Connect with us

Hi, what are you looking for?

သတင်း

မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် စစ်ကောင်စီ ခြေလျင်စစ်ကြောင်းအား ပဒေသာမိုင်းများဖြင့် မိုင်းဆွဲ တိုက်ခိုက်

ယခုဒီဇင်ဘာလလယ်ပိုင်းကလည်း ညောင်ပင်ဝန်းရဲစခန်းရှိ စစ်ကောင်စီတပ်ကို ဒေသကကာကွယ်ရေးအဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

မုံရွာ - မန္တလေးလမ်း၌ သွားလာနေသော စစ်ကောင်စီယာဥ်တစ်စီးအား တွေ့ရစဥ်၊ ဓာတ်ပုံ-CJ
မုံရွာ - မန္တလေးလမ်း၌ သွားလာနေသော စစ်ကောင်စီယာဥ်တစ်စီးအား တွေ့ရစဥ်၊ ဓာတ်ပုံ-CJ

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းမကြီးပေါ် ညောင်ပင်ဝန်းစခန်းမှထွက်လာသည့် စစ်ကောင်စီ၏ ခြေလျင်စစ်ကြောင်းအား ပဒေသာမိုင်းများဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Moe Nyo Revolution Force (M.N.R.F)က သတင်းထုတ်ပြန်သည်။

ယမန်နေ့ (ဒီဇင်ဘာ ၂၁ရက်) ညနေ ၄နာရီခွဲခန့်က မုံရွာ – မန္တလေးလမ်းမကြီးပေါ်၊ စစ်ကိုင်းနှင့် မြင်းမူကြား ညောင်ပင်ဝန်းရဲစခန်းမှ ထီးဆောင်းကျေးရွာဘက်သို့ ထွက်လာသော စစ်ကောင်စီတပ်၏ အင်အား၃၀ခန့်ပါ ခြေလျင်စစ်ကြောင်းအား ပဒေသာမိုင်းများဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း M.N.R.Fက အသိပေးသည်။

မြင်းမူမြို့နယ် နပဲကြူးဇရပ်အနီးရှိ ထောင်ထားသည့်ပွိုင့်ရှေ့တွင် စစ်ကောင်စီစစ်ကြောင်း ရောက်ရှိချိန် ပဒေသာမိုင်း ၁၀လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ မြေပြင်အနေအထားအရ ပြန်လည်ပစ်ခတ်မှုများရှိသောကြောင့် ထိခိုက်မှုအခြေအနေကို စုံစမ်းနေဆဲဖြစ်ကြောင်း M.N.R.Fက ဆိုသည်။

အဆိုပါ စစ်ဆင်ရေးကို Moe Nyo Revolution Force M.N.R.F နှင့် PENTAGRAMငါးထောင့်ကြယ် ညီနောင်နှစ်ဖွဲ့က ပူးပေါင်းဆောင်ရွက်ခဲ့ပြီးအထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ဖြစ်စဥ်နှင့်ပတ်သက်၍ M.N.R.Fအဖွဲ့ထံ ဆက်သွယ် မေး​မြန်းထားပြီးပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

ယခုဒီဇင်ဘာလလယ်ပိုင်းကလည်း ညောင်ပင်ဝန်းရဲစခန်းရှိ စစ်ကောင်စီတပ်ကို ဒေသကကာကွယ်ရေးအဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ ရှစ်လေးလုံးသပိတ်ပြုလုပ်မှာစိုးရိမ်ပြီး စစ်တပ်က နေရာစုံစစ်ဆေးမှုတွေပြုလုပ်နေသလို PSMS နည်းပညာနဲ့ မြို့ပတ်လမ်းတွေမှာ ရှောင်တခင်စစ်ဆေးတာတွေလည်းပြုလုပ်နေတယ်လို့ မြို့ခံ တွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ အောင်ပင်လယ်မှာ ကနေတဲ့ အောင်ဇမ္ဗူဇာတ်ပွဲ ရာသီဥတု အခြေအနေကြောင့်ဆိုပြီး ဒီကနေ့ည ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရကြောင်း သတင်းရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ တက္ကစီမောင်းနေ​တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်