Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဒုစရိုက်ဂိုဏ်းတွေ သောင်းကျန်းနေတဲ့ မြို့တစ်မြို့မှာ အယ်လ်ဆာဗေးဒိုးစစ်တပ် အင်အား ၁၀၀၀၀ လောက် ဖြန့်ကျက်

သမ္မတ ဘူကီလီဟာ ဒုစရိုက်ဂိုဏ်းတွေ သောင်းကျန်းမှုကြောင့် တစ်နိုင်ငံလုံးအဆင့် အရေးပေါ် အခြေအနေ ကြေညာချက်ကို မတ်လကုန် ကတည်းက ထုတ်ပြန်ခဲ့ပြီး အဲဒီနောက်ပိုင်း လူပေါင်း ၅၈၀၀၀ ကျော်ကို ဖမ်းဆီး စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

ဒုစရိုက်ဂိုဏ်းတွေ သောင်းကျန်းနေတဲ့ မြို့တစ်မြို့မှာ အယ်လ်ဆာဗေးဒိုးစစ်တပ် အင်အား ၁၀၀၀၀ လောက် ဖြန့်ကျက်
ဒုစရိုက်ဂိုဏ်းတွေ သောင်းကျန်းနေတဲ့ မြို့တစ်မြို့မှာ အယ်လ်ဆာဗေးဒိုးစစ်တပ် အင်အား ၁၀၀၀၀ လောက် ဖြန့်ကျက်

မြို့တစ်မြို့မှာ အလွန်အကျွံ သောင်းကျန်းနေတဲ့ ဒုစရိုက် ဂိုဏ်းတွေကို ဖြိုခွင်းဖို့အတွက် အယ်လ်ဆာဗေးဒိုး စစ်တပ်နဲ့ ရဲတပ်ဖွဲ့ အင်အား ၁၀၀၀၀ လောက်ကို ဖြန့်ကျက်ထားလိုက်ကြောင်း သိရပါတယ်။

သမ္မတ နာယစ်ဘ် ဘူကီလီက ဆိုယာပန်ဂိုမြို့ ပတ်ပတ်လည်ကို အထူးတပ်ဖွဲ့ အင်အား ၁၀၀၀၀ လောက် ဝန်းရံထားလိုက်ပြီး မြို့ရဲ့ အဓိက အဝင်အထွက် လမ်းမအားလုံးကိုလည်း ပိတ်ထားလိုက်တယ်လို့ အတည်ပြုခဲ့ပါတယ်။ ဒီအတောအတွင်း အထူး ကွန်မန်ဒို အဖွဲ့တွေက ဒုစရိုက်ဂိုဏ်းသားတွေရဲ့ နေအိမ်တွေကို ဝင်ရောက်စီးနင်း ရှာဖွေနေပါတယ်။

လုံခြုံရေး အရာရှိတွေက မြို့ထဲက ထွက်ခွာဖို့ ကြိုးစားသူတိုင်းကို တားဆီးပြီး စာရွက်စာတမ်းတွေ စစ်ဆေးနေပါတယ်။ အယ်လ်ဆာဗေးဒိုး အစိုးရဟာ ပြည်တွင်းမှာ ဒုစရိုက်ဂိုဏ်းတွေနဲ့ ဆက်နွှယ်တဲ့ ရာဇဝတ်မှုတွေ ထူပြောလာတာကို တုံ့ပြန်ဖို့ စစ်ဆင်ရေးတွေ ဆက်တိုက် အကောင်အထည် ဖော်နေပြီး ဆိုယာပန်ဂိုက အခြေအနေတွေဟာလည်း အဲဒီ အစီအမံတွေရဲ့ အစိတ်အပိုင်း တစ်ခုလို့ ဆိုနိုင်ပါတယ်။

ဆိုယာပန်ဂိုမှာ ဒေသခံ ၂၉၀၀၀၀ ကျော် နေထိုင်ပြီး အယ်လ်ဆာဗေးဒိုးရဲ့ အကြီးဆုံး မြို့တစ်ခု ဖြစ်ပါတယ်။ အဲဒီမြို့ဟာ မြို့တော် ဆန်ဆယ်လ်ဗာဒိုရဲ့ အနောက်ဖက် ၈ မိုင်လောက်သာ ကွာဝေးတဲ့ နေရာမှြ တည်ရှိနေပါတယ်။

Public Service Announcement

Public Service Announcement

လောလောဆယ်တော့ ဆိုယာပန်ဂို မြို့ဧရိယာ တဝိုက်ကို လုံးဝဥဿုံ ဝိုင်းပတ် ပိတ်ဆို့ထားပြီး ရဲတွေနဲ့ စစ်သားတွေက ရာဇဝတ် ဂိုဏ်းသားတွေကို တစ်ဦးချင်းစီ ဖော်ထုတ်နိုင်ဖို့ ကြိုးစားနေကြောင်း ပြောပါတယ်။

မြို့ထဲက သာမန်ပြည်သူတွေ အနေနဲ့ ဘာမှ စိုးရိမ် ထိတ်လန့်နေဖို့ မလိုဘူးလို့ သမ္မတက ပြောပေမယ့်လည်း လုံခြုံရေး တပ်ဖွဲ့တွေနဲ့ ရာဇဝတ် ဂိုဏ်းတွေကြားက ပဋိပက္ခတွေအတွင်း မြို့ခံလူထု ကြားညပ်နိုင်တယ်ဆိုတဲ့ စိုးရိမ်တကြီး ထောက်ပြမှုတွေလည်း ရှိနေပါတယ်။

သမ္မတ ဘူကီလီဟာ ဒုစရိုက်ဂိုဏ်းတွေ သောင်းကျန်းမှုကြောင့် တစ်နိုင်ငံလုံးအဆင့် အရေးပေါ် အခြေအနေ ကြေညာချက်ကို မတ်လကုန် ကတည်းက ထုတ်ပြန်ခဲ့ပြီး အဲဒီနောက်ပိုင်း လူပေါင်း ၅၈၀၀၀ ကျော်ကို ဖမ်းဆီး စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

ဆောင်းပါး

ထိုင်းနိုင်ငံမှာ မိသားစုအတွက် နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲခံ၊အလုပ်ကြိုးစားပြီးနောက် နေရပ်ဌာနီက မိဘနှစ်ပါးဆီ ပြန်လာခဲ့တဲ့ ကိုအောင်ငြိမ်းချမ်းတစ်ယောက် ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကားကွင်းထဲ ခြေချမိချိန်မှာတော့ သူ့ဘဝရဲ့ အမှောင်မိုက်ဆုံး နေ့ရက်တွေ စတင်ခဲ့ပါတယ်။

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) တပ်ဖွဲ့တွေရဲ့ ဝတ်စုံတွေ နဲ့ သတင်းရယူစုံစမ်းတာ၊ ပုံမှားရိုက်တာတွေ လုပ်ဆောင်နေကြောင်း ရွှေကူ KPDFက ဒီကနေ့ ထုတ်ပြန် သတိပေးပါတယ်။