Connect with us

Hi, what are you looking for?

သတင်း

ဗကသ ဒုဥက္ကဋ္ဌဟောင်း ကိုဂျိမ်း ကို ထောင် ၃ နှစ်ချ

မိခင်ဖြစ်သူရဲ့နာရေးကိုသွားဖို့ ကိုလင်းထက်နိုင်က ထောင်အာဏာပိုင်တွေကိုတင်ပြပေမယ့် ငြင်းပယ်ခံခဲ့ရပါတယ်။

ဓာတ်ပုံ − အသံ - Athan/FB
ဓာတ်ပုံ − အသံ - Athan/FB

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ) ဒုဥက္ကဋ္ဌဟောင်း ကိုဂျိမ်း ခေါ် ကိုလင်းထက်နိုင်ကို ဒီနေ့မှာ အင်းစိန်ထောင်တွင်းတရားရုံးက မတည်မငြိမ်ဖြစ်အောင်လှုံဆော်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) ထောင် ၃ နှစ်ချလိုက်ပါတယ်။

ကိုလင်းထက်နိုင်ကို ပြီးခဲ့တဲ့ ဇွန်လ ၁၈ ရက်က ဗိုလ်တထောင်မြို့နယ်ထဲမှာ စစ်ကောင်စီက ဖမ်းခဲ့တာပါ။

ထောင်ကျနေတဲ့ ကိုလင်းထက်နိုင်ဆီ ထောင်ဝင်စာလာပို့တဲ့ မိခင် ဒေါ်ကြီးမြင့်ဟာ ပြီးခဲ့တဲ့အောက်တိုဘာလ ၁၉ ရက်က အင်းစိန်ထောင် ထောင်ဝင်စာ ပါဆယ်ပို့ရာနေရာ ပေါက်ကွဲ ပစ်ခတ်မှုဖြစ်စဉ်မှာ ထိမှန်သေဆုံးခဲ့ရပါတယ်။

မိခင်ဖြစ်သူရဲ့နာရေးကိုသွားဖို့ ကိုလင်းထက်နိုင်က ထောင်အာဏာပိုင်တွေကိုတင်ပြပေမယ့် ငြင်းပယ်ခံခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

ထောင် ၃ နှစ်ချခံလိုက်ရတဲ့ ကိုလင်းထက်နိုင်ကို ထောင်ဒဏ် တသက်အထိ ချလို့ရတဲ့ အကြမ်းဖက်ပုဒ်မ ၅၀ (ည) နဲ့ စစ်ကောင်စီက တရားထပ်စွဲထားပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုရဲ့ သမီးဖြစ်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ လူငယ်တာဝန်ခံ မမိုး ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ၅၂(က)နဲ့ ထပ်မံတရားစွဲဆိုပြီး ထောင်ဒဏ်ငါးနှစ်ချမှတ်လိုက်တယ်လို့ မိသားစုဝင်တွေက ပြောကြပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေကြောင်း သက်သေပြသပေးဖို့နဲ့ ဗကသများအဖွဲ့ချုပ် နှစ် (၉၀)ပြည့် လူထုလှုပ်ရှားမှုတွေကို ဒီကနေ့ (မေ ၉) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်အနေနဲ့ မိတ်ဆွေတွေကြားက ပဋိပက္ခတွေ၊ အဆင်မပြေတာတွေကို ဆက်လက်သယ်ဆောင်မသွားဘဲ ရန်သူကို နိုင်အောင်တိုက်မယ့် တိုက်ပွဲဝင်စိတ်နဲ့ ရှေ့ဆက်သွားမယ်လို့ မေ ၈ ရက်မှာ ကျရောက်တဲ့ နှစ် (၉၀) ပြည့်အထိမ်းအမှတ်မှာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

တောင်ကြီးမြို့သို့ရောက်ရှိနေသည့် လားရှိုးမြို့မှစစ်ဘေးရှောင်တဦးအား ရွေးကောက်ပွဲပျက်ပြားစေရန် လှုံ့ဆော်သည်ဟုစွပ်စွဲကာ စစ်ကောင်စီကဖမ်းဆီးပြီး ထောင် ၇နှစ်ချလိုက်သည့်လုပ်ရပ်သည် လူထုကို ခြိမ်းခြောက်ခြင်းဟု တောင်ကြီးနှင့်လားရှိုးမြို့မှဒေသခံများကပြောသည်။