Connect with us

Hi, what are you looking for?

သတင်း

တိုက်ပွဲဝင် CDM စစ်သည်၏ ဇနီးမီးဖွားစရိတ်အတွက် NUG ကာကွယ်ရေးဝန်ကြီးဌာန ကျပ် ၁၀သိန်းထောက်ပံ့

အဆိုပါ CDM တပ်ကြပ်ကြီးသည် ယခုနှစ် ဇန်နဝါရီ၁ရက်တွင် ပြည်သူ့ဘက်ရပ် တည်လာခြင်းဖြစ်သည်ဟု ဆိုသည်။

ဓာတ်ပုံ - MOD
ဓာတ်ပုံ - MOD

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များနှင့် ပူးပေါင်းတိုက်ပွဲဝင်နေသည့် CDM စစ်သည်တစ်ဦး၏ ဇနီးအတွက် မီးဖွားစရိတ်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ကရင်နီ(ကယား)ပြည်နယ်၊ ဖရုဆိုမြို့နယ်တွင် အာဏာသိမ်းအကြမ်းဖက်စစ်တပ်၏ မတရားသောအမိန့်များကို ဆန့်ကျင်ပြီး ပြည်သူ့ဘက်ရပ်တည်ကာ ပြည်သူ့ကာကွယ်ရေးတပ်သားများနှင့်ပူးပေါင်းတိုက်ပွဲဝင်လျက်ရှိသော CDMတပ်ကြပ်ကြီးတစ်ဦး၏ ဇနီးသည်အတွက် မီးဖွားစားရိတ်အဖြစ် ကျပ် ၁၀သိန်းထောက်ပံ့ပေးခဲ့သည်ဟု ဖော်ပြသည်။

အဆိုပါ CDM တပ်ကြပ်ကြီးသည် ယခုနှစ် ဇန်နဝါရီ၁ရက်တွင် ပြည်သူ့ဘက်ရပ် တည်လာခြင်းဖြစ်သည်ဟု ဆိုသည်။

ပြည်သူ့ဘက်ရပ်တည်လာမည့် တပ်သားနှင့်ရဲများကို လက်ကမ်းကြိုဆိုနေမည်ဖြစ်ပြီး လူသားလုံခြုံရေးဆိုင်ရာအကူအညီများ(Human Security)ပေးနိုင်ရန် ဆက်လက်ကြိုးစားသွားမည် ဖြစ်ကြောင်းလည်း အမျိုးသားညီညွတ်ရေးအစိုးရက ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန် သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။