အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံထားရတဲ့ LGBT အရေးလှုပ်ရှားသူ စူးရှ ရှင်းသန့်ကို စစ်ကောင်စီ မန္တလေး အိုးဘိုထောင်တွင်းတရားရုံးက ထောင်ဒဏ် ၂၂ နှစ် ချလိုက်တယ်လို့ စုံစမ်းသိရပါတယ်။
အကြမ်းဖက်ပုဒ်မနဲ့ စွပ်စွဲပြီး ပြီးခဲ့တဲ့ ရက်သတ္တပတ် ရုံးချိန်းမှာ ထောင်ချလိုက်တာ လို့ တရားရေးအသိုင်းအဝိုင်းကတဆင့်သိရပါတယ်။
အကြမ်းဖက်ပုဒ်မနဲ့ စွပ်စွဲရတဲ့အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။
စူးရှရှင်းသန့်ကို ပြီးခဲ့တဲ့ နှစ် အောက်တိုဘာလအတွင်းက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

Public Service Announcement
စူးရှရှင်းသန့်ဟာ လိင်ပြောင်း အမျိုးသမီးတစ်ဦးဖြစ်ပြီး LGBTQI အရေး တက်ကြွလှုပ်ရှားသူ တစ်ဦး ဖြစ်ကာ ၊ Protection of Violence Against Women (POVAW) ဥပဒေကြမ်း ထွက်ပေါ်လာရေးအတွက် ကြိုးပမ်းကြနေတဲ့လုပ်ငန်းစဉ်မှာ ပါဝင်ခဲ့သူ လည်းဖြစ်ပါတယ်။


















































