Connect with us

Hi, what are you looking for?

သတင်း

မုံရွာ – မန္တလေးလမ်းတွင် လူနာတင်ယာဥ်ဖြင့်လိုက်ပါလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တိုက်ခိုက်

စစ်ကောင်စီဘက်က အထိနာ၍ ထိခိုက်ကျဆုံးမှုရှိနိုင်ပြီး ထပ်မံစုံစမ်းနေကြောင်း၊ ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း အထက်ပါ တာဝန်ခံက ပြောသည်။

(စစ်ဆင်ရေးတစ်ခုတွင်တွေ့ရသည့် People's Knight Defense Force Myinmu ရဲဘော်များအားတွေ့ရစဥ်)
(စစ်ဆင်ရေးတစ်ခုတွင်တွေ့ရသည့် People's Knight Defense Force Myinmu ရဲဘော်များအားတွေ့ရစဥ်)

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် လူနာတင်ယာဥ်အားအသုံးချကာ လိုက်ပါလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ရှေ့ထွက်ပြောင်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း People’s knight Defense Force Myinmu အဖွဲ့သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ပြောသည်။

ယမန်နေ့(ဒီဇင်ဘာ ၂၆ ရက်) ည ၉ နာရီ ၄၅ မိနစ်ခန့်က လူမှုကူညီရေးအသင်းယာဥ် အသုံးပြုကာ စစ်ကိုင်းဘက်မှ မုံရွာမြို့ဘက်သို့ထွက်ခွာလာသော စစ်ကောင်စီတပ်သားများအား ဝမ်းပြည့်ကျေးရွာနှင့် အလ္လကပ္ပကျေးရွာကြား၌ ညီနောင်မဟာမိတ်အဖွဲ့များက ရှေ့ထွက်ပြောင်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း PKDF-MMU အဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

မိုင်းစများသည် စစ်ကောင်စီကားကို ထိထိမိမိထိမှန်ခဲ့ပြီး ကားမှန်များကွဲထွက်သွားခဲ့သည်ဟု ၎င်းတာဝန်ခံက ဆိုသည်။

ထို့အပြင် စစ်ကောင်စီဘက်က အထိနာ၍ ထိခိုက်ကျဆုံးမှုရှိနိုင်ပြီး ထပ်မံစုံစမ်းနေကြောင်း၊ ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း အထက်ပါ တာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

“ကားတစ်စီးထဲပါ။ စစ်ကောင်စီတပ် လိုက်ပါလာတယ်ဆိုတာ အတည်ပြုလို့ရပါတယ်။ ကားအပြည့်ပဲပါလာတာကတော့။ ထိခိုက်မှုကတော့အတိကျမသိရသေးပါဘူး။”ဟု PKDF-MMU အဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို People’s knight Defense Force Myinmu နှင့်အတူ People’s Army To Fight DictatorShip(PAFD)၊ TAUNGTHA People Defense Force၊ D.B.B.F MMU၊ PAFD တပ်ခွဲ Dog Killers People Defense Force Myinmu(DKPDF)၊ စသည့် ညီနောင်မဟာမိတ်အဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။

ယမန်နေ့(ဒီဇင်ဘာ ၂၆ ရက်) နံနက် ၃ နာရီ ၁၅ မိနစ်ခန့်ကလည်း မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် စစ်ကိုင်းတပ်မ (၃၃) မှ မုံရွာမြို့သို့ ထွက်ခွာလာသည့် အင်အားအပြည့်ပါ စစ်ကောင်စီယာဥ် သုံးစီးကို People’s Knight Defense Force Myinmu အဖွဲ့က ဝမ်းပြည့်ရွာနှင့် အလ္လကပ္ပရွာကြား၌ ငါးတြိမ်တိုင်မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုန်မှာ တပ်စွဲထားတဲ့ စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ ၄ ဦး သေဆုံးကြောင်း မုံရွာခရိုင်တပ်ရင်းတွေက ထုတ်ပြန်ပါတယ်။

သတင်း

မုံရွာမြို့အ​ခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ရဲ့ပတ်ဝန်းကျင်က မြို့တွေမှာ စစ်ရေးတင်းမာနေပြီး စစ်‌တပ်က အရပ်သားတွေနဲ့ အိမ်ယာတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးနေတယ်လို့ ​ဒေသခံ နဲ့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေက​ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။