Connect with us

Hi, what are you looking for?

သတင်း

ပေါက်မြို့နယ်တွင်ရွာများကို မီးပတ်ရှို့နေ့သည့် စစ်ကောင်စီတပ်အား PDF များတိုက်ခိုက်

ပျူစောထီးများပါသည့် စစ်ကောင်စီတပ်သည် နိုဝင်ဘာ ၂၀ ရက်နှင့် ၂၁ရက်များတွင် ကျွန်းတိုင်ကျေးရွာကို ရွာလုံးကျွတ်မီးရှို့ပြီး စသိန်းရွာနှင့်ဂွေးဂုံရွာများကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်။

(စစ်​ကောင်စီတပ် မီးရှို့ခဲ့​သော ​ပေါက်မြု့နယ်ရှိ ​ကျေးရွာများနှင့် စစ်​ကောင်စီတပ်ကို သွား​ရောက်တိုက်ခိုက်​သော PDFတပ်မဟာ(၇)၊ တပ်ရင်း (၇၀၃) မှ တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-People' Spring)

မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိကျေးရွာများကို မီးရှို့ဖျက်ဆီး​နေ​သောစစ်​ကောင်စီတပ်ကို ဒေသခံပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေကြောင်း ​ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များထံမှသိရသည်။

ပျူစောထီးများပါသည့် စစ်ကောင်စီတပ်သည် နိုဝင်ဘာ ၂၀ ရက်နှင့် ၂၁ရက်များတွင် ကျွန်းတိုင်ကျေးရွာကို ရွာလုံးကျွတ်မီးရှို့ပြီး စသိန်းရွာနှင့်ဂွေးဂုံရွာများကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်။

အဆိုပါစစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တို့ကြား နိုဝင်ဘာ ၂၂ရက်မှစ၍ နိုဝင်ဘာ ၂၃ ရက်ညအထိ တိုက်ပွဲဖြစ်ပွားနေသည်ဟု အနောက်ပိုင်းတိုင်း တပ်မဟာ(၇)၊ တပ်ရင်း (၇၀၃) မှ တာဝန်ရှိသူကပြောသည်။

“စစ်ကြောင်းက ပျူစောထီးတွေအများစုပါပြီး ဒေသတွင်းက အဖွဲ့တွေကို ရိက္ခာနဲ့လက်နက်ထောက်ပို့လာတဲ့ စစ်ကြောင်းဖြစ်ပါတယ်။ မနေ့ကတည်းကတိုက်ပွဲဖြစ်နေတာ လက်ရှိအချိန်ထိ နှစ်ဖက်ရင်ဆိုင်တိုက်ပွဲဖြစ်နေဆဲပါ။” ဟု တပ်မဟာ(၇)၊ တပ်ရင်း (၇၀၃)၊ ကွန်မန်ဒိုတပ်ဖွဲ့ ၊တာဝန်ရှိသူကပြောသည်။

Public Service Announcement

Public Service Announcement

နိုဝင်ဘာ ၂၃ရက်တွင် အိမ်ခြေ ၂၀၀ ခန့်ရှိသည် စသိန်းရွာကို စစ်ကောင်စီတပ်က ရွာလုံးကျွတ်မီးရှို့ခဲ့ပြီးနောက် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များနှင့်ထိတွေ့တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

(စစ်​ကောင်စီတပ် မီးရှို့ခဲ့​သော ​ပေါက်မြု့နယ်ရှိ ​ကျေးရွာများနှင့် စစ်​ကောင်စီတပ်ကို သွား​ရောက်တိုက်ခိုက်​သော PDFတပ်မဟာ(၇)၊ တပ်ရင်း (၇၀၃) မှ တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-People' Spring)
(စစ်​ကောင်စီတပ် မီးရှို့ခဲ့​သော ​ပေါက်မြု့နယ်ရှိ ​ကျေးရွာများနှင့် စစ်​ကောင်စီတပ်ကို သွား​ရောက်တိုက်ခိုက်​သော PDFတပ်မဟာ(၇)၊ တပ်ရင်း (၇၀၃) မှ တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-People’ Spring)

နိုဝင်ဘာ ၂၃ ရက် တိုက်ပွဲတွင် စစ်ကောင်စီဘက်ကအနည်းဆုံး ၆ဦးခန့်သေဆုံးခဲ့သည်ဟု ဒေသခံကာကွယ်ရေးတပ်များက​ပြောသည်။ သို့သော် စစ်​ကောင်စီတပ်​သေဆုံး ဒဏ်ရာရသူ စာရင်းအတိအကျကိုမူ မသိရသေးဟုလည်းတာဝန်ရှိသူကဆက်​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့