Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တောင်သာမြို့နယ်တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ရှင်းလင်းခံရ၊ လက်လုပ် သေနတ်တစ်လက် သိမ်းဆည်းရမိဟုဆို

ပြီးခဲ့သည့် ဇူလိုင်၃၀ ရက်ကလည်း တောင်သာမြို့နေ စစ်ကောင်စီသတင်းပေး ပေါက်စီဆိုသူအား PDF(တောင်သာ)အဖွဲ့က ဆိုင်ကယ်ဖြင့် လိုက်လံပစ်ခတ်ရာ ဘယ်ဘက်လက်ပြင် သေနတ်တစ်ချက်ထိမှန်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ သေးသည်။

ရှင်းလင်းခံရသည့် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးထံမှ သိမ်းဆည်းရမိသည့် လက်လုပ်သေနတ်၊ ဓာတ်ပုံ-NRDF
ရှင်းလင်းခံရသည့် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးထံမှ သိမ်းဆည်းရမိသည့် လက်လုပ်သေနတ်၊ ဓာတ်ပုံ-NRDF

တောင်သာမြို့နယ်၊ နန်းမြင့်ကျေးရွာရှိ စစ်ကောင်စီခန့်ကျေးရွာအုပ်ချု​ပ်ရေးမှူး အား ယနေ့ မွန်းလွဲပိုင်းက ၎င်းနေအိမ်အတွင်း၌ ဝင်ရောက်ပစ်ခတ်ရှင်းလင်း ခဲ့ကြောင်း Natogyi Regional Defence အဖွဲ့က သတင်းထုတ်ပြန်သည်။

ယနေ့(သြဂုတ်လ၂ရက်) မွန်းလွဲ ၂နာရီခန့်က တောင်သာမြို့နယ်၊ နန်းမြင့် ကျေးရွာရှိ အကြမ်းဖက် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးကျော်သိန်းဆိုသူအား ၎င်း၏နေအိမ်သို့ ဝင်ရောက်ရှင်းလင်းခဲ့ကြောင်း၊ ဦးကျော်သိန်းထံမှ ပွိုင့် 22 ကျည် ထည့်ပစ်ရသည့် လက်လုပ်သေနတ်တစ်လတ် သိမ်းဆည်းရမိခဲ့ကြောင်း Natogyi Regional Defence Force-NRDFက အသိပေးသည်။

ရှင်းလင်းခံရသူ ဦးကျော်သိန်းသည် PDFများ၏ လှုပ်ရှားမှုများကို ထောက်လှမ်း ခြင်း၊ ကျေးရွာနေ ပြည်သူလူထုအား သေနတ်ဖြင့် အနိုင်ကျင့်ဗိုလ်ကျခြင်း၊ မီတာခများ အတင်းအဓမ္မကောက်ခံ ခြင်းများ ပြုလုပ်နေခဲ့ကြောင်း Natogyi Regional Defence Force-NRDFက အသိပေးသည်။

Public Service Announcement
Public Service Announcement

၎င်းအုပ်ချုပ်ရေးမှူးအား အကြိမ်ကြိမ်သတိပေးခဲ့သော်လည်း လိုက်နာခြင်း မရှိသောကြောင့် TTAပြောက်ကျားတပ်(တောင်သာ)၊ မြေလတ်PDFနှင့် Seven People Defense Foece အဖွဲ့တို့နှင့် ပူးပေါင်း၍ ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း Natogyi Regional Defence Force-NRDFအဖွဲ့က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဖြစ်စဥ်နှင့်ပတ်သက်ပြီး Natogyi Regional Defence Force-NRDFအဖွဲ့ထံ ဆက်သွယ် မေးမြန်း ထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ထိခိုက်သေဆုံးမှု အခြေအနေနှင့်ပတ်သက်၍ People’s Springက သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

တောင်သာမြို့နယ်အတွင်း စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများနှင့် Non CDM ဝန်ထမ်းများ အမြန်ဆုံးနှုတ်ထွက်ကြရန် နောက်ဆုံးအကြိမ် ထပ်မံသတိပေး လိုက်ကြောင်း Natogyi Regional Defence Force-NRDFအဖွဲ့က အသိပေးကြေညာသည်။

ပြီးခဲ့သည့် ဇူလိုင်၃၀ ရက်ကလည်း တောင်သာမြို့နေ စစ်ကောင်စီသတင်းပေး ပေါက်စီဆိုသူအား PDF(တောင်သာ)အဖွဲ့က ဆိုင်ကယ်ဖြင့် လိုက်လံပစ်ခတ်ရာ ဘယ်ဘက်လက်ပြင် သေနတ်တစ်ချက်ထိမှန်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ သေးသည်။

ဆက်စပ်သတင်းများ

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။