Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေးမြို့ရှိ မြို့ပြပြောက်ကျားအဖွဲ့ဝင်အချို့ ဖမ်းဆီးခံရသောကြောင့် ယင်းအဖွဲ့များနှင့် အဆက် အသွယ်ရှိသူများ သတိထားကြရန် ဗိုလ်တိုက်ဂါး ပြော

နိုဝင်ဘာ ၂၆ ရက်ညက ဖမ်းဆီးခံရခြင်းဖြစ်ပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ ‌ကျန်ရှိသည့် ရဲဘော်များဘေးကင်းချိန်တွင် သက်ဆိုင်ရာ အဖွဲ့အစည်းများကသတင်းထုတ်ပြန်မည်ဟု ၎င်းက ဆိုသည်။

မန္တလေးမြို့ရှိ မြို့ပြပြောက်ကျားအဖွဲ့နှစ်ဖွဲ့မှ အဖွဲ့ဝင်အချို့ ဖမ်းဆီးခံရသောကြောင့် ယင်းအဖွဲ့များနှင့်အဆက်အသွယ်ရှိသူများသတိထားကြရန် Annoymous Force MDY တာဝန်ခံ ဗိုလ်တိုက်ဂါးကပြောသည်။

“ကျွန်တော်တို့နှင့်မဟာမိတ် Truth kepping AMAနှင်အမရပူရ lpdfအဖွဲ့ဝင်များ safe house ဝင်စီးခံရပြီးရဲဘော်အချို့ပါသွားသောကြောင့် ထိုpageများအားဆက်သွယ်ချင်းမပြုပါရန်သတိပေးအပ်ပါသည်။ ဆက်သွယ်မိထားသောသူများအနေဖြင့်အမြန်ဆုံးရှောင်ရှားနိူင်ပါရန်အသိပေးအပ်ပါသည်”ဟု ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

နိုဝင်ဘာ ၂၆ ရက်ညက ဖမ်းဆီးခံရခြင်းဖြစ်ပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ ‌ကျန်ရှိသည့် ရဲဘော်များဘေးကင်းချိန်တွင် သက်ဆိုင်ရာ အဖွဲ့အစည်းများကသတင်းထုတ်ပြန်မည်ဟု ၎င်းက ဆိုသည်။

“အဓိကကတော့ ကိုယ့်အချင်းချင်းပဲ ဆက်သွယ် ပါလို့ပြောချင်တယ်။တခြားအဖွဲ့အစည်းတွေ မသိတဲ့ အဖွဲ့အစည်းတွေနဲ့ အခုချိန်မဆက်သွယ်တာ အကောင်းဆုံးပါပဲ”ဟု ဗိုလ်တိုက်ဂါးက ပြောသည်။

Public Service Announcement

Public Service Announcement

Annoymous Force MDY အဖွဲ့သည် မန္တလေးမြို့၌ အကြမ်းဖက်စစ်ကောင်စီကို တိုက်ခိုက်နေသည့် အဖွဲ့ဖြစ်ပြီး ဒီဇင်ဘာအတွင်းပြုလုပ်မည့် မစ်ရှင်များအတွက်လိုအပ်သည့် လက်နက်ခဲယမ်းများဝယ်ယူရန် နိုဝင်ဘာ ၂၆ မှ ၃၀ရက်အထိ ၎င်းတို့ပေ့ခ်ျ၌ဆက်သွယ်လှူဒါန်းနိုင်ကြောင်း ယမန်နေ့ကကြေညာထားသည်။

“တော်လှန်ရေး အရှိန်ပိုမြှင့်လာတာမို့ ဘောမတွေသွေးခွဲစကားအပေါ်နားမယောင်ဖို့ ပြည်သူနဲ့တေည်လှန်ရေး ရဲဘော်တွေကိုသတိပေးချင်ပါတယ်” ဟု ဗိုလ်တိုက်ဂါးက သတိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်မှုထမ်းဖို့လူသစ်စုရာမှာအမျိုးသမီးတွေကိုဦးစားပေးခေါ်ယူမှာမဟုတ်ဘဲ အသက် ၁၈ နှစ်ကနေ ၃၅နှစ်ကြား လူငယ်အမျိုးသားတွေကို ခေါ်ယူမှာပါ။

သတင်း

အဆိုပါစစ်ကြောင်းမှာ ဆိပ်ဖြူမြို့နယ်၊ အမှတ်(၉)လေကြောင်းရန်ကာကွယ်ရေးစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (လစခ ၉)နှင့် ကပစ(၂၁)၊ (၂၂)တပ်များမှ ထွက်လာသည့် စစ်ကြောင်းဖြစ်ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများထံမှ သိရသည်။

သတင်း

တရုတ်ဖက်ကထုတ်ပြန်သည့်သတင်း၌ ဖမ်းဆီးသွားသူများကို ​ခေါင်းအားအဝတ်အုပ်၍ခေါ်ဆောင်သွားပြီး တရုတ်လေဆိပ်အ​ရောက် သတင်းမီဒီယာများရှေ့၌ ဖွင့်ပြခဲ့သည်။

သတင်း

စစ်​ကောင်စီ၏​လေတပ်စခန်းများတွင် တံတား​လေတပ်စခန်းနှင့် ​နေပြည်​တော်​လေတပ်စခန်းတို့မှာ စစ်ဆင်​ရေးအများဆုံးပြုလုပ်​သော​အဓိက​လေတပ်စခန်းများဖြစ်သည်။