Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမြို့ရှိ မြို့ပြပြောက်ကျားအဖွဲ့ဝင်အချို့ ဖမ်းဆီးခံရသောကြောင့် ယင်းအဖွဲ့များနှင့် အဆက် အသွယ်ရှိသူများ သတိထားကြရန် ဗိုလ်တိုက်ဂါး ပြော

နိုဝင်ဘာ ၂၆ ရက်ညက ဖမ်းဆီးခံရခြင်းဖြစ်ပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ ‌ကျန်ရှိသည့် ရဲဘော်များဘေးကင်းချိန်တွင် သက်ဆိုင်ရာ အဖွဲ့အစည်းများကသတင်းထုတ်ပြန်မည်ဟု ၎င်းက ဆိုသည်။

မန္တလေးမြို့ရှိ မြို့ပြပြောက်ကျားအဖွဲ့နှစ်ဖွဲ့မှ အဖွဲ့ဝင်အချို့ ဖမ်းဆီးခံရသောကြောင့် ယင်းအဖွဲ့များနှင့်အဆက်အသွယ်ရှိသူများသတိထားကြရန် Annoymous Force MDY တာဝန်ခံ ဗိုလ်တိုက်ဂါးကပြောသည်။

“ကျွန်တော်တို့နှင့်မဟာမိတ် Truth kepping AMAနှင်အမရပူရ lpdfအဖွဲ့ဝင်များ safe house ဝင်စီးခံရပြီးရဲဘော်အချို့ပါသွားသောကြောင့် ထိုpageများအားဆက်သွယ်ချင်းမပြုပါရန်သတိပေးအပ်ပါသည်။ ဆက်သွယ်မိထားသောသူများအနေဖြင့်အမြန်ဆုံးရှောင်ရှားနိူင်ပါရန်အသိပေးအပ်ပါသည်”ဟု ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

နိုဝင်ဘာ ၂၆ ရက်ညက ဖမ်းဆီးခံရခြင်းဖြစ်ပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ ‌ကျန်ရှိသည့် ရဲဘော်များဘေးကင်းချိန်တွင် သက်ဆိုင်ရာ အဖွဲ့အစည်းများကသတင်းထုတ်ပြန်မည်ဟု ၎င်းက ဆိုသည်။

“အဓိကကတော့ ကိုယ့်အချင်းချင်းပဲ ဆက်သွယ် ပါလို့ပြောချင်တယ်။တခြားအဖွဲ့အစည်းတွေ မသိတဲ့ အဖွဲ့အစည်းတွေနဲ့ အခုချိန်မဆက်သွယ်တာ အကောင်းဆုံးပါပဲ”ဟု ဗိုလ်တိုက်ဂါးက ပြောသည်။

Public Service Announcement

Public Service Announcement

Annoymous Force MDY အဖွဲ့သည် မန္တလေးမြို့၌ အကြမ်းဖက်စစ်ကောင်စီကို တိုက်ခိုက်နေသည့် အဖွဲ့ဖြစ်ပြီး ဒီဇင်ဘာအတွင်းပြုလုပ်မည့် မစ်ရှင်များအတွက်လိုအပ်သည့် လက်နက်ခဲယမ်းများဝယ်ယူရန် နိုဝင်ဘာ ၂၆ မှ ၃၀ရက်အထိ ၎င်းတို့ပေ့ခ်ျ၌ဆက်သွယ်လှူဒါန်းနိုင်ကြောင်း ယမန်နေ့ကကြေညာထားသည်။

“တော်လှန်ရေး အရှိန်ပိုမြှင့်လာတာမို့ ဘောမတွေသွေးခွဲစကားအပေါ်နားမယောင်ဖို့ ပြည်သူနဲ့တေည်လှန်ရေး ရဲဘော်တွေကိုသတိပေးချင်ပါတယ်” ဟု ဗိုလ်တိုက်ဂါးက သတိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။