Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီတပ်ကအိန္ဒိယဘက်မှစစ်လက်နက်ပစ္စည်းများသယ်ယူမည့်သတင်းကြောင့်တမူး-က​လေးလမ်းကိုPDFပိတ်

စစ်​ရေးတင်းမာကာ အချိန်မ​ရွေးတိုက်ပွဲဖြစ်ပွားနိုင်​သောအ​ခြေအ​နေ​ကြောင့် ကလေး-တမူးလမ်းမကြီးကိုတမူး PDF တပ်ရင်း( ၃)က နိုဝင်ဘာ ၁၂ ရက်မှစ၍ ၁၉ ရက်အထိ့ပိတ်ထားကြောင်းထုတ်ပြန်ထားသည်။

(၂၀၂၂ သြဂုတ်လတွင် က​လေး-တမူးလမ်းတွင် လမ်းလုံခြုံ​ရေး​ဆောင်ရွက်​နေ​သော တမူးPDFတပ်ဖွဲ့ဝင်အချို့။ ဓါတ်ပုံ- တမူးPDFတပ်ရင်း- ၃)
(၂၀၂၂ သြဂုတ်လတွင် က​လေး-တမူးလမ်းတွင် လမ်းလုံခြုံ​ရေး​ဆောင်ရွက်​နေ​သော တမူးPDFတပ်ဖွဲ့ဝင်အချို့။ ဓါတ်ပုံ- တမူးPDFတပ်ရင်း- ၃)

▪︎တိုက်ပွဲများမကြာခဏဖြစ်​နေပြီးစစ်​ရေးတင်းမာ​နေ

စစ်​ကောင်စီတပ်က အိန္ဒိယနယ်စပ်မှလက်နက်များသယ်ယူမည့်သတင်းကြောင့် ကလေး-တမူး အာရှလမ်းမကြီးကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကတစ်ပါတ်ပိတ်ထားပြီး တိုက်ပွဲများမကြာခဏ ဖြစ်ပွားကာစစ်​ရေးတင်းမာ​နေ​ကြောင်း တမူးပြည်သူ့ကာကွယ်​ရေးတပ် တပ်ရင်း(၃ )မှတာဝန်ရှိသူက​ပြောသည်။

စစ်​ရေးတင်းမာကာ အချိန်မ​ရွေးတိုက်ပွဲဖြစ်ပွားနိုင်​သောအ​ခြေအ​နေ​ကြောင့် ကလေး-တမူးလမ်းမကြီးကိုတမူး PDF တပ်ရင်း( ၃)က နိုဝင်ဘာ ၁၂ ရက်မှစ၍ ၁၉ ရက်အထိ့ပိတ်ထားကြောင်းထုတ်ပြန်ထားသည်။

“(စစ်ကောင်စီတပ်က) အင်အားတိုးတာထက် ကျွန်တော်နယ်မြေကို ဖိပြီး ပစ္စည်းသယ်ဖို့ လမ်းကြောင်းဖောက်ချင်တဲ့ သဘောပါဗျ”ဟု PDF(တမူး) တပ်ရင်း-၃ တာဝန်ရှိသူကပြောသည်။

ယခုရက်ပိုင်းတွင် စစ်ကောင်စီတပ်က ၁၂ ဘီးကားများအပါအဝင် အနည်းဆုံး ကားစီ၁၀ စီးကို ပစ္စည်းများသယ်ယူရန်ဖမ်းဆီးထားပြီး ကုန်တင်ကားသမားများလည်းထွက်ပြေးနေရသည်ဟု ဒေသခံများက​ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

တမူးမြို့တွင် နိုဝင်ဘာလ ၁၃ရက်မှစ၍တိုက်ပွဲများမကြာခဏဖြစ်နေပြီး စစ်ကောင်စီတပ်က စစ်လက်နက်ပစ္စည်းများ သယ်ယူရန် ကြိုးစားနေ​​သဖြင့်တိုက်ပွဲများဖြစ်ပွား​နေခြင်းဖြစ်​ကြောင်းPDFများကပြောသည်။

“အိန္ဒိယကပို့တဲ့လက်နက်တွေ တမူးကိုရောက်နေတယ်ဗျ။ လက်နက်ကြီးတွေလို့ပဲ သိထားတယ်။ အရပ်သားကားတွေကို ချောဆွဲထားပြီး သယ်ဖို့ကြိးစားနေတယ်” ဟုPDFတစ်ဦးကပြောသည်။

