Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမြို့ပြပြောက်ကျားအဖွဲ့ ခိုလှုံရာ နေအိမ် စီးနင်းခံရ

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မန္တလေးမြို့ပြပြောက်ကျားအဖွဲ့တစ်ခုဖြစ်တဲ့ GZP အဖွဲ့ ရဲ့ ဒုခါင်းဆောင် အပါအဝင် ရဲဘော် ၄ ဦးကို စစ်အုပ်စုက အသေပစ်သတ်ခဲ့ပါသေးတယ်။

မန္တလေးမှာစစ်ကောင်စီတပ်သားတွေကို တွေ့ရစဉ် (ပုံဟောင်း)
မန္တလေးမှာစစ်ကောင်စီတပ်သားတွေကို တွေ့ရစဉ် (ပုံဟောင်း)

မန္တလေးမြို့ပြပြောက်ကျားအဖွဲ့ဝင်တွေ ခိုလှုံရာ နေအိမ် မနေ့ကညပိုင်း စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းလို့ ပြောက်ကျားအဖွဲ့ဝင်အချို့ ဖမ်းဆီးခံလိုက်ရတယ်လို့သိရပါတယ်။

အဲဒီနေအိမ်ကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ စီးနင်းတာဖြစ်ပြီး ဖမ်းခံရသူတွေနဲ့ ဆက်သွယ်ထားသူတွေ အမြန်ဆုံးရှောင်တိမ်းကြဖို့ မန္တလေးမြို့ပြပြောက်ကျားအဖွဲ့Anonymous Force Mandalay က ထုတ်ပြန်အသိပေးထားပါတယ်။

Public Service Announcement
Public Service Announcement

မနေ့ညပိုင်းက ဖြစ်စဉ်မှာ ၃ ဦးထက်မနည်း ဖမ်းခံလိုက်ရတယ်လို့ စုံစမ်းသိရပါတယ်။

စစ်ကောင်စီတပ်ဟာ မန္တလေးမှာ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေ ကို ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ပိုက်စိတ်တိုက်ရှာဖွေဖမ်းဆီးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မန္တလေးမြို့ပြပြောက်ကျားအဖွဲ့တစ်ခုဖြစ်တဲ့ GZP အဖွဲ့ ရဲ့ ဒုခါင်းဆောင် အပါအဝင် ရဲဘော် ၄ ဦးကို စစ်အုပ်စုက အသေပစ်သတ်ခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦး အုပ်စုဖွဲ့ ဆိုင်ကယ်လုယက် ခံလိုက်ရပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်‌တချို့မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်တွေအထိ ရေဝင်တာတွေ ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ စုံ/မစနစ်နဲ့ မော်တော်ယာဥ်တွေ ပြန်လည်ဖမ်းဆီးလာပြီး ယာဥ်အများအပြား ဖမ်း​ဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။