Connect with us

Hi, what are you looking for?

သတင်း

မြန်မာ့အရေးမှာ အာဆီယံ လမ်းကြောင်းအတိုင်း လိုက်ပါဖို့ အိန္ဒိယကို အင်ဒို ပြော

စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံတဲ့ အိန္ဒိယရဲ့ လုပ်ရပ်ဟာ မြန်မာပြည် ဒီမိုကရေစီပြန်ရဖို့အာဆီယံရဲ့ကြိုးပမ်းချက်အပေါ် သက်ရောက်မှုတွေရှိနေတယ်လို့ အင်ဒို နိုင်ငံခြားရေးဝန်ကြီးက သတိပေးပါတယ်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်တ်နို မာဆူဒီ
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်တ်နို မာဆူဒီ

စစ်ကောင်စီနဲ့ ထိတွေ့ ဆက်ဆံမှုတွေ လုပ်နေတဲ့ အိန္ဒိယ အစိုးရ အနေနဲ့ အာဆီယံ ရဲ့ နည်းလမ်းအတိုင်း လိုက်ပါဆောင်ရွက်ဖို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်တ်နို မာဆူဒီ က တိုက်တွန်းလိုက်ပါတယ်။

စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံတဲ့ အိန္ဒိယရဲ့ လုပ်ရပ်ဟာ မြန်မာပြည် ဒီမိုကရေစီပြန်ရဖို့အာဆီယံရဲ့ကြိုးပမ်းချက်အပေါ် သက်ရောက်မှုတွေရှိနေတယ်လို့ အင်ဒို နိုင်ငံခြားရေးဝန်ကြီးက သတိပေးပါတယ်။

ဒါကြောင့် အိန္ဒိယအပြင် အခြားသောနိုင်ငံတွေဟာ အာဆီယံ နည်းလမ်းအတိုင်း လိုက်ပါပြီး ဘုံသဘောတူညီချက် ၅ ချက်ကို စစ်ကောင်စီ အကောင်အထည်ဖော်ပေးဖို့ တိုက်တွန်းသင့်တယ်လို့ အင်ဒို နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

မိတ်ဖက်နိုင်ငံတွေအနေနဲ့ အာဆီယံ ရဲ့ကြိုးပမ်းချက်ကို ထောက်ပံ့ဖို့လိုပြီး သီးခြားလမ်းကြောင်းနဲ့ ဆောင်ရွက်ကြမယ်ဆိုရင် မြန်မာနိုင်ငံကို နိုင်ငံရေးအကျပ်အတည်းကနေ ဆွဲထုတ်နိုင်မှာမဟုတ်ကြောင်း အင်ဒို နိုင်ငံခြားရေးဝန်ကြီးက သတင်းစကားပါးပါတယ်။

Public Service Announcement

Public Service Announcement

အိန္ဒိယဟာ အာဏာသိမ်းစစ်တပ်နဲ့ ထိတွေ့ဆက်ဆံမှုတွေကို လုပ်ဆောင်နေတဲ့ အင်အားကြီးနိုင်ငံတစ်ခုဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကတင် အိန္ဒိယ နိုင်ငံခြားရေးအတွင်းဝန် နေပြည်တော်ကို သွားရောက်ခဲ့ပါသေးတယ်။

မြန်မာ့အရေးမှာ အာဆီယံလမ်းကြောင်းအတိုင်း လိုက်ပါဖို့ အိန္ဒိယကကို တိုက်တွန်းလိုက်တဲ့ အင်ဒို ဟာ လာမယ့်နှစ် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူမယ့်နိုင်ငံလည်းဖြစ်ပါတယ်။

ကိုးကား − The Hindu

ဆက်စပ်သတင်းများ

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

နိုင်ငံတကာ

BRICS စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ရဲ့ ထိပ်သီးညီလာခံ တက်ရောက်လာတဲ့ အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်တွေ အိန္ဒိယ နိုင်ငံမှာ တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီနဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့ဟာ အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမြို့မှာ ဒီနေ့ (စက်တင်ဘာလ ၁၁ ရက်) သောကြာနေ့မှာ တွေ့ဆုံခဲ့ကြပါတယ်။