“လက်နက်တွေကရု​ရှားကနေပို့ထားတာရောက်နေတာကြာပြီ။ အကြီးစားကြီးတွေဗျ။ မနေ့က(နိုဝင်ဘာ ၁၄)တော့ရအောင်သယ်မယ်ဆိုတာမျိုးနဲ့ ပစ်ခတ်ပြီး ထွက်တာ။ ဒါပေမယ့် ဒီကောင်တွေတမူးနယ်ထဲကနေတော့ ထွက်လို့မရဘူး”ဟုအခြားPDFတစ်ဦးကလည်းပြောသည်။

အိန္ဒိယမှနယ်စပ်အတိုင်းသွင်းလာပြီး တမူးမှ က​လေးမြို့သို့စစ်​ကောင်စီက ကားအစီး​ရေများစွာဖြင့်သယ်ယူမည့်ပစ္စည်းများမှာ မည်သည့်ပစ္စည်းများဖြစ်သည်ကို People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။

နိုဝင်ဘာလ၁၄ရက်ကတမူးမြို့အာရှလမ်းမကြီးဝန်းကျင်တွင်တိုက်ပွဲပြင်းထန်ခဲ့ပြီး လက်နက်ကြီးထိမှန်၍ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကျဆုံးခဲ့ကာ သုံးဦးဒဏ်ရာရခဲ့သည်။စစ်ကောင်စီဘက်မှလည်း ၅ဦးထက်မနည်းသေဆုံးသည်ဟု တမူးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ယနေ့(နိုဝင်ဘာလ ၁၅ရက်)တွင်လည်း တမူး-ကလေး အာရှလမ်းမကြီးအတိုင်း စစ်ကောင်စီတပ်ကားတန်းထွက်ခွာရန် နံနက်ပိုင်းကတည်းကပြင်ဆင်နေပြီး စစ်​ရေးတင်းမာ​နေကြောင်း ဒေသခံများက​ပြောသည်။

“(PDF​တွေက) ဘယ်ကားမှ အသွားမခံဘူး။ တိုက်ပွဲအကြီးအကျယ်ဖြစ်မယ် အရိပ်အယောင်တွေမြင်နေရတယ်”ဟု တမူးမြို့ခံတစ်ဦးကပြောသည်။

ကားလမ်းပိန်သည်မှာ ၄ ရက်ရှိလာ​သောအခါတမူးမြို့တွင် စက်သုံးဆီပြတ်လပ်နေသည်ဟု ဒေသခံများကပြောသည်။

ထို့ကြောင့် တမူးမြို့တွင် စက်သုံးဆီဈေးမြင့်တက်နေပြီး တစ်လီတာကို ကျပ် ၅၀၀၀ ကျော်အထိမြင့်တက်နေသည်ဟုလည်း ဒေသခံများကပြောသည်။

မြို့ခံတစ်ဦးက”လမ်းတွေပိတ်ထားတော့ဆီဆိုင်တွေက ဆီမထုတ်ရောင်းရဲကြဘူး။ အကုန်လုံးကြောက်လန့်နေတယ်”ဟု ပြောသည်။

“ပြည်သူတွေလဲ ဒုက္ခရောက်သလို ကျတော်တို့လဲ ပြည်သူတွေထိခိုက်မှာကို ပြန်ကြည့်ရတော့ အရမ်းအခက်တွေ့ပါတယ်ဗျ”ဟု တမူးPDF တပ်ရင်း (၃)မှ တာဝန်ရှိသူကပြောသည်။

ပြည်သူလူထုအနေဖြင့် စစ်ကောင်စီတပ်၏ အသုံးချခံမဖြစ်အောင်ဂရုစိုက်ပေးကြရန်လည်း အထက်ပါတာဝန်ရှိသူက​မေတ္တာရပ်ခံပြောသည်။

အိန္ဒိယ-မြန်မာနယ်စပ်ဂိတ်ဖြစ်သည့် တမူးနယ်စပ်ဂိတ်ကိုလည်း နိုဝင်ဘာ ၁၅ ရက်မှ စတင်ပြီး ၃လကြာ ပိတ်မည်ဖြစ်ကြောင်း အိန္ဒိယ၊ မဏိပူရပြည်နယ်အစိုးရက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။

သတင်း

နှစ်ဘက်တိုက်ပွဲများကြောင့် ဆွာမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာ(၅)ရွာမှ ပြည်သူအများအပြား နေအိမ်စွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေကြရကြောင်း စုံစမ်းသိရသည်။

သတင်း

ကော့ကရိတ်မြို့မြောက်ပိုင်း၌ နေရာယူထားသော ကျားဖြူစစ်ကြောင်းရှိရာသို့ စစ်ကောင်စီတပ်က တိုးဝင်လာ၍ တိုက်ပွဲစတင်ဖြစ်ခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီက လေကြောင်းမှ အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်နေသည်ဟု ၎င်းက ပြောသည်။