Connect with us

Hi, what are you looking for?

သတင်း

ခရမ်းမြို့နယ်မှ CDMကျောင်းဆရာတစ်ဦးကို စစ်ကောင်စီက အလုပ်ကြမ်းနှင့်ထောင်ဒဏ်(၁၀)နှစ် မတရားချမှတ်

ဦးထက်မြတ်အောင်ကို ဖေဖော်ဝါရီ ၂၃ရက်တွင် နေအိမ်သို့ဝင်ရောက်၍ မတရားဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ပြစ်မှူကျူးလွန်ထားခြင်းမရှိဘဲ မတရားစွပ်စွဲချက်များဖြင့် အမှုဆင်ကာ ဒီဇင်ဘာ ၂ရက်တွင် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

(စစ်တပ်အာဏာသိမ်းမှု ဆန့်ကျင်ကန့်ကွက်ဆန္ဒပြနေသော ခရမ်းမြို့နယ်မှ ပညာရေးဝန်ထမ်းများအား ၂၀၂၁ ဖေဖော်ဝါရီလက တွေ့ရစဥ်)
(စစ်တပ်အာဏာသိမ်းမှု ဆန့်ကျင်ကန့်ကွက်ဆန္ဒပြနေသော ခရမ်းမြို့နယ်မှ ပညာရေးဝန်ထမ်းများအား ၂၀၂၁ ဖေဖော်ဝါရီလက တွေ့ရစဥ်)

ရန်ကုန်တိုင်း ခရမ်းမြို့နယ်မှ CDMကျောင်းဆရာတစ်ဦးကို မတရားပုဒ်မတပ်ကာ အလုပ်ကြမ်းနှင့်ထောင်ဒဏ် (၁၀)နှစ်ချမှတ်သည့်အပေါ်ကန့်ကွက်ကြောင်း ယင်းမြို့နယ်အခြေခံပညာ ပညာရေးလုပ်သားများသမဂ္ဂမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“၅၀(ည)လို့တော့ သိရပါတယ်။ သူကပုံမှန် CDMတစ်ဦးပါပဲ။ သူ့အိမ်မှာပုံမှန်ပဲနေထိုင်ပြီး မိသားစုနဲ့အတူနေတာပါ”ဟု ၎င်းက ပြောသည်။

မတရားပုဒ်မတပ်ကာ ပြစ်ဒဏ်ချခံရသည့် ဦးထက်မြတ်အောင်သည် ခရမ်းမြို့နယ် အ.ထ.က (ခွဲ)ကံကောင်းဟောင်းတွင် မူလတန်းပြဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး စစ်အာဏာ သိမ်းမှုနောက်ပိုင်းတွင် CDMလှုပ်ရှားမှု၌ ပါဝင်ခဲ့သူဖြစ်သည်။

ဦးထက်မြတ်အောင်ကို ဖေဖော်ဝါရီ ၂၃ရက်တွင် နေအိမ်သို့ဝင်ရောက်၍ မတရားဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ပြစ်မှူကျူးလွန်ထားခြင်းမရှိဘဲ မတရားစွပ်စွဲချက်များဖြင့် အမှုဆင်ကာ ဒီဇင်ဘာ ၂ရက်တွင် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

“ယခုလပိုင်းအတွင်း မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများ ကြီးလေးသောပြစ်ဒဏ်များ ချမှတ်နေခြင်းအပေါ် ဖမ်းဆီးထိန်းသိမ်းခံထားရသူများ၏ လုံခြုံရေးအထူးစိုးရိမ်စရာရှိနေပါကြောင်းနှင့် ကျွန်ုပ်တို့ CDMဝန်ထမ်းများအပေါ် မတရားဖမ်းဆီးထောင်ချနေမှုများ၊ လူ့အခွင့် အရေး ချိုးဖောက်နေမှုများကို ပြင်းထန်စွာကန့်ကွက်ဆန့်ကျင်ပါသည်။”ဟု ခရမ်းမြို့နယ် အခြေခံပညာ ပညာရေးလုပ်သားများသမဂ္ဂက ကြေညာချက်ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)နဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) နိုင်ငံ့ဝန်ထမ်းတွေ ဆွေးနွေးပွဲကို ဇူလိုင် ၁၂ရက်က ကျင်းပခဲ့ကြောင်း SCEFနဲ့ CDM အ ဖွဲ့အစည်းတွေက အသိပေးထုတ်ပြန်ပါတယ်။