Connect with us

Hi, what are you looking for?

သတင်း

ဒီပဲယင်းမြို့နယ်တွင် စစ်​ကောင်စီတပ်က ပျံကျရွာအား ဖျက်ဆီးမီးရှို့၍ နေအိမ် ၃၀နီးပါး မီးလောင်ပျက်စီး

စစ်ကောင်စီ စစ်ကြောင်းသည် ပျံကျ​ကျေးရွာအား မီးရှို့ပြီး ကြခတ်​ကျေးရွာတွင် ဝင်ရောက်တပ်စွဲနေသည်ဟု သိရသည်။

(မီးရှို့ခံခဲ့ရသည့် ပျံကျ(အေးသာယာ)​ကျေးရွာအား တွေ့ရစဥ်။ ဓာတ်ပုံ - ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့)
(မီးရှို့ခံခဲ့ရသည့် ပျံကျ(အေးသာယာ)​ကျေးရွာအား တွေ့ရစဥ်။ ဓာတ်ပုံ - ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် အကြမ်းဖက်စစ်​ကောင်စီတပ်က ပျံကျ(အေးသာယာ)ရွာအား ဖျက်ဆီးမီးရှို့၍ နေအိမ် ၃၀နီးပါး မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့ (ဇူလိုင် ၈ ရက်)နံနက်ပိုင်းက ဒီပဲယင်းမြို့နယ် အနောက်ခြမ်း အေးသာယာ(ပျံကျ)​ကျေးရွာကို မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ ရဟတ်ယာဥ်ဖြင့်လာပို့သွားသော စစ်ကောင်စီတပ်သားများက မီးရှို့ဖျက်ဆီးသွားခြင်းဖြစ်ကြောင်း ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က ပြောသည်။

(မီးရှို့ခံခဲ့ရသည့် ပျံကျ(အေးသာယာ)​ကျေးရွာအား တွေ့ရစဥ်။ ဓာတ်ပုံ - ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့)
(မီးရှို့ခံခဲ့ရသည့် ပျံကျ(အေးသာယာ)​ကျေးရွာအား တွေ့ရစဥ်။ ဓာတ်ပုံ – ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့)

အဆိုပါမီးရှို့မှုကြောင့် ​ဒေသခံပြည်သူများ၏ နေအိမ် ၂၇အိမ် ဝန်းကျင် မီးလောင်ဆုံးရှုံးခဲ့ရပြီး နေအိမ်မီးရှို့ခံသူများမှာ ဘေးလွတ်ရာ တိမ်းရှောင်နေရ၍ အရေးပေါ်အကူအညီများ လိုအပ်လျက်ရှိကြောင်း ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က ပြောသည်။

Public Service Announcement
Public Service Announcement

“ဒီကနေ့မနက် ၇ နာရီလောက်က ရှို့တာ။ နှစ်မေရာခွဲပြီး ရှို့သွားတာ။”ဟု ဒီပဲယင်းနယ်ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ စစ်ကြောင်းသည် ပျံကျ​ကျေးရွာအား မီးရှို့ပြီး ကြခတ်​ကျေးရွာတွင် ဝင်ရောက်တပ်စွဲနေသည်ဟု သိရသည်။

(မီးရှို့ခံခဲ့ရသည့် ပျံကျ(အေးသာယာ)​ကျေးရွာအား တွေ့ရစဥ်။ ဓာတ်ပုံ - ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့)
(မီးရှို့ခံခဲ့ရသည့် ပျံကျ(အေးသာယာ)​ကျေးရွာအား တွေ့ရစဥ်။ ဓာတ်ပုံ – ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့)

ဒီပဲယင်းမြို့နယ်တွင် ယမန်နေ့ညနေပိုင်းက အကြမ်းဖက်စစ်တပ်နှင့် ဒေသတွင်း PDF အဖွဲ့များ တိုက်ပွဲဖြစ်ပွားရာ အကြမ်းဖက်စစ်သား ၁၀ဦးခန့်သေဆုံးနိုင်ကြောင်း Freedom Revolution Force(FRF) အဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့ (ဇူလိုင် ၇ရက်)ညနေ ၆နာရီခွဲက ဒီပဲယင်းမြို့နှင့် ၂ မိုင်ခန့်အကွာ မဲသည်ရွာနှင့် ဝဘာကျေးရွာအနီး၌ စစ်ကောင်စီတပ်သား ၄၀ခန့်နှင့် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ကြသည်။

(မီးရှို့ခံခဲ့ရသည့် ပျံကျ(အေးသာယာ)​ကျေးရွာအား တွေ့ရစဥ်။ ဓာတ်ပုံ - ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့)
(မီးရှို့ခံခဲ့ရသည့် ပျံကျ(အေးသာယာ)​ကျေးရွာအား တွေ့ရစဥ်။ ဓာတ်ပုံ – ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့)

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီဘက်က ၁၀ဦးခန့်သေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ကြောင်း Freedom Revolution Force(FRF)အဖွဲ့က ထုတ်ပြန်အသိပေးထားသည်။

စစ်​ကောင်စီတပ်က ၎င်းတို့အာဏာသိမ်းကာလ ၂၀၂၁ ဖေဖော်ဝါရီမှ ၂၀၂၂မေလအထိကာလအတွင်း စစ်ကိုင်းတိုင်းအတွင်းရှိ ​နေအိမ် ၁၃,၈၄၀ခန့် မီးရှို့ဖျက် ဆီးထားကြောင်း Data For Myanmarက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင်(မူတြော်ခရိုင်) တပ်မဟာ(၅)နယ်မြေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စာသင်ကျောင်းနဲ့ နေအိမ်အဆောက်အဦး ပျက်စီးခဲ့ကြောင်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်(KPSN)က ထုတ်ပြန်ပါတယ်။