Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းနယ်တွင် ကျေးရွာမီးရှို့ပြီးပြန်ထွက်လာသော စစ်ကောင်စီစစ်ကြောင်းအား တိုက်ခိုက်

စစ်ကောင်စီတပ်သည် ယမန်နေ့နံနက်ပိုင်းကလည်း စစ်ကိုင်းမြို့နယ်၊ မြင်းဆည်ကျေးရွာ၊ သုံးလင့်ရွာ တို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ်အများအပြား မီးလောင်ဆုံးရှုံးခဲ့သည်။

(မြင်းဆည်ကျေးရွာအား မီးရှို့ဖျက်ဆီးနေစဥ်၊ဓာတ်ပုံ - CJ)
(မြင်းဆည်ကျေးရွာအား မီးရှို့ဖျက်ဆီးနေစဥ်၊ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ရှိ မြင်းဆည် ကျေးရွာအား မီးရှို့ဖျက်ဆီး ပြန်လာသည့် စစ်ကောင်စီစစ်ကြောင်းအား ပဒေသာမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးကြောင်း Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်။

ယမန်နေ့(ဒီဇင်ဘာ ၂၈ ရက်) ညနေ ၃ နာရီခွဲခန့်က စစ်ကိုင်းမြို့နယ်၊ မြင်းဆည်ကျေးရွာအား မီးရှို့ဖျက်ဆီး၍ ပြန်လာသော စစ်ကောင်စီတပ်ဖွဲ့အား ဘုရားယဉ်စေတီအနောက်ဘက် ချောင်းရိုးအနီးတွင် ပဒေသာမိုင်း သုံးလုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သ​ည်။

ထိုသို့ လျှပ်တပြတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုမှ နှစ်ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာ အများအပြားရရှိကြောင်း Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်။

“မီးရှို့ဖျက်ဆီးပြီးပြန်လာတဲ့ ခြေကျင်စစ်ကြောင်းကို အပြန်မှာချောင်းပြီးတော့ လမ်းပေါ်မှာမိုင်းတင်ပြီးတော့ဆွဲလိုက်တာ။သူတို့လာတဲ့ လမ်း လယ် ကွင်းထဲမှာ မိုင်းချပြီးတော့ဆွဲလိုက်တာ။ အင်အား ၄၃ယောက်ရှိတယ်။ နှစ်ကောင်သေတယ်။ ဒဏ်ရာရတာများတယ်။”ဟု ကိုသက်ကြီးက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ တိုက်ခိုက်မှုကို ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)နှင့် သရဲနီအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။

စစ်ကောင်စီတပ်သည် ယမန်နေ့နံနက်ပိုင်းကလည်း စစ်ကိုင်းမြို့နယ်၊ မြင်းဆည်ကျေးရွာ၊ သုံးလင့်ရွာ တို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ်အများအပြား မီးလောင်ဆုံးရှုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်တပ်က ရမ်းသမ်းပစ်ခတ်မှုကြောင့် မြေပဲနှုတ်နေတဲ့ တောင်သူ ၁ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

‎ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အစည်းအဝေး ကျင်းပပြီး အဖွဲ့ဝင်သစ်များအား အတည်ပြုလိုက်ကြောင်း SCEF က သတင်းထုတ်ပြန်ပါတယ်။

Facebook