Connect with us

Hi, what are you looking for?

သတင်း

ရှေ့နေဒေါ်ရွက်နုအောင်အမှု အပြီးသတ်လျှောက်လဲချက်ပေးတော့မယ်

ရှေ့နေ့ ဒေါ်ရွက်နုအောင်ကိုအနိမ့်ဆုံးထောင်ဒဏ် ၁၀ နှစ်ကနေ ထောင်ဒဏ် တသက်ထိ ချလို့ရတဲ့အကြမ်းဖက်ပုဒ်မ ၅၀ ည. နဲ့စစ်ကောင်စီက တရားစွဲထားတာပါ။

ရှေ့နေဒေါ်ရွက်နုအောင်အမှု အပြီးသတ်လျှောက်လဲချက်ပေးတော့မယ်
ရှေ့နေဒေါ်ရွက်နုအောင်အမှု အပြီးသတ်လျှောက်လဲချက်ပေးတော့မယ်

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ရဲ့ ရှေ့နေ ဒေါ်ရွက်နုအောင်အပေါ် အကြမ်းဖက်ပုဒ်မ နဲ့စွဲဆိုထားတဲ့အမှုကို လာမယ့် ရက်သတ္တပတ်ရုံးချိန်းမှာ အပြီးသတ်လျှောက်လဲချက်ပေးပါတော့မယ်။

ရှေ့နေ့ ဒေါ်ရွက်နုအောင်ကိုအနိမ့်ဆုံးထောင်ဒဏ် ၁၀ နှစ်ကနေ ထောင်ဒဏ် တသက်ထိ ချလို့ရတဲ့အကြမ်းဖက်ပုဒ်မ ၅၀ ည. နဲ့စစ်ကောင်စီက တရားစွဲထားတာပါ။

အဲဒီအမှုကိုအိုးဘိုထောင်တွင်း စစ်ကောင်စီတရားရုံးမှာ စစ်ဆေးနေတာဖြစ်ပြီး လာမယ့် ဒီဇင်ဘာလ၁၃ ရက်နေ့ ရုံးချိန်းမှာအပြီးသတ်လျှောက်လဲချက်ပေးမယ်လို့သိရပါတယ်။

အခုလို တရားစွဲခံထားရတဲ့ ဒေါ်ရွက်နုအောင်ဟာ အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ဖမ်းဆီးထားတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ၊ မန္တလေးတိုင်း NLD ပါတီဒုဥက္ကဋ္ဌ ဒေါ်ဝင်းမြမြတို့ ရဲ့အမှုတွေကိုလိုက်ပါဆောင်ရွက်ပေးနေသူရှေ့နေဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ ဧပြီအတွင်းမှာတော့ အိုးဘိုထောင်ရုံးချိန်ကအပြန် မှာ စစ်ကောင်စီက ဖမ်းဆီးခဲ့ပါတယ်။

အဲဒီနောက် PDF ကိုထောက်ပံ့တယ်ဆိုပြီး အကြမ်းဖက်ပုဒ်မနဲ့တရားစွဲခဲ့တာလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အိန္ဒိယမှာ တရားသူကြီးချုပ်ကို ရှေ့နေ တစ်ဦးက ဖိနပ်နဲ့ ကောက်ပေါက်ခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံတကာ

အပြည်ပြည်ဆိုင်ရာ ရာဇဝတ် ခုံရုံး (ICC)ရဲ့ တရားလို (ဆွဲချ)ရှေ့နေ ကာရင်မ်ခန်းဟာ လိင်ပိုင်းဆိုင်ရာ မလျော်ကန်တဲ့ လုပ်ရပ်တွေ ကျူးလွန်ကြောင်း စွပ်စွဲချက်နဲ့ ဆက်စပ်ပြီး လုပ်ငန်း တာဝန်တွေကနေ ခွင့်ရက် သတ်မှတ် အနားပေး ခံထားလိုက်ရပါတယ်။

သတင်း

မန္တလေးမြို့မှ တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်အား အီတလီ နိုင်ငံတကာလူ့အခွင့်အရေးဆု(Ludovic Trarieux)ပေးအပ်ချီးမြှင့်ရာ NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ကိုယ်စားဆုလက်ခံရယူခဲ့ကြောင်း သိရသည်။

သတင်း

အီတလီနိုင်ငံအခြေစိုက် IDHAE အဖွဲ့က ၂၀၂၄ ခုနှစ်အတွက် နိုင်ငံတကာလူ့အခွင့်အရေးဆု(Ludovic Trarieux)ကို မန္တလေးမြို့မှ တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်ကို ပေးအပ်ချီးမြှင့်မည်ဟု သိရသည်။