Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုမြို့နယ် ပျူရွာနှစ်ရွာမှ ပျူစောထီးများအားပါဆယ်မိုင်းပို့ တိုက်ခိုက်

မွန်းလွဲ ၁၂ နာရီ ၁၅မိနစ်ခန့်ကလည်း တည်သီး‌တောကျေးရွာအနောက်ဘက်ရှိ ညောင်ကိုင်းရွာမှ ပျူများထံ ပါဆယ်မိုင်းဖြင့် ထပ်မံဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ တစ်ဦးပြင်းထန်ဒဏ်ရာရရှိကာ သေဆုံးနိုင်ခြေရှိကြောင်း C&T SHWEBO အဖွဲ့က ထပ်မံအသိပေးသည်။

အသုံးပြုခဲ့သော ပါဆယ်မိုင်းများအား တွေ့ရစဥ်၊ ဓာတ်ပုံ- C&T SHWEBO
အသုံးပြုခဲ့သော ပါဆယ်မိုင်းများအား တွေ့ရစဥ်၊ ဓာတ်ပုံ- C&T SHWEBO

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ ပျူရွာနှစ်ရွာမှ ပျူစောထီးများထံ ပါဆယ်မိုင်းပို့ တိုက်ခိုက်ရာ အထိအခိုက်ရှိကြောင်း C&T SHWEBOအဖွဲ့က ထုတ်ပြန်သည်။

ယမန်နေ့(ဒီဇင်ဘာ ၁၉ ရက်) နံနက် ၇နာရီခန့်က ရွှေဘိုမြို့နယ်ရှိ ပျူကြီးစိုးရာ တည်သီးတောကျေးရွာမှ ပျူစောထီးများထံ ပါဆယ်မိုင်းပို့၍ အဝေးထိန်းစနစ်ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ တစ်ဦးသေဆုံးခဲ့ကြောင်း C&T SHWEBO အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မွန်းလွဲ ၁၂ နာရီ ၁၅မိနစ်ခန့်ကလည်း တည်သီး‌တောကျေးရွာအနောက်ဘက်ရှိ ညောင်ကိုင်းရွာမှ ပျူများထံ ပါဆယ်မိုင်းဖြင့် ထပ်မံဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ တစ်ဦးပြင်းထန်ဒဏ်ရာရရှိကာ သေဆုံးနိုင်ခြေရှိကြောင်း C&T SHWEBO အဖွဲ့က ထပ်မံအသိပေးသည်။

အဆိုပါ ပျူအား ဆေးကုသရန် ဆေးဆရာသွားပင့်ရာတွင် မလိုက်သဖြင့်သေနတ်ဖြင့်ခြိမ်းခြောက် ခေါ်ဆောင်‌သွားသည်ဟု C&T SHWEBO အဖွဲ့က ဆိုသည်။

Public Service Announcement

Public Service Announcement

ယင်းစစ်ဆင်ရေးကို C&T SHWEBO (LPDF)အဖွဲ့နှင့် တိုက်နယ်(၂) မဟာမိတ်ညီနောင်ရဲဘော်များက ‌ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းပြီး မဟာမိတ်ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ C&T SHWEBO အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

တည်သီးတောကျေးရွာသည် ပျူစောထီးကြီးစိုးရာ ရွာတစ်ရွာဖြစ်ပြီး စစ်ကောင်စီတပ်နှင့် ပူးပေါင်းကာ စစ်ကြောင်းထိုးဖျက်ဆီးသတ်ဖြတ်မှုများ ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်မှာ စစ်မှုထမ်းမဲနှိုက်ရာမှာ ရပ်ကွက်အုပ်ကြီးအပါအဝင် အာဏာပိုင်တွေနဲ့ မြို့မျက်နှာဖုံး ငွေကြေးချမ်းသာသူတွေရဲ့ သားသမီးတွေ ကင်းလွတ်ခွင့်ရနေကြောင်း အမျိုးသမီးပျူစောထီးတစ်ဦးဖြစ်သူ ရွှေမူမူအောင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်တပ်လက်အောက်ခံ ပျူစောထီး(ပြည်သူ့စစ်)တွေဟာ လက်နက်ကိုင် သောင်းကျန်းနေကြောင်း ၎င်းတို့ကို မွေးထုတ်ပေးနေတဲ့ သင်္ဃန်းဝတ်ပေါက်ကိုယ်​တော်ကိုယ်တိုင် ဝန်​ခံလိုက်ပါတယ်။