Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီကို အကြမ်းဖက်အဖြစ် NUG ကြေညာ

ဒါအပြင် အဲဒီအကျိုးအမြတ်တွေကို အသုံးပြုပြီး စစ်အုပ်စုဟာ နေ့စဉ်နဲ့အမျှ နိုင်ငံတဝှမ်းက ပြည်သူ့တွေအပေါ် သတ်ဖြတ်မှုတွေ ကျုးလွန်နေတယ်လို့လည်း NUG က ကြေညာချက်ထဲမှာထည့်သွင်းထားတာတွေ့ရပါတယ်။

ဓာတ်ပုံ − AFP
ဓာတ်ပုံ − AFP

အာဏာသိမ်း စစ်ကောင်စီ သက်ဆိုးရှည်အောင် ဘဏ္ဍာငွေ ရှာဖွေပေးနေတဲ့ စစ်တပ်ရဲ့ ဦးပိုင် ကုမ္ပဏီကို အကြမ်းဖက်အဖြစ် အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) က ဒီနေ့ ဒီဇင်ဘာလ ၆ ရက် ညနေပိုင်းမှာ သတ်မှတ်ကြေညာလိုက်ပါတယ်။

မြန်မာ့စီးပွာရေးဦးပိုင်လီမိတက်နဲ့ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းတွေဟာ စီးပွားရေးလုပ်ငန်းပေါင်းစုံကို လက်ဝါးကြီးအုပ် ချယ်လှယ်ပြီး နှစ်စဉ်ဘဏ္ဍာငွေ အမြောက်အများ စစ်တပ်အတွက်ရှာဖွေပေးနေတယ်လို့ NUG က ဆိုထားပါတယ်။

အဲဒီဘဏ္ဍာငွေဟာ စစ်တပ်ရဲ့ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ အရာရှိကြီးတွေအတွက်သာ အကျိုးစီးပွားဖြစ်ထွန်းပြီးအောက်ခြေအဆင့် တွေအတွက် ခံစားခွင့်မရှိသလောက်နည်းပါးတာကိုအမြတ်ငွေ ခွဲဝေမှု စာရွက်စာတမ်းတွေကို ကိုးကားပြီး NUG က ပြောထားပါတယ်။

Public Service Announcement
Public Service Announcement

ဒါအပြင် အဲဒီအကျိုးအမြတ်တွေကို အသုံးပြုပြီး စစ်အုပ်စုဟာ နေ့စဉ်နဲ့အမျှ နိုင်ငံတဝှမ်းက ပြည်သူ့တွေအပေါ် သတ်ဖြတ်မှုတွေ ကျုးလွန်နေတယ်လို့လည်း NUG က ကြေညာချက်ထဲမှာထည့်သွင်းထားတာတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

ဒါကြောင့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် နဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းကို အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်လိုက်ပြီး အဲဒီအဖွဲ့တွေက ပိုင်တဲ့ ပစ္စည်းတွေကို အများပြည်သူအကျိုးစီးပွားအတွက် ထိန်းချုပ် စီမံသွားမယ်လို့လည်း NUG က ကြေညာထားပါတယ်။

မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်ဟာ စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းစုဖြစ်ပြီး ၁၉၉၀ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိိုင်းတိုင်း၊မုံရွာမြို့က အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)အနီးမှာ စက်တပ်လေထီးတစ်စီးပျက်ကျမှုဖြစ်စဉ် အတည်ပြုဖို့ စုံစမ်းနေတယ်လို့ မုံရွာပကဖ တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

တနင်္သာရီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ် မောတောင်ဒေသကို စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်နေလို့ ဒေသခံ ထောင်ချီ စစ်ဘေးရှောင်နေရကြောင်း ဒေသ သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ကို စစ်ကောင်စီက ဂျက်ဖိုက်တာလေးစီးနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူတွေထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒီပဲယင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်ပါတယ်။

ထိုင်း - ကမ္ဘောဒီးယား

ကမ္ဘောဒီးယားဖက်က လက်နက်ငယ်တွေနဲ့ ရန်စ ပစ်ခတ်တာကို ကြုံခဲ့ရကြောင်း ထိုင်းစစ်တပ်က စွပ်စွဲပြောကြားခဲ့ပါတယ်။