်သည်။

People's Spring Published by Nyein Nyein Naing Page Liked · 3 hrs · ကျေးရွာနဲ့ ကွက်သစ်အချို့ကို စစ်ကြောင်းအန္တရာယ်အကြောင်းပြချက်ဖြင့် စစ်တပ်က ပြောင်းရွေ့ခိုင်း
People's Spring Published by Nyein Nyein Naing Page Liked · 3 hrs · ကျေးရွာနဲ့ ကွက်သစ်အချို့ကို စစ်ကြောင်းအန္တရာယ်အကြောင်းပြချက်ဖြင့် စစ်တပ်က ပြောင်းရွေ့ခိုင်း

စစ်ကြောင်းထိုးရင် အန္တရာယ်ရှိနိုင်သည်ဟုဆိုပြီး ကော်သူးလေအုပ်ချုပ်နယ်မြေ ခလယ်လွီထူ(ညောင်လေးပင်)ခရိုင်ထဲက ကွက်သစ်တစ်ချို့ကို စစ်တပ်က နေရာပြောင်းရွေ့နေထိုင်ရန် ပြောထားကြောင်းဒေသခံများက ပြောသည်။

“ရွှေကျင်-သံဆိပ်-ဘောကထာ ကားလမ်းဘေးကရွာတွေကို ယာယီရွှေ့ပြောင်းထားဖို့ ပြောတာက (၁၄) ရက် ကတည်းကပါ။ ကျွဲတဲကွက်သစ်နဲ့ ခြေတော်ရာ (ရှမ်းရွာ) ကိုတော့ (၂၁)ရက်က ထပ်ပြီးပြောပါတယ်။ သူတို့စစ်ကြောင်းထိုးလာရင် မလွတ်ဘူး၊ ထိခိုက်မှုတွေရှိလာရင်တာဝန်မယူနိုင်ဘူး၊ ကြိုတင်ရှောင်ထားဖို့ဆိုပြီး သတိပေးလာတာပါ။ သတိပေးတယ်ဆိုပေမယ့် တရားဝင်မဟုတ်ပါဘူး၊ သူတို့နဲ့ နီးစပ်တဲ့လူတွေကိုပဲ ရွေးပြီးသတိပေးသလိုမျိုး ပြောတာပါ။ ချက်ချင်းကြီးပြောင်းရွေ့ဖို့ဆိုတာကလဲ မဖြစ်နိုင်သေးလို့ အခြေနေကြည့်ပြီးပဲ နေကြရတယ် “ဟု သေခံတစ်ဦးက ပြောကြားကြောင်း KNU ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ညောင်လေးပင်ခရိုင် ရွှေကျင်မြို့စွန်နားရှိ ခြေတော်ရာ၊ ကျွဲတဲ၊ ကျွဲတဲကွက်သစ်မှ ဒေသခံများအား ရွှေ့ပြောင်းပေးဖို့ စစ်ကောင်စီတပ်ဘက်က ပြောဆိုမှုများနေကြောင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက သတင်းထုတ်ပြန်သည်။

ကေအဲန်ယူ-ခလယ်လွီထူခရိုင် တပ်မဟာ(၃)နယ်မြေအတွင်းက ဘောကထာ၊ သံဆိပ်၊ တုံးတားတိုက်ပွဲအပြီး စစ်ကောင်စီဘက်က စစ်ကြောင်းထိုးရန် စီစဉ်နေခြင်းကြောင့် စစ်ကြောင်းထိုးချိန် ထိခိုက်မှုများ ရှိလာနိုင်သည်ဟုဆိုကာ ယာယီရွှေ့ပြောင်းထားပေးကြရန် ရဲနှင့်အုပ်ချုပ်ရေးအဖွဲ့များက လိုက်လံပြောဆိုခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်ဘက်က ရွှေ့ပြောင်းခိုင်းသည့် ရပ်ကွက်(၃)ခုသည် ဒေသခံပြည်သူ(၅၀၀၀)ကျော် နေထိုင်သော ရပ်ကွက်များဖြစ်ကြပြီး နိုဝင်ဘာလ(၂၁)ရက်အထိ ဒေသခံများဘက်မှ ရွှေ့ပြောင်းမှုများမရှိသေးကြောင်း၊ ရွှေကျင်မြို့ပေါ်ရပ်ကွက်များတွင် လမ်းပေါ်ညအိပ်ထားသည့် ကားများအား အခြားနေရာလွတ်များတွင် ရွှေ့ပြောင်းထားရန်နှင့် စစ်ကောင်စီတပ်မှ ချောဆွဲပါက တာဝန်မယူနိုင်ကြောင်း လိုက်လံပြောဆိုမှုများရှိနေသည်ဟု သိရသည်။

လက်ရှိတွင် ရွှေကျင်ဘက်မှ KNLA တပ်များရှိရာနေရာသို့ စစ်ကြောင်းထိုးရန် စစ်ကောင်စီတပ်ဘက်က တင့်ကားအပါအဝင် အမြှောက်ကားနှင့် စစ်ကောင်စီတပ်သားများ စုဖွဲ့ပြင်ဆင်ထားပြီး ဒေသခံများ ရွှေ့ပြောင်းပေးရမည်ဟု သတင်းထွက်ပေါ်နေခြင်း၊ ညဘက်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးရမ်းသမ်းပစ်ခတ်ခြင်း၊ တပ်အင်အားတိုးချဲ့နေခြင်းတို့ကြောင့် ဒေသခံပြည်သူများ ထိတ်လန့်စွာ နေထိုင်နေရကြောင်း ကေအဲန်ယူ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ မိဘမဲ့ကျောင်းကို စစ်တပ်က အသေခံဒရုန်း(ကာမီကာဇေ)နဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၁ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရကာ ၂ဦးက အခြေအနေစိုးရိမ်ရတယ်လို့ ဒေသခံ‌နဲ့စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ဆွေးနွေးပွဲမတိုင်မီ RCSS ထိန်းသိမ်းထားတဲ့ ပအိုဝ်း PNLA တပ်ဖွဲ့ဝင်နဲ့ မိသားစု ၇၈ဦးကို စစ်တပ်ထံ လွှဲပေးခဲ့

Facebook