Connect with us

Hi, what are you looking for?

သတင်း

ကော့ကရိတ်တွင် စစ်ကောင်စီတပ်က လေကြောင်းကင်းထောက်ခြင်းနှင့် လက်နက်ကြီးပစ်ခတ်မှုဆက်လုပ်နေ

တစ်ပတ်ကျော်ကြာမြင့်ခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းမှ အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးပစ်ကူများ၊တင့်ကားများ အသုံးပြုတိုက်ခိုက်လာကြောင်း ဒေသခံက ပြောသည်။

ပြီးခဲ့သည့်မတ်လအတွင်းက ကော့ကရိတ်နယ် တောနော်ရေတံခွန်အနီးတွင် ကုန်တင်ကားတစ်စီး မီးရှို့ခံထားရစဉ်၊ ဓာတ်ပုံ - CJ
ပြီးခဲ့သည့်မတ်လအတွင်းက ကော့ကရိတ်နယ် တောနော်ရေတံခွန်အနီးတွင် ကုန်တင်ကားတစ်စီး မီးရှို့ခံထားရစဉ်၊ ဓာတ်ပုံ - CJ

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်တွင် တိုက်ပွဲများ တစ်ပတ်ကျော်ကြာ ဆက်တိုက်ဖြစ်ပွားခဲ့ရာ ယနေ့ နံနက်တွင်လည်း စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း ဒေသခံက ပြောသည်။

ဒီဇင်ဘာ ၁၆ရက်တွင် ကော့ကရိတ်အခြေစိုက် စစ်ကောင်စီတပ်ကို ကရင်အမျိုးသားအစည်းအရုံး (KNU)ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ ယမန်နေ့အထိ မြေပြင်တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားကာ စစ်ကောင်စီတပ်က အရာရှိများအပါအဝင် သေဆုံးထိခိုက်များခဲ့သည်။

“ဒီနေ့တော့ ထိတွေ့မှု မရှိသေးဘူး။ မနက်ပိုင်းတော့တောက်လျှောက်လေယာဉ်ဝဲသေးတယ်။ နောက် သူတို့ဘက်က အလုံးကြီး (လက်နက်ကြီး) တွေ ပုံမှန်ပဲ လှမ်းထုနေတယ်။ အခုအချိန်ထိ လှမ်းထုနေတုန်းပဲ”ဟု ဒေသခံက ယနေ့ (ဒီဇင်ဘာ ၂၅ရက်)နံနက် ၁၁နာရီခွဲခန့်တွင် ပြောသည်။

Public Service Announcement
Public Service Announcement

တစ်ပတ်ကျော်ကြာမြင့်ခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းမှ အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးပစ်ကူများ၊တင့်ကားများ အသုံးပြုတိုက်ခိုက်လာကြောင်း ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့ တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ တင့်ကား နှစ်စီးကို တော်လှန်ရေးတပ်ဖွဲ့ဘက်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ တင့်ကားပျက်စီးမှုရှိခဲ့သည်ဟု ဆိုသည်။ ထို့ပြင် စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိခဲ့ကြောင်း ဒေသခံက ပြောသည်။

တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားများ သေဆုံးထိခိုက်မှု အချို့ရှိခဲ့ပြီး ကျွဲနှင့် နွားများအပါအဝင် အိမ်မွေးတိရိစ္ဆာန်များ သေဆုံးမှု၊ နေအိမ်ပျက်စီးမှုများ ရှိခဲ့သည်။ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည့် ကော့နွဲ့ကျေးရွာအပါအဝင် ဒေသတွင်းရှိ ကျေးရွာများမှ ပြည်သူများလည်း စစ်ဘေးတိမ်းရှောင်နေကြရသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းတွင်းမြစ်ကြောင်းအတိုင်းပြန်ပြီး စုန်ဆင်းလာတဲ့စစ်သင်္ဘောအုပ်စုက ဖောင်းပြင်မြို့နယ်၊သရောင်းစံပြကျေးရွာကို လက်နက်ကြီးနဲ့ရော လေကြောင်းကနေပါ ပစ်ခတ်လို့ ဒေသခံတွေရဲ့ နေအိမ်အချို့ ပျက်စီးပြီး အိမ် မွေးတိရိစ္ဆာန်အချို့ သေဆုံးခဲ့ပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ခြေလျင်တပ်ရင်း ခလရ(၂၅၆)တပ်ရင်း က လက်နက်ကြီးတွေ နေ့စဥ် ရမ်းသမ်းပစ်ခတ်နေလို့ ပြည်သူတွေ စိုးရိမ်ထိတ်လန့်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်ရဲ့ ခလရ(၂၅၆)တပ်ရင်းက လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ပြည်သူ ၂ ဦး သေဆုံးပြီး ကလေး ၁ဦးအပါအဝင် ပြည်သူ ၄ ဦး ဒဏ်ရာရခဲ့ပါတယ်။