Connect with us

Hi, what are you looking for?

News

တွန်းဇံရဲစခန်းမှ တပ်ဖွဲ့ဝင်ငါးဦး ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ထံ ပူးပေါင်း

အာဏာသိမ်းစစ်ကောင်စီအောက်တွင် ဆက်လက်တာဝန်မထမ်းဆောင်လိုပါ၍ ပြည်သလူထုနှင့်အတူ CDM ပြလုပ်မည်ဖြစ်ကြောင်း ရဲတပ်သား ကိမ်ကိမ်းမန်၏ စာ၌ ရေးသားထားသည်။

ချင်းပြည်နယ် တွန်းဇံမြို့နယ် တွန်းဇံမြို့မရဲစခန်းမှ ရဲတပ်သား ကိမ်ကိမ်းမန်အပါအဝင် ရဲတပ်သားငါးဦးငြိမ်းချမ်းစွာပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)တွင် ပါဝင်ပြီး အာဏာရှင်စနစ်ဆိုးကို တော်လှန်ရန် ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့(CDF)ထံ ပူးပေါင်းလာကြောင်း CDFက သတင်းထုတ်ပြန်သည်။

ထိုသို့ ထုတ်ပြန်ရာတွင် ရဲတပ်သား ကိမ်ကိမ်းမန်က ပြည်သူနှင့်အတူ CDMတွင် ပူးပေါင်း ဆောင်ရွက်ကြောင်း တွန်းဇံမြို့မ ရဲစခန်းထံတင်ပြစာကိုပါ ပူးတွဲဖော်ပြခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီအောက်တွင် ဆက်လက်တာဝန်မထမ်းဆောင်လိုပါ၍ ပြည်သလူထုနှင့်အတူ CDM ပြလုပ်မည်ဖြစ်ကြောင်း ရဲတပ်သား ကိမ်ကိမ်းမန်၏ စာ၌ ရေးသားထားသည်။

ပြည်သူလူထု၏ ဆန္ဒနှင့်အညီ ရွေးချယ်တင်မြှောက်သော ဒီမိုကရေစီ အစိုးရတစ်ရပ် ပေါ်ပေါက်လာမှသာ မိမိတာဝန်များအား ပြန်လည်ထမ်းဆောင်မည်ဟုလည်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

အမျိုးသားညီညွတ်ရေးအစိုးရက စစ်အာဏာရှင် ဆန့်ကျင်ရေး ပြည်သူလူထု၏ ခုခံတွန်းလှန်စစ် ယနေ့ စတင်ပြီဖြစ်ကြောင်း ကြေညာခဲ့ရာ မင်းအောင်လှိုင် ၏လိမ်လည်လှည့်ဖြားမှု ဖိနှိပ်မှုအောက်တွင် တာဝန်ထမ်းဆောင်နေကြသော တပ်မတော်သားများ၊ ပြည်သူ့ရဲများ ဝန်ထမ်းများအနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ် PDFများနှင့် ချက်ချင်းဆက်သွယ်ပူးပေါင်းရန် ယာယီသမ္မတဒူဝါလရှီးလက ၎င်း၏ အရေးပေါ် မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ မုဒိမ်းမှု စွပ်စွဲချက် တစ်ခုနဲ့ ဆက်စပ်ပြီး ရဲစခန်းတစ်ခုက ရဲဝန်ထမ်းနဲ့ တခြားအမှုထမ်း ၇၈ ဦးစလုံးကို လုပ်ငန်းတာဝန်ကနေ ဆိုင်းငံ့ထားလိုက်ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ရဲစခန်းတစ်ခု ပစ်ခတ်ခံရတဲ့နောက် လုံခြုံရေး တိုးမြှင့်ထားသလို အနီးမှာရှိတဲ့ ကျောင်းတစ်ကျောင်းကိုလည်း ပိတ်ထားရပါတယ်။

သတင်း

ဒုတိယ ကမ္ဘာစစ်မှာ နာမည်ဆိုးနဲ့ အထူးကျော်ကြားခဲ့တဲ့ နာဇီ ခေါင်းဆောင်ကြီး အဒေါ့ဖ်ဟစ်တလာ မွေးဖွားခဲ့တဲ့ နေရာဟာ အခုတော့ ရဲစခန်းတစ်ခု ဖြစ်လာခဲ့ပါပြီ။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)နဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) နိုင်ငံ့ဝန်ထမ်းတွေ ဆွေးနွေးပွဲကို ဇူလိုင် ၁၂ရက်က ကျင်းပခဲ့ကြောင်း SCEFနဲ့ CDM အ ဖွဲ့အစည်းတွေက အသိပေးထုတ်ပြန်ပါတယ်။