Connect with us

Hi, what are you looking for?

သတင်း

ဒီပဲယင်းနယ်တွင် စစ်ကောင်စီတပ်က ယနေ့တစ်ရက်တည်း ကျေးရွာခြောက်ရွာ မီးရှို့ဖျက်ဆီး

ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီက စစ်ကြောင်းနှစ်ခုထိုးနေ၍ ကျေးရွာ (၃၁)ရွာမှ ဒေသခံ ပြည်သူသုံးသောင်းတစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း မြို့နယ်(ပအဖ) စာရင်းကို ကိုးကားကာ ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ပြောသည်။

(မီးရှို့ဖျက်ဆီးခံရသော ကျေးရွာတစ်ရွာအား တွေ့ရစဥ်၊ ဓာတ်ပုံ-ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့)
(မီးရှို့ဖျက်ဆီးခံရသော ကျေးရွာတစ်ရွာအား တွေ့ရစဥ်၊ ဓာတ်ပုံ-ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီတပ်က ယနေ့တစ်ရက်တည်း ကျေးရွာခြောက်ရွာထက်မနည်း မီးရှို့ဖျက်ဆီးနေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့ (ဒီဇင်ဘာ ၉ ရက်)နံနက်ပိုင်းက စစ်ကောင်စီတပ်သည် ဒီပဲယင်းနယ်အရှေ့ခြမ်း မူးရိုးကုန်း၊ ယဉ်ကျေးနှင့် ရုံးသာကျေးရွာများကို ထပ်မံ၍ မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ မွန်းလွဲပိုင်းတွင် သပြေသာရွာ၊ ဝဲကြီးကျေးရွာနှင့် မူးခတွင်းကျေးရွာများကိုလည်း ဝင်ရောက် မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

“အိမ်တွေတော့ စာရင်းမကောက်နိုင်သေးဘူးခင်ဗျ။ စ…(စစ်ကောင်စိတပ်သား)တွေက နေရာအနှံ့ဖြန့်ထားလို့ အခြေနေတွေမသိရသေးဘူး။ မီးရှို့ဖို့သက်သက် ပြည်သူကို ဒုက္ခပေးဖို့ သက်သက်လာတာလားမသိပါဘူးဗျာ။ နေ့စဉ်ရက်ဆက်ရှို့နေတာ။”ဟု ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့က ပြောသည်။

ထို့အပြင် စစ်ဘေးရှောင်နှင့် မီးဘေးသင့်ပြည်သူများအတွက် အစားအစာ၊ အဝတ်ထည်နှင့် စောင်များ လိုအပ်လျက်ရှိသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်သည် ဒီပဲယင်းမြို့နယ်အတွင်း ဒီဇင်ဘာ ၁ရက်မှစတင်ကာ ယနေ့အထိ ဘုန်းကြီးကျောင်း သုံးကျောင်းနှင့် ကျေးရွာ(၁၄)ရွာထက်မနည်း မီးရှို့ဖျက်ဆီးထားပြီး ဖမ်းဆီးသတ်ဖြတ်ခံရသူများလည်းရှိနေသည်။

ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီက စစ်ကြောင်းနှစ်ခုထိုးနေ၍ ကျေးရွာ (၃၁)ရွာမှ ဒေသခံ ပြည်သူသုံးသောင်းတစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း မြို့နယ်(ပအဖ) စာရင်းကို ကိုးကားကာ ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

စစ်ကိုင်းတိုင်းက ကသာ၊အင်းတော်နဲ့ မော်လူးမြို့အနီးက ကျေးရွာတချို့ကို စစ်တပ်က ဗုံးကြဲပြီး မြေပြင်စစ်ကြောင်းတွေဝင်လာလို့ တိုက်ပွဲတွေဖြစ်နေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်က ချင်းတော်လှန်ရေးတပ်စခန်းအချို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ချင်းတော်လှန်ရေးရဲဘော်အချို့ ကျဆုံးမှု ရှိတယ်လို့ ချင်းသတင်းရင်းမြစ်က ပြောပါတယ်။