Connect with us

Hi, what are you looking for?

သတင်း

မြန်မာ၊ အာဖဂန်နစ္စတန်နဲ့ လစ်ဗျား တို့ရဲ့ ကိုယ်စားပြုခွင့် ဆုံးဖြတ်ချက်ကို ကုလရွှေ့ဆိုင်း

အာဖဂန်နစ္စတန်ဟာလည်း အမေရိကန်ထောက်ခံတဲ့ သမ္မတ အာရှတ်ဖ်ဂါနီ အစိုးရ ကို ဖြုတ်ချထားတဲ့ တာလီဘန် က ကုလမှာ ထိုင်ခံရဖို့ကိုယ်စားလှယ် လျှောက်ထားပါတယ်။

မြန်မာ ၊ အာဖဂန်နစ္စတန်နဲ့ လစ်ဗျား တို့ရဲ့ ကိုယ်စားပြုခွင့် ဆုံးဖြတ်ချက်ကို ကုလရွှေ့ဆိုင်း
မြန်မာ ၊ အာဖဂန်နစ္စတန်နဲ့ လစ်ဗျား တို့ရဲ့ ကိုယ်စားပြုခွင့် ဆုံးဖြတ်ချက်ကို ကုလရွှေ့ဆိုင်း

မြန်မာ ၊ အာဖဂန်နစ္စတန်နဲ့ လစ်ဗျား နိုင်ငံတို့ရဲ့ ကုလသမဂ္ဂ မှာကိုယ်စားပြုခွင့်နဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ချဖို့ ထပ်မံ ရွှေ့ဆိုင်းလိုက်ပြီး လက်ရှိ ရှိနေဆဲ သံအမတ်ကြီးတွေကိုသာ ဆက်လက်တာဝန်ပေးဖို့ ကုလသမဂ္ဂက ဒီဇင်ဘာလ ၁၆ ရက်မှာဆုံးဖြတ်လိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ်ကလည်း မြန်မာ ၊ အာဖဂန်နစ္စတန်နဲ့ လစ်ဗျား နိုင်ငံတို့ရဲ့ကိုယ်စားပြုခွင့်ကို မဆုံးဖြတ်ပေးဘဲ ရွှေ့ဆိုင်းထားခဲ့တာပါ။

ကုလသမဂ္ဂဆုံးဖြတ်ချက်ချဖို့ရွှေ့ဆိုင်းထားတဲ့ ၃ နိုင်ငံမှာ မြန်မာဟာ စစ်တပ်အာဏာသိမ်းထားပြီး NUG အစိုးရနဲ့ အာဏာသိမ်းစစ်ကောင်စီက ကုလမှာ ကိုယ်စားပြုခွင့်ရဖို့အပြိုင်ကြိုးစားနေပါတယ်။

အာဖဂန်နစ္စတန်ဟာလည်း အမေရိကန်ထောက်ခံတဲ့ သမ္မတ အာရှတ်ဖ်ဂါနီ အစိုးရ ကို ဖြုတ်ချထားတဲ့ တာလီဘန် က ကုလမှာ ထိုင်ခံရဖို့ကိုယ်စားလှယ် လျှောက်ထားပါတယ်။

Public Service Announcement

Public Service Announcement

လစ်ဗျားဟာဆိုရင် လည်းပြည်တွင်းမှာအစိုးရ ၂ ရပ်ရှိနေပြီး လက်ရှိ လစ်ဗျား ကုလကိုယ်စားလှယ်ဟာ မြို့တော် ထရိုပိုလီ မှာရှိတဲ့ အမျိုးသားညီညွှတ်ရေးအစိုးရကို ကိုယ်စားပြုထားပြီး ပါလီမန်က ထောက်ခံထားတဲ့ အမျိုးသားတည်ငြိမ်ရေး အစိုးရ ကလည်း ကုလမှာနေရာဖို့ စင်ပြိုင်လျှောက်ထားတာရှိပါတယ်။

ဒါပေမယ့် ကုလသမဂ္ဂဟာ အဲဒီ ၃ နိုင်ငံရဲ့ကိုယ်စားပြုခွင့် ဆုံးဖြတ်ချက်ချတာကို ရွှေ့ဆိုင်းလိုက်ပြီး လက်ရှိ သံအမတ်ကြီးတွေကိုပဲ ဆက်နေရာပေးထားဖို့ ဆုံးဖြတ်ကြပါတယ်။

ဒီလို ဆုံးဖြတ်တာကို မဲမခွဲဘဲ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ တူညီဆန္ဒနဲ့ ဆုံးဖြတ်လိုက်ကြတာလို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်းပြောထားပါတယ်။

မြန်မာနိုင်ငံအတွက်တော့ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ပြီး NUG ကိုထောက်ခံသူ သံအမတ်ကြီး ဦးကျော်မိုးထွန်း နောက်ထပ်တစ်နှစ် ကုလသမဂ္ဂမှာ ကိုယ်စားပြုခွင့်ထပ်ရတာလည်းဖြစ်ပါတယ်။

ဦးကျော်မိုးထွန်း ကို ဆက်ရွေးတဲ့အပေါ် စစ်ကောင်စီဘက်က ကုလဟာ အကြမ်းဖက်အားပေးဖြစ်တယ်လို့ ပြင်းပြင်းထန်ထန်စွပ်စွဲတုံ့ပြန်ထားပါတယ်။

ကိုးကား − အယ်လ်ဂျာဇီးယား

ဆက်စပ်သတင်းများ

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

သတင်း

အမေရိကန် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးကို ပြည်နှင်ဒဏ်​ပေးလိုက်ကြောင်း အာဏာသိမ်း စစ်တပ်က ထုတ်ပြန်ပါတယ်။

သတင်း

အမေရိကန် သမ္မတရဲ့ ညွှန်ကြားချက်အရ မြန်မာ အပါအဝင်နိုင်ငံ​ပေါင်း ၂၃ ခုကို ၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် တရားမဝင် မူးယစ်ဆေးဝါးထုတ်လုပ်ရာ၊ ဖြတ်သန်းသယ်ယူ ပို့ဆောင်ရာနိုင်ငံတွေအဖြစ်သတ်မှတ်ကြောင်းအမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကစက်တင်ဘာ ၁၅ ရက်မှာထုတ်ပြန်ခဲ့ပါတယ်။

ဆောင်းပါး

အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က မြန်မာနိုင်ငံကို ကမ္ဘာ့တရားမဝင် မူးယစ်ဆေးဝါး အဓိက ထုတ်လုပ်ရာနှင့် သယ်ယူဖြန့်ဖြူးရာ နိုင်ငံတစ်ခုအဖြစ် သတ်မှတ်လိုက်ကြောင်း အိမ်ဖြူတော်ကကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။