Connect with us

Hi, what are you looking for?

သတင်း

တိုက်ပွဲများပြန်ဖြစ်လာနေသည့် ကော့ကရိတ်မြို့နယ်ထဲကို စစ်တပ်က လေယာဥ်နှင့် ဗုံးကြဲ

စစ်ကောင်စီတပ်သည် တပ်အင်အားတိုးချဲ့ပြီး ကေအဲန်ယူနယ်မြေအတွင်း စစ်ရေးဝင်ရောက်လှုပ်ရှားလာပါက ထိတွေ့တိုက်ပွဲများပိုမိုပြင်းထန်လာနိုင်ပြီး လက်နက်ကြီးနှင့် လေယာဉ်ပစ်ကူများလည်း ပိုမိုအသုံးပြုလာနိုင်သည်ဟု ကော့ကရိတ်ဒေသခံတစ်ဦးက သုံးသပ်ပြောကြားသည်။

တိုက်ပွဲများပြန်ဖြစ်လာနေသည့် ကော့ကရိတ်မြို့နယ်ထဲကို စစ်တပ်က လေယာဥ်နှင့် ဗုံးကြဲ
တိုက်ပွဲများပြန်ဖြစ်လာနေသည့် ကော့ကရိတ်မြို့နယ်ထဲကို စစ်တပ်က လေယာဥ်နှင့် ဗုံးကြဲ

ကော့ကရိတ်မြို့နယ်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြား ထိတွေ့တိုက်ပွဲများ ပြန်လည်ဖြစ်ပွားပြီးသည့်နောက် ယနေ့နံနက်အစောပိုင်းတွင် ကော့ကရိတ်မြို့နယ်ထဲကို စစ်ကောင်စီတပ်က လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ကေအဲန်ယူ-ကော့ကရိတ်မြို့နယ် လှိုင်၀ကျေးရွာတွင်ရှိသော စစ်ကောင်စီ၏ ခလရ(၂၃၁)တပ်စခန်းကို ပြီးခဲ့သည့် ဒီဇင်ဘာလ(၁၆)ရက် နံနက်အစောပိုင်းကစ၍ KNLA ပူးပေါင်းတပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ တပ်ရင်းမှူးအပါအဝင် (၇)ဦးခန့်သေဆုံးပြီး (၉)ဦးဒဏ်ရာရရှိခဲ့ကာ ပူးပေါင်းအဖွဲ့ဘက်မှ တစ်ဦးကျဆုံးနှင့် နှစ်ဦးဒဏ်ရာရခဲ့သည်ဟု ကျားဖြူစစ်ကြောင်းမှ ထုတ်ပြန်ထားသည်။

ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် လေကြောင်းပစ်ကူများ အသုံးပြုပြီး တိုက်ခိုက်ခဲ့သော်လည်း KNLA ပူးပေါင်းတပ်ဖွဲ့များဘက်မှ အောင်မြင်စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီ၏ လက်နက်သုံးလက်ကို သိမ်းဆည်းရခဲ့သည်ဟု ကျားဖြူစစ်ကြောင်းက ထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

နှစ်ဖက်စစ်ရေးအခြေအနေ တင်းမာမှုများရှိနေသည့် ကော့ကရိတ်မြို့နယ်အတွင်း ယနေ့ ဒီဇင်ဘာလ(၁၈)ရက် မနက်အစောပိုင်းတွင် စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့် ဗုံးလာရောက်ကြဲချခဲ့သလို တပ်အင်အားများလည်း တိုးချဲ့ကာ စစ်ကြောင်းထိုးဖွဲ့ဖို့ ပြင်ဆင်မှုများလုပ်ဆောင်နေသည်ဟု ကြားသိရကြောင်း ကော့ကရိတ်ဒေသခံတစ်ဦးက ဆိုသည်။

Public Service Announcement

Public Service Announcement

“ကော့နွဲ့အပေါ်ဘက်မှာ ဗုံးလာကြဲသွားတယ်။ အာရှလမ်း ဒီဘက်ဟိုဘက်ခြမ်းကျတယ်။ (၆)လုံးလို့ပြောတယ်။ တောထဲမှာကျတယ်။ ထိခိုက်မှုတော့ မရှိဘူး။ လှိုင်၀ဘက်မှာ စစ်ကူ(၁၀၀)ကျော် ရောက်နေတယ်လို့ကြားတယ်။ စစ်ကြောင်းတော့ မဝင်သေးဘူး” ဟု ကော့ကရိတ်ဒေသခံတစ်ဦးက ဆိုသည်။

စစ်ကောင်စီတပ်သည် တပ်အင်အားတိုးချဲ့ပြီး ကေအဲန်ယူနယ်မြေအတွင်း စစ်ရေးဝင်ရောက်လှုပ်ရှားလာပါက ထိတွေ့တိုက်ပွဲများပိုမိုပြင်းထန်လာနိုင်ပြီး လက်နက်ကြီးနှင့် လေယာဉ်ပစ်ကူများလည်း ပိုမိုအသုံးပြုလာနိုင်သည်ဟု ကော့ကရိတ်ဒေသခံတစ်ဦးက သုံးသပ်ပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့မှာ ကင်းပတ်ထွက်လာတဲ့ စစ်တပ် တိုက်ခံရပြီး သေဆုံးထိခိုက်မှုတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြို(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ဦး သေဆုံးပြီးသူ့ရဲ့ ဇနီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။