Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်တွင် စစ်တပ်ယာဉ်တစ်စီးကို KIA မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ် တစ်ဦးသေ၊ ငါးဦးဒဏ်ရာရ

KIA အမှတ်(၉)တပ်မဟာ၊ အမှတ်(၆) တပ်ရင်းနယ်မြေ ဆိုင်းတောင်အနီး စဘော့မှော်တွင် နိုဝင်ဘာ ၂၃ရက် နေ့လယ် ၁နာရီခန့်က စစ်ကောင်စီတပ်ယာဉ်ကို KIA တပ်က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

(KIAတပ်မှ ရဲဘော်များအား တွေ့ရစဥ်)
(KIAတပ်မှ ရဲဘော်များအား တွေ့ရစဥ်)

▪️ဆိုင်းတောင်စစ်ကောင်စီတပ်စခန်းကိုလည်း KIA ဗုံးခွဲတိုက်ခိုက်

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် ယာဉ်တစ်စီးကို ယမန်နေ့က မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိခဲ့သည်ဟု ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးက ဖော်ပြသည်။

KIA အမှတ်(၉)တပ်မဟာ၊ အမှတ်(၆) တပ်ရင်းနယ်မြေ ဆိုင်းတောင်အနီး စဘော့မှော်တွင် နိုဝင်ဘာ ၂၃ရက် နေ့လယ် ၁နာရီခန့်က စစ်ကောင်စီတပ်ယာဉ်ကို KIA တပ်က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီတပ် ခမရ (၁၁၁)မှ အင်အား ရှစ်ဦးပါအဖွဲ့သည် ကားတစ်စီးဖြင့် စဘော့မှော် ကျေးရွာအနီး လှုပ်ရှားလာစဉ် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား တစ်ဦး သေဆုံးပြီး ငါးဦး ထိခိုက်ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့သည်ဟု ဖော်ပြထားသည်။ အဆိုပါ ကားလည်း ပျက်စီးသွားသည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

ထိုသို့ တိုက်ခိုက်ခံရခြင်းကြောင့် စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်၏ ခမရ (၁၁၁)က စဘော့မှော်ကျေးရွာအနီး စစ်ရေးလှုပ်ရှားနေခြင်းကြောင့် တိုက်ပွဲများ ဖြစ်ပွားလာနိုင်ကြောင်း KIA က အသိပေးထားသည်။

နိုဝင်ဘာ ၂၂ရက်ည ၁၀နာရီခွဲခန့်ကလည်း ဖားကန့်မြို့နယ် ဆိုင်းတောင်ရွာအတွင်းရှိ စစ်ကောင်စီတပ်စခန်းကို KIAက ဗုံးခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က ထိခိုက်မှုရှိနိုင်သည်ဟု KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နယ်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့တရက်တည်းမှာ ရခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား နဲ့ ဂွမြို့နယ်တို့ကို ဗုံးကြဲခဲ့ပြီး အမျိုးသမီးတဦးသေဆုံးကာ ကျောင်းသားတဦး အပါအဝင် ​ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ အင်အားဖြည့်မှုတွေကြောင့် တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ ဒေသတွင်းစစ်ရေးတာ၀န်ရှိသူနဲ့ သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။