Connect with us

Hi, what are you looking for?

သတင်း

ရွှေကျင်မြို့နယ်ကို စစ်ကောင်စီတပ် ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်၊ ဒေသခံများ ထွက်ပြေးတိမ်းရှောင်ရ

အဆိုပါပစ်ခတ်မှုတွင် ပြည်သူလူထုများ ထိခိုက်မှုမရှိသော်လည်း ထိတ်လန့်ကြောက်ရွံ့ပြီး အသက်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဖော်ပြထားသည်။

(အာဏာသိမ်းစစ်ကောင်စီတပ်မှ ကေအဲန်ယူ-ညောင်လေးပင်ခရိုင်၊ ဆောထိမြို့နယ်တွင် တိုက်ခိုက်ရေး ရဟတ်ယာဉ် လာရောက်ပစ်ခတ်ပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ - KNU)
(အာဏာသိမ်းစစ်ကောင်စီတပ်မှ ကေအဲန်ယူ-ညောင်လေးပင်ခရိုင်၊ ဆောထိမြို့နယ်တွင် တိုက်ခိုက်ရေး ရဟတ်ယာဉ် လာရောက်ပစ်ခတ်ပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ - KNU)

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေ ဆောထိ (ရွှေကျင်)မြို့နယ်ကို စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့်လာရောက်တိုက်ခိုက်ခဲ့ကြောင်း KNU ဗဟိုက ယနေ့ သတင်းထုတ်ပြန်သည်။

ယမန်နေ့ (ဇန်နဝါရီ ၇) နေ့လည် ၁နာရီခွဲအချိန်တွင် အာဏာသိမ်း စစ်ကောင်စီတပ်မှ တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် ဆောထိမြို့နယ်၊ ဘလောခိုကျေးရွာအုပ်စု၊ သစ်ခေါင်းကျေးရွာသို့ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

(အာဏာသိမ်းစစ်ကောင်စီတပ်မှ ကေအဲန်ယူ-ညောင်လေးပင်ခရိုင်၊ ဆောထိမြို့နယ်တွင် တိုက်ခိုက်ရေး ရဟတ်ယာဉ် လာရောက်ပစ်ခတ်ပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ - KNU)
(အာဏာသိမ်းစစ်ကောင်စီတပ်မှ ကေအဲန်ယူ-ညောင်လေးပင်ခရိုင်၊ ဆောထိမြို့နယ်တွင် တိုက်ခိုက်ရေး ရဟတ်ယာဉ် လာရောက်ပစ်ခတ်ပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ – KNU)

အဆိုပါပစ်ခတ်မှုတွင် ပြည်သူလူထုများ ထိခိုက်မှုမရှိသော်လည်း ထိတ်လန့်ကြောက်ရွံ့ပြီး အသက်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဖော်ပြထားသည်။

သစ်ခေါင်းကျေးရွာတွင် အိမ်ခြေစုစုပေါင်း ၃၂ လုံး လူဦးရေ ၁၈၀ကျော်သာရှိသည့် ရွာငယ်လေးဖြစ်သည်။

Public Service Announcement

Public Service Announcement

(အာဏာသိမ်းစစ်ကောင်စီတပ်မှ ကေအဲန်ယူ-ညောင်လေးပင်ခရိုင်၊ ဆောထိမြို့နယ်တွင် တိုက်ခိုက်ရေး ရဟတ်ယာဉ် လာရောက်ပစ်ခတ်ပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ - KNU)
(အာဏာသိမ်းစစ်ကောင်စီတပ်မှ ကေအဲန်ယူ-ညောင်လေးပင်ခရိုင်၊ ဆောထိမြို့နယ်တွင် တိုက်ခိုက်ရေး ရဟတ်ယာဉ် လာရောက်ပစ်ခတ်ပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ – KNU)

စစ်ကောင်စီတပ်သည် KNU နယ်မြေများ၌ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လေကြောင်းတိုက်ခိုက်မှုများ မကြာခဏ လုပ်ဆောင်လျက်ရှိသည်။

Public Service Announcement
Public Service Announcement

ဇန်နဝါရီ ၇ရက်ကလည်း KNU ဖာပွန်ခရိုင် တပ်မဟာ(၅)နယ်မြေ ဒေဘိုးနိုဒေသသို့ တိုက်လေယာဉ်ဖြင့် ဗုံးများလာရောက်ကြဲချတိုက်ခိုက်ခဲ့၍ ဒေသခံတစ်ဦး ဒဏ်ရာရပြီး နေအိမ်နှင့် ကားထိခိုက်ပျက်စီးမှုရှိခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် စစ်တပ် ရဟတ်ယာဉ်ကို ပစ်ချခဲ့ကြောင်း စွပ်စွဲပြီး အီရန်ကို အမေရိကန်က စစ်ရေးအရ လက်တုံ့ပြန် တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်နိုင်ငံ ကမ်းလွန်က ဟောမုဇ်ရေလက်ကြားနားမှာ အမေရိကန် စစ်တပ်ရဲ့ တိုက်ခိုက်ရေး ရဟတ်ယာဉ်တစ်စီး ပျက်ကျခဲ့ကြောင်း သမ္မတ ဒေါ်နယ်လ်ထရမ့်က အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

လေ့ကျင့်ပျံသန်းရင်း ဗြိတိန် တော်ဝင်ရေတပ် ရဟတ်ယာဉ် ပျက်ကျခဲ့တာကြောင့် ၃ ဦး သေဆုံးခဲ့ပါတယ်။