Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် စစ်ကောင်စီ ခြေလျင်စစ်ကြောင်းအား ပဒေသာမိုင်းများဖြင့် မိုင်းဆွဲ တိုက်ခိုက်

ယခုဒီဇင်ဘာလလယ်ပိုင်းကလည်း ညောင်ပင်ဝန်းရဲစခန်းရှိ စစ်ကောင်စီတပ်ကို ဒေသကကာကွယ်ရေးအဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

မုံရွာ - မန္တလေးလမ်း၌ သွားလာနေသော စစ်ကောင်စီယာဥ်တစ်စီးအား တွေ့ရစဥ်၊ ဓာတ်ပုံ-CJ
မုံရွာ - မန္တလေးလမ်း၌ သွားလာနေသော စစ်ကောင်စီယာဥ်တစ်စီးအား တွေ့ရစဥ်၊ ဓာတ်ပုံ-CJ

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းမကြီးပေါ် ညောင်ပင်ဝန်းစခန်းမှထွက်လာသည့် စစ်ကောင်စီ၏ ခြေလျင်စစ်ကြောင်းအား ပဒေသာမိုင်းများဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Moe Nyo Revolution Force (M.N.R.F)က သတင်းထုတ်ပြန်သည်။

ယမန်နေ့ (ဒီဇင်ဘာ ၂၁ရက်) ညနေ ၄နာရီခွဲခန့်က မုံရွာ – မန္တလေးလမ်းမကြီးပေါ်၊ စစ်ကိုင်းနှင့် မြင်းမူကြား ညောင်ပင်ဝန်းရဲစခန်းမှ ထီးဆောင်းကျေးရွာဘက်သို့ ထွက်လာသော စစ်ကောင်စီတပ်၏ အင်အား၃၀ခန့်ပါ ခြေလျင်စစ်ကြောင်းအား ပဒေသာမိုင်းများဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း M.N.R.Fက အသိပေးသည်။

မြင်းမူမြို့နယ် နပဲကြူးဇရပ်အနီးရှိ ထောင်ထားသည့်ပွိုင့်ရှေ့တွင် စစ်ကောင်စီစစ်ကြောင်း ရောက်ရှိချိန် ပဒေသာမိုင်း ၁၀လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ မြေပြင်အနေအထားအရ ပြန်လည်ပစ်ခတ်မှုများရှိသောကြောင့် ထိခိုက်မှုအခြေအနေကို စုံစမ်းနေဆဲဖြစ်ကြောင်း M.N.R.Fက ဆိုသည်။

အဆိုပါ စစ်ဆင်ရေးကို Moe Nyo Revolution Force M.N.R.F နှင့် PENTAGRAMငါးထောင့်ကြယ် ညီနောင်နှစ်ဖွဲ့က ပူးပေါင်းဆောင်ရွက်ခဲ့ပြီးအထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ M.N.R.Fအဖွဲ့ထံ ဆက်သွယ် မေး​မြန်းထားပြီးပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

ယခုဒီဇင်ဘာလလယ်ပိုင်းကလည်း ညောင်ပင်ဝန်းရဲစခန်းရှိ စစ်ကောင်စီတပ်ကို ဒေသကကာကွယ်ရေးအဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။