Connect with us

Hi, what are you looking for?

သတင်း

ကော့ကရိတ်မြို့နယ်ထဲက ဘုန်ကြီးကျောင်း လက်နက်ကြီးကျရောက်ပေါက်ကွဲ

စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် မြောက်ကြာအင်းကျေးရွာဘုန်းကြီးကျောင်းအပေါ် လက်နက်ကြီးကျည်လေးလုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်မှုကတော့ လတ်တလောတွင် မသိရှိရသေးကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ကော့ကရိတ်မြို့နယ်ထဲက ဘုန်ကြီးကျောင်း လက်နက်ကြီးကျရောက်ပေါက်ကွဲ
ကော့ကရိတ်မြို့နယ်ထဲက ဘုန်ကြီးကျောင်း လက်နက်ကြီးကျရောက်ပေါက်ကွဲ

ကော့ကရိတ်မြို့နယ် မြောက်ကြာအင်းကျေးရွာတွင် ယနေ့ ညနေပိုင်း၌ စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဘုန်းကြီးကျောင်းအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာရှိမှုများပြားခဲ့သည်ဟု ဒေသခံများဆီကနေ သိရသည်။

ကော့ကရိတ်မြို့တွင် ယနေ့မနက်ပိုင်းက KNLA ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်းထန်ခဲ့သလို ကော့ကရိတ်မြို့နယ်၏ မြောက်ကြာအင်းနှင့် တောင်ကြာအင်းကျေးရွာဘက်ခြမ်းတွင်လည်း ယနေ့မွန်းလွဲပိုင်းတွင်လည်း လက်နက်ကြီးလက်နက်ငယ်ပစ်ခတ်သံများထွက်ပေါ်ခဲ့ပြီး စစ်ကောင်စီလေယာဉ်လည်း လာရောက်ပျံဝဲမှုများ ရှိနေသည်ဟု ဒေသခံများကပြောသည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် မြောက်ကြာအင်းကျေးရွာဘုန်းကြီးကျောင်းအပေါ် လက်နက်ကြီးကျည်လေးလုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်မှုကတော့ လတ်တလောတွင် မသိရှိရသေးကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ရွာမှာလူတွေအများကြီးထိတယ်၊ ထိသူတွေအများကြီး၊ အတိအကျမသိရသေးဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

မြောက်ကြာအင်းကျေးရွာသည် ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေ ကျုံဒိုးမြို့နယ်အတွင်းတွင် တည်ရှိပြီး လက်ရှိတွင် စစ်ကောင်စီလေယာဉ်များ ထပ်မံရောက်ရှိလာခဲ့သည့်အတွက် ယခုညပိုင်းတွင် တိုက်ပွဲများပြင်းထန်နိုင်သည်ဟု ဒေသခံတစ်ဦးက သုံးသပ်ထားသည်။

Public Service Announcement
Public Service Announcement

ပြီးခဲ့သည့် အောက်တိုဘာလအစောပိုင်းက ဘုရားသုံးဆူဒေသအနီးမှာရှိ မက္ကသာကျေးရွာထဲတွင် စစ်ကောင်စီတပ်ဘက်မှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မက္ကသာဘုန်းကြီးကျောင်းဆောင် မီးလောင်ပျက်စီးခဲ့ရပြီး သံဃာတော်တစ်ပါး ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လက်နက်ကြီး ပစ်အားကို လက်တွေ့ စမ်းသပ်တဲ့ လေ့ကျင့်ပစ်ခတ်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်နေရာတွေမှာ တိုက်ပွဲဖြစ်နေချိန် စစ်တွေမြို့ပေါ် အထက(၄)စာသင်ကျောင်းဝင်းထဲနဲ့ စံပြရပ်ကွက်ထဲကို ဒီနေ့ မနက်ပိုင်းမှာ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေက ပြောကြပါတယ်။