Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီကို အကြမ်းဖက်အဖြစ် NUG ကြေညာ

ဒါအပြင် အဲဒီအကျိုးအမြတ်တွေကို အသုံးပြုပြီး စစ်အုပ်စုဟာ နေ့စဉ်နဲ့အမျှ နိုင်ငံတဝှမ်းက ပြည်သူ့တွေအပေါ် သတ်ဖြတ်မှုတွေ ကျုးလွန်နေတယ်လို့လည်း NUG က ကြေညာချက်ထဲမှာထည့်သွင်းထားတာတွေ့ရပါတယ်။

ဓာတ်ပုံ − AFP
ဓာတ်ပုံ − AFP

အာဏာသိမ်း စစ်ကောင်စီ သက်ဆိုးရှည်အောင် ဘဏ္ဍာငွေ ရှာဖွေပေးနေတဲ့ စစ်တပ်ရဲ့ ဦးပိုင် ကုမ္ပဏီကို အကြမ်းဖက်အဖြစ် အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) က ဒီနေ့ ဒီဇင်ဘာလ ၆ ရက် ညနေပိုင်းမှာ သတ်မှတ်ကြေညာလိုက်ပါတယ်။

မြန်မာ့စီးပွာရေးဦးပိုင်လီမိတက်နဲ့ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းတွေဟာ စီးပွားရေးလုပ်ငန်းပေါင်းစုံကို လက်ဝါးကြီးအုပ် ချယ်လှယ်ပြီး နှစ်စဉ်ဘဏ္ဍာငွေ အမြောက်အများ စစ်တပ်အတွက်ရှာဖွေပေးနေတယ်လို့ NUG က ဆိုထားပါတယ်။

အဲဒီဘဏ္ဍာငွေဟာ စစ်တပ်ရဲ့ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ အရာရှိကြီးတွေအတွက်သာ အကျိုးစီးပွားဖြစ်ထွန်းပြီးအောက်ခြေအဆင့် တွေအတွက် ခံစားခွင့်မရှိသလောက်နည်းပါးတာကိုအမြတ်ငွေ ခွဲဝေမှု စာရွက်စာတမ်းတွေကို ကိုးကားပြီး NUG က ပြောထားပါတယ်။

Public Service Announcement
Public Service Announcement

ဒါအပြင် အဲဒီအကျိုးအမြတ်တွေကို အသုံးပြုပြီး စစ်အုပ်စုဟာ နေ့စဉ်နဲ့အမျှ နိုင်ငံတဝှမ်းက ပြည်သူ့တွေအပေါ် သတ်ဖြတ်မှုတွေ ကျုးလွန်နေတယ်လို့လည်း NUG က ကြေညာချက်ထဲမှာထည့်သွင်းထားတာတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

ဒါကြောင့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် နဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းကို အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်လိုက်ပြီး အဲဒီအဖွဲ့တွေက ပိုင်တဲ့ ပစ္စည်းတွေကို အများပြည်သူအကျိုးစီးပွားအတွက် ထိန်းချုပ် စီမံသွားမယ်လို့လည်း NUG က ကြေညာထားပါတယ်။

မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်ဟာ စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းစုဖြစ်ပြီး ၁၉၉၀ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေနဲ့ ပြည်သူတွေကို စစ်အာဏာရှင်က ရက်ရက်စက်စက် နှိက်စက်သတ်ဖြတ်ခဲ့တာကို မမေ့ကြဖို့နဲ့ စစ်အာဏာရှင်တွေကဘုံရန်သူပျောက်အောင် သွေးခွဲလေ့ရှိတာကိုသတိထားကြဖို့ရွှေဝါရောင်ဆရာတော် ဆရာတော် မင်းသုညက မိန့်ကြားလိုက်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်က ကာကင်းစခန်းနဲ့ ခြေကုတ်နေရာအချို့သိမ်းပိုက်ခံရပြီး​တော့ အာဏာသိမ်းစစ်တပ်က ဒီနေ့မှာစစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ သံတွဲမြို့နယ်တို့ ကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးပတ်ကြဲနေတယ်လို့ဒေသခံတွေကပြောပါတယ်။