Connect with us

Hi, what are you looking for?

သတင်း

CNF ဌာနချုပ် လေကြောင်းတိုက်ခိုက်ခံရမှု CNA ရဲဘော် ငါးဦးကျဆုံး၊ ဒဏ်ရာရသူ ၁၀ဦးခန့်ရှိ

ယခုလေကြောင်း တိုက်ခိုက်ခံရမှု ဖြစ်စဉ်နှင့်ပတ် သက်ပြီး CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီထံသို့ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

ဓာတ်ပုံ - The Chin Journal၊ CJ
ဓာတ်ပုံ - The Chin Journal၊ CJ

▪️စစ်ကောင်စီ မိုက်ရိုင်းလေလေ စစ်ရေးအရှိန် ပိုမြှင့်လေလေဖြစ်မည်ဟု ချင်းတပ်ဖွဲ့တာဝန်ရှိသူပြော

ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော်(CNF/CNA) ဌာနချုပ်အား စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ CNA၏ အမျိုးသမီးရဲဘော် နှစ်ဦးအပါအဝင် ရဲဘော် ငါးဦးကျဆုံးခဲ့ကြောင်း ချင်းတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

CNF ဌာနချုပ်နှင့် ချင်းတပ်ပေါင်းစု ချင်းပြည် ကာကွယ်ရေးပူးပေါင်းကော်မတီ(CJDC)ဌာနချုပ် တည်ရှိရာ ချင်းပြည်နယ် ထန်တလန်မြို့နယ်ကို စစ်ကောင်စီက ဇန်နဝါရီ ၁၀ရက် ညနေပိုင်း၌ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“CNA ရဲဘော် ၅ဦး ကျတယ်။ ရဲမေ ၂ဦး ပါတာပေါ့။ ထိခိုက်ဒဏ်ရာကတော့ ဆယ်ဂဏန်းရှိတယ် ပြောတယ်။ နေအိမ်တွေပျက်စီးကုန်တယ်”ဟု ချင်းတပ်ဖွဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်အနေဖြင့် မြေပြင်တိုက်ပွဲများ၌ အထိနာ၍ လေကြောင်းမှ တိုက်ခိုက်လာခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

“စစ်ကောင်စီက မြေပြင်မှာ အင်အားချင်းမယှဉ်နိုင်လို့ လေကြောင်းကို အားကိုးနေတာလို့ပဲ ပြောချင်တယ်။ ကျနော်တို့ ချင်းလူမျိုးတွေ အတွက် ဘယ်တော့မှ မေ့ပစ်မသွားမယ့် ဖြစ်ရပ်။ ဒါကြောင့် သူက မိုက်ရိုင်းလေလေ ကျနော်တို့ကတော့ စစ်ရေး အရှိန်ပိုမြှင့်လေလေပဲဖြစ်မှာပါ”ဟု ချင်းတပ်ဖွဲ့တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယခုလေကြောင်း တိုက်ခိုက်ခံရမှု ဖြစ်စဉ်နှင့်ပတ် သက်ပြီး CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီထံသို့ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း နောင်ပုလုကျေးရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ဦးအပါအ၀င် ၄ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရတယ်လို့ စုံစမ်းသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုကျေးရွာတရားစခန်း လေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသူ ၁ဦးထပ်တိုးပြီး သေဆုံးသူ စုစုပေါင်း ၁၆ ဦးအထိ ရှိလာကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းကာကွယ်ရေးတပ် - အရှို (CDF-Asho) တပ်ဦးချုပ်နဲ့ တပ်ဖွဲ့ဝင်တွေ ကျဆုံးမှုအပေါ် ဝမ်းနည်းကြောင်း ချင်းတော်လှန်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး(CNF)က ဩဂုတ် ၂၂ရက်မှာ ထုတ်ပြန်ခဲ့ပြီး ကျန်ရစ်သူမိသားစုဝင်များ၊ CDF-အရှိုနဲ့တကွ တော်လှန်ရေးရဲဘော်ရဲဘက်များ အားလုံးနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်း ဖော်ပြပါတယ်။

သတင်း

အရပ်သားသေဆုံးမှု မြင့်တက်နေတဲ့အပေါ် အာရုံစိုက်ဖို့နဲ့ ကာကွယ်ပေးဖို့ နိုင်ငံတကာကို HDCO တိုက်တွန်း

Facebook