Connect with us

Hi, what are you looking for?

သတင်း

တမူးမြို့မှာအမျိုးသမီးတစ်ဦး သတ်ဖြတ်ခံရတဲ့ဖြစ်စဉ် NUG စုံစမ်းစစ်ဆေးမယ်

အဲဒီရုပ်သံဖိုင်ထဲမှာ လက်ထိပ်ခတ်ထားတဲ့အမျိုးသမီးကို ပြောက်ကျားဝတ် အမျိုးသမီးတစ်ဦးနဲ့အမျိုးသားအချို့က ရိုက်နှက်တာတွေ တွေ့ရပါတယ်။

တမူးမြို့မှာအမျိုးသမီးတစ်ဦး သတ်ဖြတ်ခံရတဲ့ဖြစ်စဉ် NUG စုံစမ်းစစ်ဆေးမယ်
တမူးမြို့မှာအမျိုးသမီးတစ်ဦး သတ်ဖြတ်ခံရတဲ့ဖြစ်စဉ် NUG စုံစမ်းစစ်ဆေးမယ်

လူမှုကွန်ရက်မှာ ပျံနှံ့နေတဲ့ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ထဲက အမျိုးသမီးတစ်ဦး လမ်းပေါ်မှာ နှိပ်စက်ခံရပြီး ပစ်သတ်ခံရတဲ့ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးမှုတွေလုပ်မယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG )ရဲ့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောလိုက်ပါတယ်။

အဲဒီဖြစ်စဉ်ကို စုံစမ်းစစ်ဆေးရုံနဲ့ ပြီးသွားမှာမဟုတ်ဘဲ ထိုက်သင့်တဲ့ လုပ်ဆောင်မှုတွေကိုမဖြစ်မနေ လုပ်ဆောင်ရမှာဖြစ်တယ်လို့လည်း ဝန်ကြီးဦးအောင်မျိုးမင်းက ပြောပါတယ်။

တမူးမြို့နယ်က လမ်းပိုင်းတစ်နေရာမှာ အမျိုးသမီးတစ်ဦးကို ပြောက်ကျားဝတ်လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့က ရိုက်နှက်နှိပ်စက်ပြီး ပစ်သတ်ခဲ့တဲ့ ရုပ်သံဖိုင်တစ်ခု ပြီးခဲ့တဲ့ ရက်ပိုင်းက လူမှုကွန်ရက်မှာ ပျံ့နှံ့လာခဲ့ပါတယ်။

အဲဒီရုပ်သံဖိုင်ထဲမှာ လက်ထိပ်ခတ်ထားတဲ့အမျိုးသမီးကို ပြောက်ကျားဝတ် အမျိုးသမီးတစ်ဦးနဲ့အမျိုးသားအချို့က ရိုက်နှက်တာတွေ တွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

ဒါအပြင် အဲဒီအဖြစ်အပျက်ကို ပြောက်ကျားဝတ်အမျိုးသားတစ်ဦးက လက်ကိုင်ဖုန်းနဲ့ ရိုက်ကူးနေတာတွေ့ရသလို အမျိုးသမီးကို ဒလန်လုပ်မိပါတယ်လို့ အော်ခိုင်းတာလည်းတွေ့ရပါတယ်။

ရိုက်နှက်အပြီးမှာတော့ မျက်လုံးကို စည်းလိုက်ကာ ဒူးထောက်ထိုင်ခိုင်းပြီး နောက်ကနေ မောင်းပြန်သေနတ်နဲ့ ခေါင်းကို ပစ်ကာ ပစ်သတ်လိုက်ပါတယ်။

ဒီလုပ်ရပ်ကိုကျုးလွန်တဲ့ အဖွဲ့အစည်းကိုတော့မသိရသေးပါဘူး။

NUG လူ့အခွင့်အရေးဝန်ကြီး ကတော့ သွေးဆာနေတဲ့ အကြမ်းဖက်စစ်တပ်ကို တော်လှန်ရာမှာ ကျင့်ဝတ်တွေ ၊လုပ်ထုံးလုပ်နည်းတွေမှန်ကန်ဖို့ လိုတယ်လို့ ထောက်ပြထားပါတယ်။

“ရန်ငါပြတ်ဖို့လိုတယ်ဆိုပေမဲ့ ကိုင်တွယ်ဖြေရှင်းမှုက မမှားဖို့ လိုတယ်၊ ထိန်းသိမ်းဖို့ လိုပါတယ်” လို့လည်း ဝန်ကြီးဦးအောင်မျိုးမင်းက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။

Facebook