Connect with us

Hi, what are you looking for?

သတင်း

တောင်သာမြို့နယ်က ရွှေပန်းထိမ်ဆိုင် ဓားပြတိုက်ခံရပြီး ရွှေ ၁ပိသာကျာ်ပါသွား

ဓားပြတိုက်ခံရတဲ့ ရွှေပန်းထိမ်ဆိုင်ဟာ ဦးဆင့်ရွှေပန်းထိမ်ဖြစ်ပြီး တောင်သာမြို့နယ် ၊အမှတ် (၄) ရပ်ကွက် ၊ အရှေ့ဈေး တောင်ဘက်မှာရှိပါတယ်။

တောင်သာမြို့နယ်က ရွှေပန်းထိမ်ဆိုင် ဓားပြတိုက်ခံရပြီး ရွှေ ၁ပိသာကျာ်ပါသွား
တောင်သာမြို့နယ်က ရွှေပန်းထိမ်ဆိုင် ဓားပြတိုက်ခံရပြီး ရွှေ ၁ပိသာကျာ်ပါသွား

မန္တလေးတိုင်း ၊တောင်သာမြို့နယ်ထဲက ရွှေပန်းထိမ်ဆိုင် တစ်ဆိုင် မနေ့က နေ့ခင်းပိုင်း ၂ နာရီဝန်းကျင် ဓားပြတိုက်ခံရပြီး ရွှေ ၁ ပိသာကျော်ပါသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီကသိရပါတယ်။

ဓားပြတိုက်ခံရတဲ့ ရွှေပန်းထိမ်ဆိုင်ဟာ ဦးဆင့်ရွှေပန်းထိမ်ဖြစ်ပြီး တောင်သာမြို့နယ် ၊အမှတ် (၄) ရပ်ကွက် ၊ အရှေ့ဈေး တောင်ဘက်မှာရှိပါတယ်။

နေ့ခင်း ၂ နာရီဝန်းကျင်မှာ နှာခေါင်းစည်းတပ်ထားတဲ့ လူ ၄ဦး ရောက်လာပြီး ပစ္စတိုသေနတ် နဲ့ခြိမ်းခြောက်ကာ ဓားပြတိုက်သွားတာလို့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ထံကသိရပါတယ်။

ဆိုင်ဝန်ထမ်းတွေကို သေနတ်နဲ့ ချိန် ၊ဝမ်းလျားမှောက်ခိုင်းပြီး မှန်ကောင်တာရိုက်ခွဲ ကာ ရွှေထည်ပစ္စည်း ၁ ပိသာကျော်ကို လုယူသွားတာလို့ စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ထံက စုံစမ်းသိရပါတယ်။

Public Service Announcement

Public Service Announcement

မနေ့ မနက်ပိုင်းကလည်း မန္တလေး ပြည်ကြီးတံခွန်မြို့နယ်ထဲမှာ ရွှေဆိုင်ခင်းဖို့ နေအိမ်ကနေ ထွက်လာတဲ့ မောသစ် ရွှေဆိုင်ပိုင်ရှင် ဟာအိမ်ရှေ့မှာတင် ဓားပြတိုက်ခံရပါသေးတယ်။

တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီရဲ့ ထုတ်ပြန်ချက်မှာတော့ တောင်သာမြို့မှာ ဓားပြတိုက်မှုမဖြစ်ခင် ညပိုင်းက မြင်းခြံ ပျုစောထီးခေါင်းဆောင်အမျိုးသမီးပါတဲ့ ပျုအင်အား ၂၀ ခန့်တောင်သာမြို့ပေါ်ကိုရောက်နေတယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့လယ်မှာ အာဏာသိမ်းစစ်တပ် တပ်စွဲထားရာနေရာအနီးက နေအိမ်တစ်အိမ် ဓါးပြတိုက်ခံရပြီး ရွှေတွေနဲ့ ငွေသားတွေ ပါသွားကြောင်း Voice Of Mandalay အဖွဲ့က ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ဒီကနေ့ စက်တင်ဘာ ၁၂ရက် မနက်ပိုင်းက ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရပြီး ဝင်ရောက်ဖမ်းဆီးသူ သေနတ်နဲ့ပစ်ခတ်ခံရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့ပေါ်နဲ့ တောင်သာမြို့နယ်တွေမှာ အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းခေါ်ဆောင်ဖို့ လူငယ်တွေကို အဓမ္မပေါ်တာဆွဲဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ် ၊မော်လမြိုင်မြို့၊ မရမ်းကုန်းရပ်ကွက်၊ ကမ်းနားလမ်းရှိ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်ကို မနေ့ (သြဂုတ် ၂၈ ရက် ) မနက်ပိုင်းမှာ အမျိုးသား သုံးဦးက သေနတ်ပြပြီး ဓားပြတိုက်သွားတယ်လို့မြို့ခံအချို့ဆီကသိရပါတယ်။

Facebook