Connect with us

Hi, what are you looking for?

သတင်း

ရွှေကျင်မြို့နယ်ကို စစ်ကောင်စီတပ် ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်၊ ဒေသခံများ ထွက်ပြေးတိမ်းရှောင်ရ

အဆိုပါပစ်ခတ်မှုတွင် ပြည်သူလူထုများ ထိခိုက်မှုမရှိသော်လည်း ထိတ်လန့်ကြောက်ရွံ့ပြီး အသက်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဖော်ပြထားသည်။

(အာဏာသိမ်းစစ်ကောင်စီတပ်မှ ကေအဲန်ယူ-ညောင်လေးပင်ခရိုင်၊ ဆောထိမြို့နယ်တွင် တိုက်ခိုက်ရေး ရဟတ်ယာဉ် လာရောက်ပစ်ခတ်ပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ - KNU)
(အာဏာသိမ်းစစ်ကောင်စီတပ်မှ ကေအဲန်ယူ-ညောင်လေးပင်ခရိုင်၊ ဆောထိမြို့နယ်တွင် တိုက်ခိုက်ရေး ရဟတ်ယာဉ် လာရောက်ပစ်ခတ်ပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ - KNU)

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေ ဆောထိ (ရွှေကျင်)မြို့နယ်ကို စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့်လာရောက်တိုက်ခိုက်ခဲ့ကြောင်း KNU ဗဟိုက ယနေ့ သတင်းထုတ်ပြန်သည်။

ယမန်နေ့ (ဇန်နဝါရီ ၇) နေ့လည် ၁နာရီခွဲအချိန်တွင် အာဏာသိမ်း စစ်ကောင်စီတပ်မှ တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် ဆောထိမြို့နယ်၊ ဘလောခိုကျေးရွာအုပ်စု၊ သစ်ခေါင်းကျေးရွာသို့ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

(အာဏာသိမ်းစစ်ကောင်စီတပ်မှ ကေအဲန်ယူ-ညောင်လေးပင်ခရိုင်၊ ဆောထိမြို့နယ်တွင် တိုက်ခိုက်ရေး ရဟတ်ယာဉ် လာရောက်ပစ်ခတ်ပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ - KNU)
(အာဏာသိမ်းစစ်ကောင်စီတပ်မှ ကေအဲန်ယူ-ညောင်လေးပင်ခရိုင်၊ ဆောထိမြို့နယ်တွင် တိုက်ခိုက်ရေး ရဟတ်ယာဉ် လာရောက်ပစ်ခတ်ပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ – KNU)

အဆိုပါပစ်ခတ်မှုတွင် ပြည်သူလူထုများ ထိခိုက်မှုမရှိသော်လည်း ထိတ်လန့်ကြောက်ရွံ့ပြီး အသက်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဖော်ပြထားသည်။

သစ်ခေါင်းကျေးရွာတွင် အိမ်ခြေစုစုပေါင်း ၃၂ လုံး လူဦးရေ ၁၈၀ကျော်သာရှိသည့် ရွာငယ်လေးဖြစ်သည်။

Public Service Announcement

Public Service Announcement

(အာဏာသိမ်းစစ်ကောင်စီတပ်မှ ကေအဲန်ယူ-ညောင်လေးပင်ခရိုင်၊ ဆောထိမြို့နယ်တွင် တိုက်ခိုက်ရေး ရဟတ်ယာဉ် လာရောက်ပစ်ခတ်ပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ - KNU)
(အာဏာသိမ်းစစ်ကောင်စီတပ်မှ ကေအဲန်ယူ-ညောင်လေးပင်ခရိုင်၊ ဆောထိမြို့နယ်တွင် တိုက်ခိုက်ရေး ရဟတ်ယာဉ် လာရောက်ပစ်ခတ်ပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ – KNU)

စစ်ကောင်စီတပ်သည် KNU နယ်မြေများ၌ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လေကြောင်းတိုက်ခိုက်မှုများ မကြာခဏ လုပ်ဆောင်လျက်ရှိသည်။

Public Service Announcement
Public Service Announcement

ဇန်နဝါရီ ၇ရက်ကလည်း KNU ဖာပွန်ခရိုင် တပ်မဟာ(၅)နယ်မြေ ဒေဘိုးနိုဒေသသို့ တိုက်လေယာဉ်ဖြင့် ဗုံးများလာရောက်ကြဲချတိုက်ခိုက်ခဲ့၍ ဒေသခံတစ်ဦး ဒဏ်ရာရပြီး နေအိမ်နှင့် ကားထိခိုက်ပျက်စီးမှုရှိခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်နိုင်ငံမှာ ရဟတ်ယာဉ် ၂ စီး လေထဲတိုက်မိလို့ လူ ၃ ဦး သေဆုံးသွားကြောင်း သိရပါတယ်။

သတင်း

တနိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA)အပေး လူထုရဲ့ ယုံကြည်ကိုးစားမှု လျော့နည်းကျဆင်းခဲ့ကြောင်း နေပြည်တော်မှာ ကျင်းပတဲ့ NCA စာချုပ်ချုပ်ဆိုမှု ၁၁နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုထံ ၃လစာငွေလွှဲပို့ထားသူတွေကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း ၅ခုပြန်ဖွင့်ပြီး လုပ်ပေးသွားမယ်လို့ စစ်အုပ်စုကထုတ်ပြန်ပါတယ် ။