Connect with us

Hi, what are you looking for?

သတင်း

တစ်လကျော်ကြာဖမ်းဆီးထားတဲ့ ရှေ့နေဒေါ်ရွက်နုအောင်ကို အိုးဘိုထောင်မှာ ရုံးထုတ်စစ်ဆေးမယ်

ဒေါ်ရွက်နုအောင်ဟာ စစ်ကောင်စီဖမ်းဆီးအမှုစွဲထားတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ရဲ့ ရှေ့နေ တစ်ဦးလည်းဖြစ်ပါတယ်။

စစ်ကောင်စီရဲ့မတရားဖမ်းဆီးခံထားရတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်
စစ်ကောင်စီရဲ့မတရားဖမ်းဆီးခံထားရတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်

PDF ကို ထောက်ပံ့တယ်ဆိုကာ အကြမ်းဖက်ပုဒ်မနဲ့ ဖမ်းဆီး တရားစွဲဆိုခံထားရတဲ့ မန္တလေးကနာမည်ကျော် တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်ကို မနက်ဖြန် အိုးဘိုထောင်တွင်း တရားရုံးမှာ အမှုစတင်စစ်ဆေးမယ်လို့သိရပါတယ်။

ရှေ့နေ ဒေါ်ရွက်နုအောင်ကို စစ်ကောင်စီကဖမ်းဆီးပြီး တစ်လကျော်အကြာမှာ အမှုစတင်စစ်ဆေးဖို့ကြိုးပမ်းတာလည်းဖြစ်ပါတယ်။ စွဲဆိုထားတဲ့အကြမ်းဖက်ပုဒ်မ ၅၀ (ည)ဟာ ထောင်ဒဏ် ၁၀ နှစ်ကနေ အများဆုံးထောင်ဒဏ် တသက်အထိချလို့ရတဲ့ပုဒ်မလည်းဖြစ်ပါတယ်။

မတရားဖမ်းဆီးခံထားရသူ ဒေါ်ရွက်နုအောင်ဟာ အမှုမှာ ရှေ့နေမဌားဘဲ ကိုယ်တိုင်ထုချေမယ်လို့သိရပါတယ်။

ဒေါ်ရွက်နုအောင်ဟာ စစ်ကောင်စီဖမ်းဆီးအမှုစွဲထားတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ရဲ့ ရှေ့နေ တစ်ဦးလည်းဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ ဧပြီလ ကုန်ပိုင်းက မန္တလေးအိုးဘိုထောင်အတွင်း ဒေါက်တာဇော်မြင့်မောင်ရဲ့ အမှုရုံးချိန်းကအပြန် ဒေါ်ရွက်နုအောင်ကို စစ်ကောင်စီကဖမ်းဆီးခဲ့တာပါ။ ဒေါ်ရွက်နုအောင်ရဲ့ ရုံးခန်းကိုလည်းစစ်ကောင်စီတပ်တွေ ဝင်ရောက်ရှာဖွေသိမ်းဆည်းတာတွေလုပ်ခဲ့ပါသေးတယ်။

ဖမ်းဆီးပြီးနောက် မန္တလေးနန်းတွင်းစစ်ကြောရေးမှာ စစ်ဆေးခဲ့ပြီး အိုးဘိုထောင်ကိုပို့လိုက်တာလည်းဖြစ်ပါတယ်။

ဒေါ်ရွက်နုအောင်ဟာ ဗစ်တိုရီးယားလေးအမှုမှာ နစ်နာသူကလေးငယ်ဘက်က လိုက်ပါဆောင်ရွက်ပေးခဲ့တဲ့ရှေ့နေလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊အိုးဘိုထောင်ကယာယီဆောင်မှာ အလှူရှင်လှူထားတဲ့ရေသန့်စက်ပျက်တယ်ဆိုပြီး နိုင်ငံ​ရေးအကျဥ်းသား​တွေကိုရေပိုက်ကလာတဲ့ ရေကိုပဲသောက်ခိုင်းတာကြောင့် ဝမ်းပျက်၊ဝမ်း လျှောရောဂါတွေဖြစ်​နေကြပြီးဆေးကုသခွင့်လည်းမရဘူးလို့ ထောင်ဝန်ထမ်းနဲ့နီးစပ်သူ​တွေက​ပြောတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ချင်းပြည်နယ် ပလက်၀မြို့နယ် ကုလက်ချောင်းနဲ့ ရှင်းလက်ချောင်းအတွင်းရှိ စက်လှေအငှားလိုက်တဲ့ ဒေသခံချင်းလူမျိုး ငါးဦးကို AA က ဖမ်းဆီးစစ်ဆေးနေပြီး အချို့မှာ ဒီနေ့ထိ ပြန်မ လွတ်လာသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လိုင်စင်မဲ့ ဖွင့်လှစ်ထားတဲ့ အရက်ဆိုင် တစ်ခုကို စီးနင်းရှာဖွေခဲ့ပြီး ဆယ်ကျော်သက် လူငယ်တစ်ဦး အပါအဝင် မြန်မာ ၁၁ ဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာပါတယ်။

သတင်း

မန္တလေးအိုးဘိုထောင်မှာထောင်ဒဏ် ၁၆၄ နှစ်အကျဉ်းချခံရတဲ့နိုင်ငံရေး အကျဉ်းသားတစ်ဦးလုံလောက်တဲ့ဆေးဝါးကုသမှုမရရှိတဲ့အတွက် အခုလ ဇူလိုင် ၂၀ ရက်မှာထောင်တွင်းဆုံးပါးသွားအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။