Connect with us

Hi, what are you looking for?

သတင်း

ပေါက်မြို့နယ်ရှိထောက်ရှာပင်ရွာကို စစ်ကောင်စီကယ​နေ့ညတွင် မီးရှို့ဖျက်ဆီး

အချိန်မ​ရွေးတိုက်ပွဲများဖြစ်ပွားလာနိုင်သဖြင့် ပြည်သူများအနေဖြင့် သတိပြုသွားလာကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက သတိပေးသည်။

(​ပေါက်မြို့နယ်ရှိ​ကျေးရွာတစ်ရွာကို စစ်​ကောင်စီတပ်က ဒီဇင်ဘာလဆန်းပိုင်းကမီးရှို့ဖျက်ဆီး​ခဲ့စဥ်။ဓါတ်ပုံ-​ပေးပို့)
(​ပေါက်မြို့နယ်ရှိ​ကျေးရွာတစ်ရွာကို စစ်​ကောင်စီတပ်က ဒီဇင်ဘာလဆန်းပိုင်းကမီးရှို့ဖျက်ဆီး​ခဲ့စဥ်။ဓါတ်ပုံ-​ပေးပို့)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်အတွင်းရှိထောက်ရှာပင်ကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ည ၈ နာရီခွဲခန့်က စတင်မီးရှို့ဖျက်ဆီးနေသည်ဟုဒေသခံများကပြောသည်။

ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ကျေးရွာကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်သည်ဟု ဒေသခံများက​ပြောသည်။ စစ်ကောင်စီတပ်နှင့် ၎င်းတို့လက်ပါးစေ ပျူစောထီးအင်အား (၁၀၀) ခန့်က ယနေ့(ဒီဇင်ဘာ ၁၈) ညနေပိုင်းက ကျေးရွာအတွင်း စစ်​ကြောင်းထိုးဝင်ရောက်လာခြင်းဖြစ်သည်။

“မီးရှို့ပြီး ဒေသခံကာကွယ်ရေးတပ်တို့ကို မျှားခေါပြီး သတ်ကွင်းဆီ ခေါ်နေတဲ့ သဘောရှိတယ်”ဟု အနောက်ပိုင်းတိုင်း တပ်မဟာ(၇)၊ တပ်ရင်း ၇၀၃ တပ်ရင်းမှုး စိုးမိုးကသုံးသပ်ပြောကြားသည်။

လက်ရှိတွင် ကျေးရွာတွင်းရှိ ပြည်သူများလည်း ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရ​ကြောင်းဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

အချိန်မ​ရွေးတိုက်ပွဲများဖြစ်ပွားလာနိုင်သဖြင့် ပြည်သူများအနေဖြင့် သတိပြုသွားလာကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက သတိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။