Connect with us

Hi, what are you looking for?

သတင်း

သပိတ်ကျင်းတွင် စစ်ကောင်စီတပ် ယာဥ်တစ်စီးကို မိုင်းခွဲတိုက်ခိုက်၊ သုံးဦးထိခိုက်ဟုဆို

ယနေ့နံနက်တွင်လည်း စစ်ကောင်စီတပ်က အင်အား ၂၀ကျော်ဖြင့် ဆယ်ဇင်းကုန်းကျေးရွာထိပ်လမ်းပိုင်းတွင် ယာဥ်အသွားအလာများအား စစ်ဆေးကာ ဖမ်းဆီး၊ ငွေကောက်ခံမှုများလုပ်ဆောင်နေသည် အထက်ပါရဲဘော်က ရှင်းပြ သည်။

(စစ်ကောင်စီတပ်အားတိုက်ခိုက်ရန် ယမန်နေ့က စောင့်ဆိုင်းနေသည့် ကြာညှပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၊ ဓာတ်ပုံ - ပေးပို့)
(စစ်ကောင်စီတပ်အားတိုက်ခိုက်ရန် ယမန်နေ့က စောင့်ဆိုင်းနေသည့် ကြာညှပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၊ ဓာတ်ပုံ - ပေးပို့)

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် မင်းကုန်းရွာနှင့် ဆယ်ဇင်းကုန်းကျေးရွာကြားတွင် စစ်ကောင်စီတပ်သားများလိုက်ပါလာသည့် လိုက်ထရပ်ယာဥ်တစ်စီးကို မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သပိတ်ကျင်းအခြေစိုက် ကြာညှပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

ယမန်နေ့(ဒီဇင်ဘာ ၂၀)ညနေ ၆ နာရီခန့်က စစ်ကောင်စီတပ်သား ၁၀ဦးခန့်လိုက်ပါလာသည့် လိုက်ထရပ်ယာဥ်အား မင်းကုန်းရွာနှင့် ဆယ်ဇင်းကုန်းကျေးရွာကြားတွင် အဝေးထိန်းမိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

အဆိုပါ စစ်ကောင်စီတပ်သားများလိုက်ပါလာသည့်ယာဥ်အား တိုက်ခိုက်မှုကို ကြားညှပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် လျှပ်စစ်ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်း၍ မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

Public Service Announcement
Public Service Announcement

“ဒီမနက်(ဒီဇင်ဘာ ၂၁) တော့သုံးကောင်လောက် ထိတယ်လို့ ကြားရပါတယ်။ အတိအကျတော့ မသိရသေးပါဘူး”ဟု ကြားညှပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တော် လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ယနေ့နံနက်တွင်လည်း စစ်ကောင်စီတပ်က အင်အား ၂၀ကျော်ဖြင့် ဆယ်ဇင်းကုန်းကျေးရွာထိပ်လမ်းပိုင်းတွင် ယာဥ်အသွားအလာများအား စစ်ဆေးကာ ဖမ်းဆီး၊ ငွေကောက်ခံမှုများလုပ်ဆောင်နေသည် အထက်ပါရဲဘော်က ရှင်းပြ သည်။

အလားတူ သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာအနီး မန္တလေး-ဗန်းမော်လမ်းပိုင်း၌ စစ်ကောင်စီတပ်မှ အင်အား ၅၀ကျော်ဖြင့် ခရီးသွားယာဥ်များအား ဖမ်းဆီး၊ ငွေကောက်ခံကာ စစ်ဆေးမှုများရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ်၊တွင်းငယ်ရွာမှာ စစ်တပ်ကစစ်မှုထမ်းသင်တန်းကျောင်း ဖွင့်ဖို့ပြင်ဆင်နေပြီး လူငယ် တွေကို ပေါ်တာဆွဲဖမ်းဆီးမှုတွေပိုလုပ်နေတယ်လို့ ဒေသခံနဲ့စစ်ရေးသတင်းအရင်းမြစ်တချို့ကပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook