Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဖားကန့်တွင် စစ်တပ်ယာဉ်တစ်စီးကို KIA မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ် တစ်ဦးသေ၊ ငါးဦးဒဏ်ရာရ

KIA အမှတ်(၉)တပ်မဟာ၊ အမှတ်(၆) တပ်ရင်းနယ်မြေ ဆိုင်းတောင်အနီး စဘော့မှော်တွင် နိုဝင်ဘာ ၂၃ရက် နေ့လယ် ၁နာရီခန့်က စစ်ကောင်စီတပ်ယာဉ်ကို KIA တပ်က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

(KIAတပ်မှ ရဲဘော်များအား တွေ့ရစဥ်)
(KIAတပ်မှ ရဲဘော်များအား တွေ့ရစဥ်)

▪️ဆိုင်းတောင်စစ်ကောင်စီတပ်စခန်းကိုလည်း KIA ဗုံးခွဲတိုက်ခိုက်

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် ယာဉ်တစ်စီးကို ယမန်နေ့က မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိခဲ့သည်ဟု ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးက ဖော်ပြသည်။

KIA အမှတ်(၉)တပ်မဟာ၊ အမှတ်(၆) တပ်ရင်းနယ်မြေ ဆိုင်းတောင်အနီး စဘော့မှော်တွင် နိုဝင်ဘာ ၂၃ရက် နေ့လယ် ၁နာရီခန့်က စစ်ကောင်စီတပ်ယာဉ်ကို KIA တပ်က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီတပ် ခမရ (၁၁၁)မှ အင်အား ရှစ်ဦးပါအဖွဲ့သည် ကားတစ်စီးဖြင့် စဘော့မှော် ကျေးရွာအနီး လှုပ်ရှားလာစဉ် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား တစ်ဦး သေဆုံးပြီး ငါးဦး ထိခိုက်ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့သည်ဟု ဖော်ပြထားသည်။ အဆိုပါ ကားလည်း ပျက်စီးသွားသည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

ထိုသို့ တိုက်ခိုက်ခံရခြင်းကြောင့် စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်၏ ခမရ (၁၁၁)က စဘော့မှော်ကျေးရွာအနီး စစ်ရေးလှုပ်ရှားနေခြင်းကြောင့် တိုက်ပွဲများ ဖြစ်ပွားလာနိုင်ကြောင်း KIA က အသိပေးထားသည်။

နိုဝင်ဘာ ၂၂ရက်ည ၁၀နာရီခွဲခန့်ကလည်း ဖားကန့်မြို့နယ် ဆိုင်းတောင်ရွာအတွင်းရှိ စစ်ကောင်စီတပ်စခန်းကို KIAက ဗုံးခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က ထိခိုက်မှုရှိနိုင်သည်ဟု KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။