Connect with us

Hi, what are you looking for?

သတင်း

ဝင်းရေးမြို့နယ်အတွင်း စစ်တပ်က အရပ်သားများကိုဖမ်းဆီးနေကြောင်း ဒေသခံများပြော

ပြီးခဲ့သော နိုဝင်ဘာလ(၂၁)ရက်က တပ်မဟာ(၆)နယ်မြေအတွင်းရှိ စစ်ကောင်စီလက်အောက်ခံ တောင်ကလေးရဲစခန်း ပစ်ခတ်တိုက်ခိုက်ခံရပြီးသည့်နောက် စစ်ကောင်စီတပ်သည် အင်အားအများအပြားဖြင့် ထိုဒေသအတွင်းတွင် စစ်ရေးဝင်ရောက်လှုပ်ရှားလာခဲ့ခြင်းဖြစ်သည်။

ဝင်းရေးမြို့နယ်အတွင်း စစ်တပ်က အရပ်သားများကိုဖမ်းဆီးနေကြောင်း ဒေသခံများပြော
ဝင်းရေးမြို့နယ်အတွင်း စစ်တပ်က အရပ်သားများကိုဖမ်းဆီးနေကြောင်း ဒေသခံများပြော

KNU တပ်မဟာ(၆)နယ်မြေ ဝင်းရေးမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းသုံးကြောင်းနှင့် စစ်ရေးဝင်ရောက်လှုပ်ရှားနေပြီး ဒေသခံများကို ဖမ်းဆီးခေါ်ဆောင်နေကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ကေအဲန်ယူ-ဝင်းရေးမြို့နယ် တံခွန်တိုင်-အဘစ်လမ်းပိုင်းမှတစ်ဆင့် စစ်ကောင်စီ၏ စစ်ကြောင်းတစ်ကြောင်း၊ တောင်ကလေး-တံခွန်တိုင်လမ်းပိုင်းတွင် စစ်ကောင်စီ၏ စစ်ကြောင်းတစ်ကြောင်း၊ ကြံတောကျေးရွာကနေ တစ်ဆင့် တောလမ်းအတိုင်းစစ်ကြောင်းတစ်ကြောင်း စုစုပေါင်းစစ်ကြောင်း(၃) ကြောင်းဖြင့် ဝင်ရောက်လှုပ်ရှားလာနေသည်ဟု ဒေသခံများက ပြောကြားသည်။

ပြီးခဲ့သောရက်ပိုင်းမှစပြီး နိုဝင်ဘာလ(၂၇) ညပိုင်းထိ စစ်ကောင်စီတပ်သည် တံခွန်တိုင်-အဘစ်လမ်းပိုင်းရှိ ပုလိန်ကျေးရွာဘက်တွင် လက်နက်ကြီးပစ်ခတ်မှုများ ဆက်တိုက်လုပ်ဆောင်နေသလို ယနေ့ နိုဝင်ဘာလ(၂၈)ရက် နံနက်ပိုင်းတွင် ပုလိန်ကျေးရွာတွင် စစ်ကောင်စီတပ်မှ အင်အားအများအပြားနှင့် ရောက်ရှိလာခဲ့ကာ ဒေသခံတချို့ကို ဖမ်းဆီးခဲ့သည်ဟု ဒေသခံများမှ ပြောဆိုသည်။

Public Service Announcement
Public Service Announcement

“စစ်ကောင်စီတွေ အမြှောက်နဲ့ပစ်ပြီး လမ်းရှင်းနေတဲ့အနေအထားပါ။ ပုလိန်မှာ စစ်ကောင်စီတွေ ရောက်ရှိနေပြီ။ ရွာသားနှစ်ယောက်ကိုဖမ်းပြီး လမ်းပြလုပ်ခိုင်းနေပါတယ်။ စစ်ကောင်စီအင်အား များနေပါတယ်။ ခန့်မှန်းခြေ ၃၀၀ နီးပါးလောက်ရှိတယ်” ဟု ဒေသခံများမှ ပြောဆိုသည်။

Public Service Announcement

Public Service Announcement

ထိုစစ်ကောင်စီတပ်၏ စစ်ကြောင်း(၃)ကြောင်းသည် ဝင်းရော်ဒေသအတွင်းရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ၏ စခန်းများကို ဝင်ရောက်တိုက်ခိုက်နိုင်ခြေရှိနေပြီး တံခွန်တိုင်ကျေးရွာအတွင်းရှိ ရဲစခန်းတွင်လည်း ထပ်မံအင်အားဖြည့်ဆည်းဖို့ ရောက်ရှိလာခြင်းများ ဖြစ်နိုင်သည်ဟု ဒေသခံများမှ သုံးသပ်ပြောကြားသည်။

ပြီးခဲ့သော နိုဝင်ဘာလ(၂၁)ရက်က တပ်မဟာ(၆)နယ်မြေအတွင်းရှိ စစ်ကောင်စီလက်အောက်ခံ တောင်ကလေးရဲစခန်း ပစ်ခတ်တိုက်ခိုက်ခံရပြီးသည့်နောက် စစ်ကောင်စီတပ်သည် အင်အားအများအပြားဖြင့် ထိုဒေသအတွင်းတွင် စစ်ရေးဝင်ရောက်လှုပ်ရှားလာခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းတော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲ ပြင်းထန်နေတဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို စစ်တပ်က ၃ရက်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ကြောင်း ဒေသခံက အသိပေးထားပါတယ်။

သတင်း

စစ်တပ်လက်​အောက်ခံ ရှမ်းနီတပ်-SNA ကအရပ်သားအိမ်​တွေရှိရာ ပစ်ခတ်​နေတဲ့ရုပ်သံဖိုင်ပျံ့နှံ့

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဒီကနေ့ ဇွန်လ ၁၉ရက်ရဲ့နေ့လယ်ပိုင်းမှာလည်း အရပ်သားတွေနေထိုင်တဲ့အိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်း၊ တံတားဦးမြို့မှာ လမ်းနယ်နမိတ်နဲ့ မလွတ်လို့ဆိုပြီး နေအိမ် ရာနဲ့ချီဖျက်ဖို့အတွက် စစ်ကောင်စီ လက်အောက်ခံလမ်းဦးစီးဌာနက စာပို့ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။