Connect with us

Hi, what are you looking for?

သတင်း

တမူးမြို့တွင် ငွေလဲလုပ်ငန်းလုပ်ကိုင်သောလူငယ်တစ်ဦးကို ပျုခေါင်းဆောင်ချမ်းမြေ့အဖွဲ့က သတ်ဖြတ်ပြီး ကျပ်သိန်း ၁၀၀ကျော်အပြင် ဖုန်းနှင့်ဆိုင်လုယက်

ကိုရာဂျူးသည် အသက် (၂၇)နှစ်အရွယ် လူငယ်တစ်ဦး ဖြစ်ပြီး ငွေလွှဲလုပ်ငန်းလုပ်ကိုင်သူဖြစ်သည်။ ကျပ်သိန်း ၁၀၀ကျော်တန်ကြေးရှိသော အိန္ဒိယရူပီးငွေ သုံးသိန်းခွဲကို ဆိုင်ကယ်ဘောက်အတွင်းထည့်ပြီးသယ်လာစဉ် လုယက်ခံပြီးနောက် သေနတ်ဖြင့် ပစ်သတ်ခံရခြင်းဖြစ်သည်။

အသတ်ခံရသည့် ကိုရာဂျူးနှင့် ပစ်သတ်သွားပြီးနောက်တွေ့ရသော ကျည်ဆံအခွံ)
အသတ်ခံရသည့် ကိုရာဂျူးနှင့် ပစ်သတ်သွားပြီးနောက်တွေ့ရသော ကျည်ဆံအခွံ)

စစ်ကိုင်းတိုင်း တမူးမြို့တွင် ငွေလဲလုပ်ငန်းလုပ်ကိုင်သောလူငယ်တစ်ဦးကို ပျုစောထီးခေါင်းဆောင် ချမ်းမြေ့ဦးဆောင်သည့်အဖွဲ့က သတ်ဖြတ်ပြီး ကျပ်သိန်း ၁၀၀ကျော်အပြင် ဖုန်းနှင့်ဆိုင် လုယက်ယူဆောင်သွားသည်ဟု ဒေသခံများက‌ ပြောသည်။

ငွေလဲလုပ်ငန်းလုပ်ဆောင်သော ကိုရာဂျူးဆိုသူကို တမူးမြို့၊ စော်ဘွား(၁၂) ခရပ်ကွက်တွင် ပျူစောထီးအဖွဲ့က သေနတ်ဖြင့်ပစ်သတ်ခြင်းဟု မြို့ခံများက ပြောသည်။ ထိုဖြစ်ရပ်သည် တမူးမြို့တွင် ယမန်နေ့( နိုဝင်ဘာလ ၂၄ရက်) ညနေက ဖြစ်ခဲ့ခြင်း ဖြစ်သည်။

အသတ်ခံရသည့် ကိုရာဂျူးနှင့် ပစ်သတ်သွားပြီးနောက်တွေ့ရသော ကျည်ဆံအခွံ)
အသတ်ခံရသည့် ကိုရာဂျူးနှင့် ပစ်သတ်သွားပြီးနောက်တွေ့ရသော ကျည်ဆံအခွံ)

” ကိုရာဂျူးအသတ်ခံရတဲ့နေရာမှာ ပန်းချီချမ်းမြေ့တို့ ပျုစောထီးအဖွဲ့က လူသတ်၊ဓားပြတိုက်လုပ်နေတာ။ ကိုရာဂျူးကိုလည်း သူတို့ပဲ သတ်တာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

ကိုရာဂျူးသည် အသက် (၂၇)နှစ်အရွယ် လူငယ်တစ်ဦး ဖြစ်ပြီး ငွေလွှဲလုပ်ငန်းလုပ်ကိုင်သူဖြစ်သည်။ ကျပ်သိန်း ၁၀၀ကျော်တန်ကြေးရှိသော အိန္ဒိယရူပီးငွေ သုံးသိန်းခွဲကို ဆိုင်ကယ်ဘောက်အတွင်းထည့်ပြီးသယ်လာစဉ် လုယက်ခံပြီးနောက် သေနတ်ဖြင့် ပစ်သတ်ခံရခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ချမ်းမြေ့ဆိုသူသည် ပန်းချီဆွဲသူတစ်ဦးဖြစ်ပြီး ပန်းချီချမ်းမြေ့ဟု လူသိများသည်။ စစ်ကောင်စီတပ်နှင့် ပေါင်းသင်းပြီး ပျုစောထီးအဖွဲ့ခေါင်းဆောင်လုပ်နေသူဖြစ်သည်ဟု ဒေသခံများက‌ ပြောသည်။ ချမ်းမြေ့ဆိုသူကို ရှင်းလင်းပေးရန် မြို့ခံများက ပြည်သူ့ကာကွယ်ရေးအဖွဲ့များထံ တောင်းဆိုသည်။

“ချမ်းမြေ့က ရှင်းပစ်မှ ရမှာ။ သူ့ကိုမသတ်နိုင်သေးရင်တော့ အဲ့ဒီလမ်းကို မသွားကြရင်အကောင်းဆုံးပဲ”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတကာက မြန်မာနဲ့ သံတမန်ရေး ထိတွေ့မှုတွေကို မြှင့်တင်ဖို့ ခြေလှမ်းပြင်လာချိန်မှာပဲ အာဏာသိမ်း စစ်တပ်ကမြန်မာပြည်သူတွေအပေါ် သတ်ဖြတ်မှုတွေလျော့ပါးမသွားတဲ့အပြင်ပိုပြီးတောင်ဆိုးရွားလာနေတယ်လို့ နိုင်ငံတကာ လေ့လာစောင့်ကြည့်မှု အဖွဲ့တစ်ခုက ထောက်ပြခဲ့ပါတယ်။

သတင်း

ကျူးလွန်သူကိုထိထိရောက်ရောက်အရေးယူ၊ အပြစ်ပေးဖို့အရပ်ဖက်အဖွဲ့တွေနဲ့ ပြည်သူတွေတောင်းဆို

သတင်း

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ ကုက္ကိုစုပျူစောထီးရွာမှာ တော်လှန်ရေး ရဲဘော် ၂ ဦးအပါအဝင် ၉ ဦးကို စစ်တပ်က နှိပ်စက်သတ်ဖြတ်ခဲ့ကြောင်း မကွေးတိုင်းပကဖက ထုတ်ပြန်ပါတယ်။

သတင်း

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့တော်မှာမြန်မာအမျိုးသမီးတစ်ဦးသတ်ဖြတ်ခံရပြီးရုပ်အလောင်းကိုအပိုင်းပိုင်းခုတ်ထစ်ဖြတ်တောက်ခံထားရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့သံသယရှိခံရသူခင်ပွန်းဖြစ်သူကိုရဲတွေကအပူတပြင်းလိုက်ရှာနေပါတယ်။