Connect with us

Hi, what are you looking for?

သတင်း

တိုင်းပြည်မငြိမ်သက်ချိန်လက်ဝတ်ရတနာများစွာဝတ်ဆင်ခြင်း၊ ငွေအများအပြားသည်​ဆောင်ခြင်း​ရှောင်ကြဥ်ကြရန်တမူးCIA အကြံပြု

ပျူစောထီးခေါင်းဆောင်း ချမ်းမြေ့ဦးဆောင်သည့်အဖွဲ့က သတ်ဖြတ်လုယက်သူမှာ ​ငွေလွှဲလုပ်ငန်းလုပ်ကိုင်​သောအသက် ၂၇နှစ်အရွယ် ရာဂျူးဆိုသူ ဖြစ်သည်။

(တမူးမြို့ အ​ပေါ်စီးမြင်ကွင်း ။ဓါတ်ပုံ-CJ)
(တမူးမြို့ အ​ပေါ်စီးမြင်ကွင်း ။ဓါတ်ပုံ-CJ)

▪︎တမူးမှပြည်သူတစ်ဦးထံမှကျပ်သိန်း၁၀၀ ​ကျော်လုယက်သတ်ဖြတ်သွား​သောပျူများပြစ်မှုအတွက်တာဝန်ခံရမည်ဟုသတိ​ပေး

တိုင်းပြည်မငြိမ်သက်သည့်အချိန်တွင် လက်ဝတ်ရတနာများအများအပြား ဝတ်ဆင်ခြင်းနှင့် ငွေကြေးအများအပြားယူဆောင်သွားခြင်းကို အတတ်နိုင်ဆုံးရှောင်ကြဉ်ကြရန် တမူးဒေသခံပြည်သူလူထုအားတမူးမြို့မှ ပြည်သူ့ကာကွယ်ရေးအဖွဲ့များဖွဲ့စည်းထားသည့် Central Intelligence Agency Tamu(တမူး-CIA)ကတိုက်တွန်းချက်ထုတ်ပြန်သည်။

တမူးတွင် နိုဝင်ဘာ ၂၅ရက်က ဒေသခံအမျိုးသားတစ်ဦးကို ပျုစောထီးခေါင်းဆောင် ချမ်းမြေ့ဦးဆောင်သည့်အဖွဲ့က သတ်ဖြတ်ပြီး ငွေ ကျပ်သိန်းတစ်ရာကျော်၊ ဖုန်းနှင့်ဆိုင်ကယ်ကိုပါလုယက်သွား​ကြောင်း ဒေသခံများက‌ပြောသည်။ ထို့​ကြောင့်ဒေသခံပြည်သူတစ်ဦးကို သတ်ဖြတ်လုယက်မှုကိုပျူ​စောထီးများ ကျူးလွန်ခဲ့ခြင်းဖြစ်ပြီး ပြစ်မှုကျူးလွန်သူများအပြည့်အဝတာဝန်ခံရမည်ဟုလည်း CIA က သတိပေးလိုက်သည်။

” တမူးတွင်ပျူစောထီးများ နေရာအနှံ့ လုယက်မှုကျူးလွန်နေခြင်းကို မိမိတို့အတိအကျသိရှိထားပြီး ဖြစ်ကြောင်းနှင့် ဆက်လက်လုပ်ဆောင်ပါကဖြစ်ပေါ်လာမည့် နောက်ဆက်တွဲအကျိုးများခံစားရမည်ဖြစ်ကြောင်းထုတ်ပြန်ကြေညာအပ်သည်” ဟု CIAတမူးကနိုဝင်ဘာ ၂၆ရက်တွင်ထုတ်ပြန်​​သည်။

ပျူစောထီးခေါင်းဆောင်း ချမ်းမြေ့ဦးဆောင်သည့်အဖွဲ့က သတ်ဖြတ်လုယက်သူမှာ ​ငွေလွှဲလုပ်ငန်းလုပ်ကိုင်​သောအသက် ၂၇နှစ်အရွယ် ရာဂျူးဆိုသူ ဖြစ်သည်။ ရာဂျူးသည်ကျပ်သိန်းတစ်ရာကျော်တန်ကြေးရှိသော အိန္ဒိယရူပီးငွေ သုံးသိန်းခွဲကို ဆိုင်ကယ်ဘောက်အတွင်းထည့်ပြီးသယ်လာစဉ် နိုဝင်ဘာ ၂၅ရက်ညနေပိုင်း၌ ပျူ​စောထီးများကလုယက်ပြီး သေနတ်ဖြင့် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

“ချမ်းမြေ့ဆိုတဲ့ပျူခေါင်းဆောင်ကိုမရှင်းနိုင်ရင်တော့ဒေသခံတွေ ကျီးလန့်စာစားဖြစ်နေမှာပဲ။ CIA တမူးအနေနဲ့လည်း သတိပေးပြီးနောက်ပိုင်း အရေးယူနိုင်ဖို့လိုတယ်။ ထုတ်ပြန်ချက်သက်သက်နဲ့တော့ အလုပ်မဖြစ်ဘူး” ဟုတမူးမြို့ခံတစ်ဦးကပြောသည်။

CIAတမူးက ဒေသခံပြည်သူလူထုအနေဖြင့် တိုင်းပြည်မငြိမ်သက်သည့်အချိန်၌ လက်ဝတ်ရတနာများအများအပြား ဝတ်ဆင်ခြင်းနှင့် ငွေကြေးအများအပြားယူဆောင်ခြင်းကိုအတတ်နိုင်ဆုံးရှောင်ကြဉ်ကြပါရန်လည်းအကြံပြုထားသည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာ-အိန္ဒိယ နယ်စပ် တမူးမြို့အနီး ပကဖအဖွဲ့ဝင် ၁၀ ဦး ကျဆုံးခဲ့သည့်ဖြစ်စဥ်နှင့်ပက်သက်၍အိန္ဒိယအစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ အမှုမှန်ပေါ်ပေါက်ရန်ညှိနှိုင်းဆောင်ရွက်နေကြောင်း အမျိုးသားညီညွတ်ရေး အစိုးရက ယ​နေ့(​မေ ၁၉) ညတွင်သတင်းထုတ်ပြန်သည်။

သတင်း

စစ်ကိုင်းတိုင်း၊ တမူးမြို့အနီး တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းပစ်ကူပေးပြီး ခုခံနေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

သတင်း

ယခုကဲ့သို့ စစ်သုံ့ပန်းလွတ်​မြောက်မှုသည် ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့သည့်နှစ်လခန့်က စစ်သုံ့ပန်း ၅ ဦး ထွက်ပြေးဖူးသည်ဟု သတင်းရရှိသည်။

သတင်း

စစ်ကောင်စီဘက်မှ ကသည်းသူပုန် သုံးဦးသေဆုံးပြီး တစ်ဦးအရှင်ဖမ်းမိခဲ့သည်။ အဆိုပါတိုက်ပွဲတွင် PDF သုံးဦးလည်း ကျဆုံးခဲ့သည်။